မာတိကာသို့ ခုန်သွားရန်

ပခုက္ကူ-ကလေး ရထားလမ်း

ဝီကီပီးဒီးယား မှ
ပခုက္ကူ-ကလေး ရထား
ပုံညာတောင်ဥမင်နှင့် ကျော-ရေမျက်နီ လမ်းပိုင်း ဖွင့်ပွဲအား ၂၀၀၇ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့ထုတ် သတင်းစာတွေ မြင်တွေ့ရစဉ်
Overview
ဒေသပခုက္ကူဘူတာ - ကလေးဘူတာ
လမ်းကြောင်းအရေအတွက်
တည်ထောင်ခြင်း
လည်ပတ်မှုစတင်၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့
လည်ပတ်မှုပြီးဆုံး၂၀၁၀ ဇူလိုင်လ ၅ ရက်နေ့
စီမံခန့်ခွဲသူမြန်မာ့မီးရထား
နည်းပညာအချက်အလက်
လမ်းကြောင်းစံအတိုင်းအတာ၁၀၀၀ mm (3 ft 3 38 in)

ပခုက္ကူ-ကလေး ရထားလမ်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာ့မီးရထားမှ ပြေးဆွဲခဲ့သော မီးရထားလမ်းပိုင်းဖြစ်သည်။ အဆိုပါရထားလမ်းပိုင်းသည် ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ပခုက္ကူမြို့နှင့် မြိုင်မြို့ဂန့်ဂေါမြို့ကလေးမြို့ စသည့်မြို့များကို ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်သည်။ ခရီးမိုင်ပေါင်း ၂၄၀.၄၇ မိုင် နှင့် သံလမ်းမိုင်: ၂၇၄.၀၄ မိုင် ရှိကာ ဘူတာစုစုပေါင်: ၆၅ ခု ရှိသည်။

ပခုက္ကူ-ကလေး ရထားလမ်းအား ၂၀၁၄ခုနှစ်တွင် မြင်တွေ့ရစဉ်

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၉၀ ပြည့်လွန်နှစ်များတွင် အစိုးရမှ ရထားလမ်း တိုးချဲ့ရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ပခုက္ကူမြို့မှ ကလေးမြို့အထိ လမ်းပိုင်းအသစ် လည်းပါဝင်သည်။ ကီလိုမီတာ ၃၀၀ ကျော် ရှည်လျားပြီး ရထားလမ်းအသစ်ဖောက်လုပ်တွင် အရှည်ဆုံး လမ်းပိုင်းဖြစ်သည်။ပုံညာတောင် အရှေ့ဖက်ရှိ လမ်းပိုင်းများကို ၁၉၉၄ နှင့် ၁၉၉၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး နှစ်နှစ်အကြာတွင် ကျောသို့ ရောက်ရှိခဲ့သည်။ ပုံညာတောင် အနောက်ဖက်ရှိ လမ်းပိုင်းအပိုင်းများကို ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရေမျက်နီသို့ ရောက်ရှိခဲ့သည်။ [၁]

ပုံညာတောင် အရှေ့ဖက်ရှိ ကျောရွာနှင့် အနောက်ဖက်ရှိ ရေမျက်နီရွာ တို့ကို ဆက်သွယ်ရန် ရှည်လမ်းသော တောင်ပေါ်လမ်း အစား ပုံညာတောင်ကို အရှေ့မှ အနောက်သို့ အတည့် ဖြတ်ထွက်သည့် ရထားဥမင်ကို ဖောက်လုပ်ရန် စီစဉ်ခဲ့သည်။ တောင်ပေါ်လမ်းသည် ၆၀ ကီလိုမီတာခန့် ရှိပြီး ပုံညာတောင် ဥမင်သည် ၁.၇ ကီလိုမီတာသာ ရှိသည်။ ထို့ကြောင့် ပုံညာတောင်အား ဖြတ်သန်းဖောက်လုပ်ရန် ၁.၇ ကီလိုမီတာကျော်ရှိသည့် ပုံညာတောင်ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အရှည်ဆုံး ဥမင်လိုဏ်ခေါင်း ဖြစ်လာခဲ့သည်။

ပုံညာတောင်ဥမင်၏ အရှေကဖက် ဝင်ပေါက်နှင့် အတွင်းပိုင်း (၅၀) မီတာ၊ အနောက်ဖက် ဝင်ပေါက်နှင့် အတွင်းပိုင်း (၃၀) မီတာခန့်ကို ၁၉၉၆-၉၇ တွင် မြန်မာ့မီးရထားနှင့် မြန်မာ့ သတ္တုတွင်း အင်ဂျင်နီယာအဖွဲ့ R.E.D.E. အဖွဲ့တို့ ပူးပေါင်း၍ တူးဖေါ်ခဲ့ကြသည်။ [၂]

ဥမင်လိုဏ်ခေါင်းကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကျော နှင့် ရေမျက်နီကြား လမ်းပိုင်းတည်ဆောက်မှုဖြင့် ပခုက္ကူ-ကလေးလမ်းပိုင်း တည်ဆောက်ပြီးစီးခဲ့သည်။ နယ်စပ်ရှိ တမူးမြို့ မှတစ်ဆင့် အိန္ဒိယသို့ လမ်းပိုင်းတိုးချဲ့ရန် အစီအစဉ်များ လျာထားခဲ့သည်။ အဆိုပါ လမ်းပိုင်းဖြင့် မြန်မာ့မီးရထားကွန်ရက်ကို အိန္ဒိယမီးရထားကွန်ရက်မှတစ်ဆင့် တူရကီ၊ အီရန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် မလေးရှားတို့မှ တစ်ဆင့် စင်ကာပူသို့ ဖြတ်သွားသော ရထားလမ်းပိုင်းများဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။

လမ်းပိုင်းဖွင့်လှစ်ပြီး သုံးနှစ်ခွဲအကြာတွင် မိုးသည်းထန်ပြီး ဂီရိမုန်တိုင်းကျရောက်ချိန်တွင် ရထားလမ်းပိုင်းအတွင်း မြေသား နိမ့်ကျခြင်း၊ မြေပြိုခြင်းများကြောင့် ဂန့်ဂေါမြို့နယ် ကျော-ရေမျက်နီ လမ်းပိုင်းများ ပျက်စီးခဲ့ကာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က စတင် ဖွင့်လှစ် ပြေးဆွဲခဲ့သော ရထားခရီးစဉ်အား ၂၀၁၀ ဇူလိုင် ၅ ရက်နေ့မှစ၍ ပိတ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဂန့်ဂေါ - ဟံသာဝတီ(ချင်း) နှင့် ပခုက္ကူ - ကျော လမ်းပိုင်းမျာတွင်သာ အစုန်အဆန် ပြေးဆွဲနိုင်ခဲ့သည်။ ပုံညာတောင် ဥမင်အနီးတွင် ငလျင် ပြတ်ရွေ့ကြောများ ရှိခြင်း၊ ပြင်ဆင်ရန် ကုန်ကျစရိတ် များပြားခြင်းတို့ကြောင့် ဂန့်ဂေါမြို့နယ် ကျော-ရေမျက်နီ လမ်းပိုင်းအားပြင်ဆင်ပြေးဆွဲရန် အစီအစဉ် မရှိကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးမှ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။ [၃]

ဘူတာရုံများ[ပြင်ဆင်ရန်]

ပခုက္ကူ - ကလေး ရထားလမ်း

  • (1) အောက်အို ၄၅၇ ရထားလမ်းခွဲ  မင်းရွာ ၄၅၅/၂၃
  • (3) မအူ 460 1/2
  • (4) ဝါယာ 76-Ywa 462
  • (5) ရေစကြိုမြို့ 467
  • (6) တောင်အို 471 1/2
  • (7) ပခန်းကြီး 474 3/4
  • (8) စည်သာ ၄၇၇ ၁/၂
  • (9) ကျောက်လှေခါး၄၈၂
  • (10) ပန်းတိုင်းခြုံ ၄၈၄
  • (11) ကြီးရွာ ၄၈၆
  • (12) ပခုက္ကူမြို့ ၄၈၉ ရထားလမ်းခွဲ ရွှေတန့်တစ် (၁၃)
  • (14) ဖုန်းကန် ၄၉၂ ၁/၄
  • (15) ကျောက်ဖူး ၄၉၉ ၁/၄
  • (16) ဝါးကန် ၅၀၂ ၁/၂
  • (17) ပိုက်သင် ၅၀၇
  • (18) ဒေါင်အို ၅၁၃ ၃/၄
  • (19) မြိုင်မြို့ ၅၁၆ ၁/၅
  • (20) မြို့စိုး ၅၂၃ ၁/၂
  • (21) တောင်ရိုး ၅၂၆ ၃/၄
  • (22) တဲကြီး ၅၃၀ ၁/၄
  • (23) ကန်သစ် ၅၃၃
  • (24) ဖလန်ကိုင်း ၅၃၆ ၃/၄
  • (25) သစ်ကြီးတော ၅၃၉ ၁/၄
  • (26) ဝန်တင် ၅၄၄ ၁/၂
  • (27) ဓာတ်တော် ၅၄၇
  • (28) ညောင်ရင်း ၅၄၉ ၁/၄
  • (29) ဇီးပြား ၅၅၁
  • (30) မင်းကိုင်း ၅၅၃
  • (31) ခေါင်းပေါင်း ၅၆၀
  • (32) ကျောက်မဆင် ၅၆၂/၂၁
  • (33) ကျောသာ ၅၆၅ ၁/၂
  • (34) သရက်ချဉ်လွန်ထိုး ၅၇၀ ၁/၂
  • (35) ဝါးပင်  ၅၇၆ ၁/၄
  • (36) ကြက်ရိုး ၅၇၈ ၁/၂
  • (37) ဇံမွှေး ၅၈၀ ၁/၂
  • (38) ကျော ၅၈၂ ၁/၂

ပုံညာတောင်ဥမင်လိုဏ်ခေါင်း

  • (39) ရေမျက်နီ ၅၉၅ ၃/၄
  • (40) ညောင်လယ် ၅၉၉
  • (41) ကောင်းတုံ ၆၀၃
  • (42) မဲ ၆၀၇ ၃/၄
  • (43) လယ်မ ၆၁၂ ၃/၄
  • (44) ပြည့်ဝ ၆၁၄ ၃/၄
  • (45) ဂန့်ဂေါ ၆၁၈ ၁/၄
  • (46) လာပို့ ၆၂၃
  • (47) မြင်းဇာ ၆၂၇
  • (48) လက်ပံ ၆၃၂
  • (49) ကန် ၆၃၉ ၁/၄
  • (50) မွေ့လယ် ၆၄၄ ၃/၄
  • (51) ရဲလှ -
  • (52) နှမ်းခါး ၆၅၀ ၁/၂
  • (53) တောင်ခင်ရမ်း ၆၅၅ ၁/၄
  • (54) မြောက်ခင်ရမ်း ၆၅၈ ၁/၂
  • (55) ကုက္ကား -
  • (56) ဟံသာဝတီ (ချင်း) ၆၆၃ ၁/၄
  • (57) မှန်တော ၆၆၈ ၃/၄
  • (58) ဆည်တော ၆၇၄ ၁/၄
  • (59) ဆည်းဟောင်း ၆၇၈ ၁/၄
  • (60) သံဘို ၆၈၀ ၁/၂
  • (61) ဟဲလုပ် ၆၈၃ ၃/၄
  • (62) နတ်ချောင်း ၆၈၇ ၃/၄
  • (63) ထောက်ကြန့် ၆၉၃ ၁/၂
  • (64) ထိုမာ ၆၉၅ ၁/၂
  • (65) သာစည်လေး ၆၉၇ ၁/၂
  • (66) ကလေးမြို့ ၇၀၁ ၁/၂

ကိုးကား[ပြင်ဆင်ရန်]

  1. Railway lines in Western Myanmar
  2. Ponnya Taung Railways Tunnel Project။ 31 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2023 တွင် ပြန်စစ်ပြီး။
  3. ဂန့်ဂေါ ပုံညာတောင် ဥမင်အနီးတွင် ငလျင် ပြတ်ရွေ့ကြောရှိသဖြင့် ရထား မပြေးတော့ခြင်းဖြစ် | ဆင်ဟွာသတင်းဌာန