မာတိကာသို့ ခုန်သွားရန်

ကလော-ရပ်စောက် ရထားလမ်း

ဝီကီပီးဒီးယား မှ
ကလော-ရပ်စောက် ရထားလမ်း
ကလော ဘူတာအား မြင်တွေ့ရစဉ်
အထွေထွေအချက်အလက်များ
ပိုင်ဆိုင်သူမြန်မာ့မီးရထား
ဒေသကလောဘူတာ - ရပ်စောက်ဘူတာ
ဘူတာရုံပေါင်း၁၆
တည်ထောင်ခြင်း
လည်ပတ်မှုစတင်၁၉၉၁ခုနှစ် မတ်လ ၂၇ရက်နေ့
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၃၇.၂ မီတာ
သံလမ်းအကျယ်၁၀၀၀ mm (3 ft 3 38 in)

ကလော-ရပ်စောက် မီးရထားလမ်း သည် ၁၀၀၀ mm (3 ft 3 38 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ရွှေညောင်မြို့ မှ တစ်ဆင့် ရပ်စောက်မြို့များသို့ ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ ရထားလမ်း အရှည်သည် ၃၇.၅ မိုင်။ အများဆုံးကွေ့ဒီဂရီ ၁၂ဒီဂရီ၊ အများဆုံး ဆင်ခြေလျှော ၁:၄၀ ရှိသည်။ []

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၃၆ ခုနှစ်တွင် ရွှေညောင်မှ သီပေါအထိ (မန္တလေးမှ လားရှိုးလမ်း) လမ်းပိုင်းနှင့် ချိတ်ဆက်ဖောက်လုပ်ရန် ဗြိတိသျှတို့မှ စီစဉ်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ဖြစ်ပေါ်လာ၍ အကောင်အထည်မဖော်ခဲ့ပေ။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် နဝတ အစိုးရသည် ရထားလမ်းအသစ်များကို တိုးချဲ့ဖောက်လုပ်ရန် ခဲ့သည်။ ယင်းတစ်စိတ်တစ်ပိုင်းအနေဖြင့် ရွှေညောင်မှ ရပ်စောက်အထိ ရထားလမ်းပိုင်းအသစ် ဖောက်လုပ်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့ ၁၉၉၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ []

ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို မြန်မာ့မီးရထားဝန်ထမ်း၊ ဗထူးမြို့တိုက်ခိုက်ရေးကျောင်း၊ စစ်ဦးစီးတက္ကသိုလ် အကြပ်သင်တန်းကျောင်း၊ ခလရ(၉၄)၊ ထောက်ပို့(၂၂)နှင့် တိုင်းဗဟို(၃)တို့၏ ကြီးကြပ်မှုဖြင့် စခန်း(၆)ခုခွဲ၍ ၁၉၉၀ခုနှစ် ဇွန်လ ၅ရက်မှ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းပိုင်းအတွက် ကျပ် ၆၄၀သိန်း ကုန်ကျခဲ့သည်။ []

ဘူတာများ

[ပြင်ဆင်ရန်]
  • (1) ကလောမြို့ ၃၆၉
  • (18) အောင်ပန်း ၃၇၆ (ရထားလမ်းဆုံ) လွိုင်ကော်သို့ ၄၇၈
  • (52) ကန်းနား ၃၈၄ ၃/၄
  • (53) ဟဲဟိုးမြို့ ၃၉၂ ၃/၄ Spiral railroad
  • (54) ရွှေညောင် ၄၀၄ (ရထားလမ်းဆုံ) မိုးနဲသို့
  • (55) ဟတ်တယ်၄၀၇ ၁/၄
  • (56) တောင်နီ ၄၁၀ ၁/၂
  • (57) ရေပူ -
  • (58) ကွန်းလုံ ၄၁၈ ၃/၄
  • (59) ဘန်းကန် -
  • (60) ထီးကန် ၄၂၂ ၃/၄
  • (61) ပင်ပြစ် ၄၂၆ ၁/၄
  • (62) ရတနာပုံ ၄၃၀ ၁/၄
  • (63) ညောင်သုံးပင် -
  • (64) ရေဖြူ ၄၃၅ ၁/၄
  • (65) ရပ်ဆောင်မြို့ ၄၄၁ ၁/၂

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ Railway lines in Eastern Myanmar
  2. မြန်မာ့မီးရထား (၁၉၉၄). "ပြုပြင်တည်ဆောက်မှုမှတ်တမ်း အမှတ်(၁)" (in မြန်မာဘာသာ): ၇၁.