ပထမဗညားရံ

ဝီကီပီးဒီးယား မှ

နောင်တော် ဗညားဓမ္မရာဇာ အားအနိုင်ယူပြီးလျှင် ဗညားရံ ကမဂဒူးမင်းဆက်၏ ၁၁ ဆက်မင်းအဖြစ် ဟံသာ၀တီနန်းကို စိုးစံသည်။ မြန်မာ့သမိုင်းတွင် နုတ်ရေးဖြင့် စစ်ပွဲများကို အောင်မြင်အောင် စွမ်းဆောင်နိုင်သူအဖြစ် အလွန်ကြော်ကြားသည်။ ၎င်းလက်ဆက်တွင် အင်း၀မှ ကလေးတောင်ညိုမင်းမိုးညှင်းသတိုးအစရှိသည့် အင်း၀မင်းများနှင့် စစ်ဆက်ခင်းခဲ့သည်။နန်းသက် ၁၉ နှစ်တွင် နတ်ရွာစံသည်။နတ်ရွာစံလျှင် တူတော်သူ ဗညားဗရူး(ရှင်စောပု၏သားတော်)ထီးနန်းဆက်ခံသည်။