ကလော-လွိုင်ကော် ရထားလမ်း
![]() လွိုင်ကော်ဘူတာအား မြင်တွေ့ရစဉ် | |
အထွေထွေအချက်အလက်များ | |
---|---|
ပိုင်ဆိုင်သူ | မြန်မာ့မီးရထား |
ဒေသ | အောင်ပန်းဘူတာ - လွိုင်ကော်ဘူတာ |
တည်ထောင်ခြင်း | |
လည်ပတ်မှုစတင် | ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့ |
နည်းပညာအချက်အလက် | |
ပတ်လမ်းအရှည် | ၁၀၂.၂ မီတာ |
သံလမ်းအကျယ် | ၁၀၀၀ mm (3 ft 3 3⁄8 in) |
ကလော-လွိုင်ကော် ရထားလမ်း သည် ၁၀၀၀ mm (3 ft 3 3⁄8 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ကလောမြို့ မှ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့အား ဆက်သွယ်ထားသော ရထားလမ်းဖြစ်သည်။ အောင်ပန်းဘူတာမှ ပင်လောင်းမြို့ နှင့် လွိုင်ကော်မြို့များသို့ ချိတ်ဆက် ဖောက်လုပ်ထားခြင်းဖြစ်ကာ ရထားလမ်းသည် ၁၀၂ မီတာ ရှည်လျားသည်။ ယင်းရထားလမ်း၏ ထူးခြားချက်မှာ ပြည်နယ်နှစ်ခုကို ဆက်စပ်ဖောက်လုပ်ထားခြင်းဖြစ်သောကြောင့် ထိုစဥ်က ရှမ်းနှင့်ကယားပြည်နယ်ပြည်ထောင်စုရထားလမ်းဟူ၍ အမည်ပေးခဲ့သည်။ ဘူတာကြီးများမှာ ကလောဘူတာ ၊ ပင်လောင်းဘူတာ နှင့် လွိုင်ကော်ဘူတာတို့ဖြစ်သည်။ [၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အောင်ပန်း-ပင်လောင်းလမ်းပိုင်းသည် ရထားလမ်း၏ ပထမဆုံးလမ်းပိုင်းဖြစ်ကာ သာစည်-ရွှေညောင်လမ်းပိုင်းမှ အောင်ပန်းမြို့နှင့် ပင်လောင်းမြို့တို့ကို ချိတ်ဆက်ဖောက်လုပ်ထားသည်။ ရထားလမ်းပိုင်း အရှည် ၄၈.၅၈မိုင်၊ တံတား ၁၃၉စင်း၊ အများဆုံးကွေ့ဒီဂရီ ၁၇ဒီဂရီနှင့် အများဆုံးဆင်ခြေလျှော ၁:၂၅ ရှိကာ စုစုပေါင်း ကျပ် ၂၀၀.၁၅သန်း ကုန်ကျခဲ့သည်။
ထို့နောက် ဒုတိယလမ်းပိုင်းဖြစ်သော ပင်လောင်း - လွိုင်ကော်လမ်းပိုင်းသည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့မှ ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်ကာ ရထားလမ်းအရှည် ၅၄.၃၄မိုင်ရှိသည်။ စုစုပေါင်း ကုန်ကျငွေ ကျပ် ၄၀၀.၆၉သန်းကုန်ကျခဲ့သည်။
လမ်းပိုင်းအသီးသီး၏ တည်ဆောင်ရေးလုပ်ငန်းများကို ၁၉၉၁ခုနှစ် စက်တင်ဘာလ ၁ရက်နေ့တွင် စတင်ခဲ့ပြီး အောင်ပန်း - ပင်လောင်း လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့တွင်လည်းကောင်း ၊ ပင်လောင်း - လွိုင်ကော်လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင်လည်းကောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဦးဝင်စိန်မှ အသီးသီး ဖွင့်လှစ်ခဲ့သည်။
တောင်ငူ နှင့် ပျဉ်းမနားမြို့များမှ လွိုင်ကော်မြို့သို့ ပင်လောင်းမြို့မှ တစ်ဆင့် တိုက်ရိုက်ရထားလမ်းသစ် ချိတ်ဆက်ဖောက်လုပ်ရန်လျာထားကာ ဆင်သေရထားလမ်းခွဲမှ တောင်ခြေအထိ လမ်းအူကြောင်း ဖောက်လုပ်ပြီး ဖြစ်သည်။
ဘူတာများ
[ပြင်ဆင်ရန်]- (1) ကလောမြို့ ၃၆၉
- (18) အောင်ပန်း ၃၇၆ (ရထားလမ်းဆုံ) ရပ်စောက်မြို့နှင့် မိုးနဲမြို့သို့
- (19) နန်းတွမ် ၃၈၀
- (20) အင်းဝ ၃၈၄ ၁/၂
- (21) ဘော်နင်းကုန်း ၃၈၉
- (22) နန်းတိုင်း ၃၉၁ ၁/၂
- (23) ဆောင်းဘွဲ့ -
- (24) သီရိ ၃၉၇
- (25) နောင်ပွဲ -
- (26) တီကျစ် ၃၉၈ ၁/၂
- (27) လှည်းကုန်း -
- (28) ဘုရားမဲ ၄၀၀
- (29) သံတဲ ၄၀၄
- (30) နောင်တရာ ၄၁၀ ၁/၂
- (31) ဉာဏ်ပင် ၄၁၂ ၁/၄
- (32) တကူမှို့ ၄၁၃ ၁/၂
- (33) ထီယွန်း ၄၁၅
- (34) သစ်ပင်ကြီး ၄၁၆ ၃/၄
- (35) ဆောင်းဆီး ၄၁၈
- (36) ပင်လောင်းဈေး -
- (37) ပင်လောင်းမြို့ ၄၂၄ ၁/၂
- (38) ဝါးလီ ၄၂၈ ၁/၂
- (39) ပင်ခွံ ၄၃၀ ၃/၄
- (40) နန်းထာ -
- (41) ဆောင်းပြောင်း ၄၃၉ ၃/၄
- (42) ကရား ၄၄၅ ၁/၂
- (43) မယ်ဇလန် ၄၄၈ ၁/၄
- (44) ကသည်း ၄၅၃
- (45) ဖယ်ခုံ ၄၅၅ ၃/၄
- (46) ခေါင်မှိုင်း ၄၆၃ ၁/၂
- (47) မိုးဗြဲ ၄၆၇ ၁/၂
- (48) ဝါးလီဆူပလိုင်း -
- (49) ဝိသဲသူ ၄၇၀
- (50) နန်းမယ်ခုံ ၄၇၃ ၁/၄
- (51) လွိုင်ကော်မြို့ ၄၇၈