ကလော-သာစည် ရထားလမ်း

ဝီကီပီးဒီးယား မှ
ကလော-သာစည် ရထားလမ်း
မြင်းဒိုက်ဘူတာအား မြင်တွေ့ရစဉ်
Overview
ပိုင်ဆိုင်သူမြန်မာ့မီးရထား
ဒေသသာစည်ဘူတာ - ကလောဘူတာ
တည်ထောင်ခြင်း
လည်ပတ်မှုစတင်၁၉၂၁ ခုနှစ် မေလ ၂ ရက်နေ့
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၆၃.၁ မီတာ
လမ်းကြောင်းစံအတိုင်းအတာ၁၀၀၀ mm (3 ft 3 38 in)

ကလော-သာစည် မီးရထားလမ်း သည် ၁၀၀၀ mm (3 ft 3 38 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ရထားလမ်းဆုံမြို့ သာစည်ဘူတာမှ ကလောဘူတာအထိဖြစ်သည်။ ရှမ်းမြောက်ရထားလမ်း ပြီးလျှင် ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော ဒုတိယမြောက် ရှမ်းပြည်နယ် ရထားလမ်းဖြစ်သည်။ [၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗြိတိသျှတို့၏ ပထမရည်ရွယ်ချက်မှာ သာစည်မှ တောင်ပေါ်မြို့ ကလောမြို့ကို ရထားလမ်းဖြင့် ချိတ်ဆက်ရန် ဖြစ်သည်။ သာစည်-ရွှေညောင်လမ်းကို ဖောက်လုပ်ရန်အတွက် အစိုးရမှ ၁၉၀၉ခုနှစ်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ မီးရထားကုမ္ပဏီ သို့ငှားရမ်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ ဒေသခံရန်ပုံငွေဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

သာစည်မှ တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၁၂ခုနှစ်တွင် စတင်ခဲ့ပြီး ဖောက်လုပ်နေစဉ် ပထမကမ္ဘာစစ် ဖြစ်ပွားလာ၍ တူရကီ သုံ့ပန်းများကို တာဝန်ပေး အသုံးပြုခဲ့ကြသည်။ ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကလောမြို့သို့ ရောက်ရှိခဲ့သည်။ ပင်လယ်ပြင်မျက်နှာပြင်အထက် ၁၄၀၆ မီတာရှိ ကလောမြို့ကို တောင်ပေါ်လမ်းမှ ဖောက်လုပ်ရသည်ဖြစ်၍ လွန်းထိုးလေးခု နှင့် ဥမင်များ ဖြင့်တွင် တည်ဆောက်ခဲ့သည်။ အဆိုပါ ဥမင်လှိုင်ခေါင်းသည် ၁၉၁၃ခုနှစ်တွင်ပြီးစီးခဲ့သည်။

မန္တလေး-လာရှိုးလမ်းပိုင်း နည်းတူ တောင်ပေါ်လမ်းဖြစ်ကာ တောင်စောင်း ၊ တောင်စွယ် ၊ တောင်ခါးပန်းများကို ခဲရာခဲဆစ် ဖြတ်ထွင်၍ ဖောက်လုပ်ရခြင်းဖြစ်သဖြင့် ခရီးတွင်ကျယ်မှု မရှိလှသည့်အပြင် ကုန်ကျစရိတ်များ ကြီးမားလှပြီး စုစုပေါင်း ရူးပီငွေ ကျပ် ၁၅သန်းကျော် (တမိုင်လျှင် ရူးပီးငွေကျပ် ၂၁၀,၀၀၀) ကုန်ကျခဲ့သည်။ ထိုစဉ်က သာစည်မှ မိုင်၇၀ခန့်ရှိသော အောင်ပန်းသို့ ရထားလမ်းပြီးစီးသွားသော အခါ အစိုးရမှ ရထားများ ပြေးဆွဲခုတ်မောင်းရန်အတွက် မြန်မာနိုင်ငံ မီးရထားကုမ္ပဏီ သို့လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် အောင်ပန်းမှ ၁၇မိုင်ရှိသော ဟဲဟိုးသို့ လည်းကောင်း ၊ ဟဲဟိုးမှ ၁၁မိုင်ရှိသော ရွှေညောင်သို့လည်းကောင်း ဆက်လက်ဖောက်လုပ်ခဲ့သည်။

ကလောမှ ရွေညောင်သို့ ၁၉၂၁ခုနှစ်တွင် ဆက်လက်ဖောက်လုပ်ခဲ့ကာ ၁၉၂၁ ခုနှစ် မေလ ၂ ရက်နေ့တွင် ရွှေညောင်သို့ရောက်ရှိခဲ့သည်။ ဟဲဟိုးနှင့် ရွှေညောင်ကြား မိုင်တိုင်အမှတ် (၃၇၉/၇-၈)ရှိ ဘဝသံသရာတံတား မှာ ကျော်ကြားသည်။[၂]

ဘူတာများ[ပြင်ဆင်ရန်]

  • (1) ကလောမြို့ ၃၆၉
  • (2) မြင်းဒိုက် ၃၆၁
  • (3) ဆင်တောင် ၃၅၇ ၁/၄
  • (4) ခွေးရပ် ၃၅၂
  • (5) ပထမလွန်းထိုး ၃၄၇
  • (6) လယ်ပြင် ၃၄၃ ၃/၄
  • (7) ရေပူ ၃၄၁ ၁/၂
  • (8) ပြည်ညောင် ၃၃၄ ၃/၄
  • (9) ယင်းမာပင် ၃၂၉
  • (10) ဘုရားငါးဆူ ၃၁၉ 1/4 Spur Line to the quarry
  • (11) လှိုင်းတက် ၃၁၄ ၃/၄
  • (12) သာစည်မြို့ ၃၀၆ (ရထားလမ်းဆုံ) မန္တလေးနှင့် ပျဉ်းမနားသို့

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Railway lines in Eastern Myanmar
  2. နှစ်တရာပြည့် မီးရထား ၊ အကုန်အကျများခဲ့သော တောင်ပေါ်လမ်းများ ၊ စာ-၃၇,၃၈ ၊ ၁၉၇၇