ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း

ဝီကီပီးဒီးယား မှ
ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း
Overview
ဒေသရန်ကုန်မြို့, မြန်မာနိုင်ငံ
ပို့ဆောင်ရေးအမျိုးအစားRapid transit
လမ်းကြောင်းအရေအတွက်1 (စီစဉ်ထား)
ဘူတာရုံပေါင်း၁၃[၁]
တည်ထောင်ခြင်း
Operation will start၂၀၂၇[၂]
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၁၈ km (၁၁.၂ mi)
လမ်းကြောင်းစံအတိုင်းအတာ၁၀၀၀ mm (3 ft 3 38 in)

ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း ( အင်္ဂလိပ် : Yangon Urban Mass Rapid Transit , YUMRT ) သည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်အတွက် အဆိုပြုထားသော မိုးပျံအမြန်ရထားစနစ် တစ်ခုဖြစ်သည်။ ကနဦးလမ်းကြောင်းသည် ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုးပျံရထားစနစ် ဖြစ်လာမည်ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ၂ဝ၁၅ ခုနှစ်တွင် ကနဦးအဆိုပြုချက်တစ်ရပ်အရ ရန်ကုန်မြို့ရှိ မြေအောက်ရထားလမ်းနှစ်လိုင်းအား အမြန်ရထားလိုင်းကွန်ရက် ဖော်ဆောင်နိုင်ရေး မျှော်မှန်းထားသည်။ [၃] ၂၀၁၉ ခုနှစ် ဧပြီလတွင် JICA သည် အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန သို့ အကူအညီများ ပေးအပ်မည်ဟု ကြေညာခဲ့ပြီးနောက် ယခု စီမံကိန်းများ ပါဝင်ကြောင်း အတည်ပြုခဲ့သည်။ [၄]

ရထားလိုင်းများ[ပြင်ဆင်ရန်]

လှိုင်သာယာ-ပါရမီ ရန်ကုန်မိုးပျံရထားလမ်း သည် ၁၈ ကီလိုမီတာ (၁၁.၂ မိုင်) ရှည်လျားမည်ဖြစ်ကာ လှိုင်သာယာဘူတာ မှ ပါရမီဘူတာအထိ ပြေးဆွဲသွားမည်ဖြစ်သည်။[၅] အဆိုပြုထားသည့်လိုင်းသည် လှိုင်သာယာဘူတာမှစတင်ကာ ဘုရင့်နောင်တံတား တောင်ဘက် လှိုင်မြစ်ကို ဖြတ်ကာ ပါရမီလမ်းတစ်လျှောက် ဥက္ကံဘူတာ အထိလည်းကောင်း ထိုမှတစ်ဆင့် တိုးကြောင်းကလေး ဘူတာ အထိရောက်ရှိမည်ဖြစ်သည်။ [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar to start Yangon sky train project in 2020 (6 August 2019)။ 14 January 2020 တွင် ပြန်စစ်ပြီး။
  2. Mayangone residents oppose transit project (14 January 2020)။ 14 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 January 2020 တွင် ပြန်စစ်ပြီး။
  3. proposes underground railway in Yangon (11 August 2015)။ 14 January 2020 တွင် ပြန်စစ်ပြီး။
  4. Yangon's mass rapid transit to receive Japan aid (30 April 2019)။ 1 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 January 2020 တွင် ပြန်စစ်ပြီး။
  5. Myanmar to start Yangon sky train project in 2020 (5 August 2019)။ August 5, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 January 2020 တွင် ပြန်စစ်ပြီး။
  6. Myanmar to start Yangon sky train project in 2020 (in en-US) (2019-08-06)။ 2020-06-14 တွင် ပြန်စစ်ပြီး။