လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)

ဝီကီပီးဒီးယား မှ

လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)သည် ဒီဇယ်စက်ခေါင်း၊ လူစီးတွဲနှင့် ကုန်တွဲများ မွမ်းမံထိန်းသိမ်းနိုင်ရန် အတွက် မြန်မာ့ မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဖွင့်လှစ်ထားသော စက်ရုံကြီး ၃ ရုံအနက်မှ တစ်ခုဖြစ်သည်။ လူစီးတွဲနှင့် ကုန်တွဲများ အကြီးတန်းပြင်ဆင်ရန်နှင့် လူစီးတွဲနှင့် ကုန်တွဲများအတွက် လိုအပ်သော အရန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပြည်တွင်းတွင် မထုတ်လုပ်နိုင်သော အရန်ပစ္စည်းများ နိုင်ငံခြားမှ မှာယူခြင်း၊ သိုလှောင်ခြင်းနှင့် နယ်တွဲပြင်ရုံများသို့ ပစ္စည်းများ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့သော စက်ရုံဖြစ်သည်။ လူစီးတွဲနှင့်ကုန်တွဲများ တည်ဆောက်ရာ၌ နေရာအခက်အခဲရှိလာမှုကြောင့် ၁၉၇၀ခုနှစ်တွင် ပင်မစက်ရုံကြီး၏ မြောက်ဘက်တွင် စက်ရုံအသစ်ကို တည်ဆောက်ခဲ့ရာ ၁၉၇၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။[၁]

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သည် မန္တလေးတိုင်းဒေသကြီးမြစ်ငယ်မြို့၊ ရန်ကုန်-မန္တလေးရထားလမ်းမကြီးအနီးတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ ၃၇၇.၂၅ မိုင် (၆၀၇.၃ရ ကီလိုမီတာ) အကွာနှင့် မန္တလေးမြို့မှ ၈ မိုင် (၁၃ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ လူနေအိမ်အပါအဝင် စက်ရုံနယ်နိမိတ်မှာ ၇၈၃ ဧက ရှိသည်။[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

အကိုးအကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)။ မြန်မာ့ မီးရထား။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။