ဇိတ်ပွန်

ဝီကီပီးဒီးယား မှ

ဇိတ်ပွန်သည် စောဇိတ်အား သတ်ဖြတ်ကာ မုတ္တမနန်းကို သိမ်းပိုက်သည်။ သို့သော် မင်းမျိုးမင်းနွယ်မဟုတ်ပဲ တစ်ပါးမင်းဖြစ်သည့်အတွက် အများကမကြည်ဖြူပေ။ ၇ ရက်အရောက်တွင် မိဖုရားစန္ဒာမင်းလှက ဦးဆောင်ကာ မှူးမတ်၊ဗိုလ်ပါများနှင့် နန်းတွင်းသို့အခစားဝင်ဟန်ပြုပြီး ဇိတ်ပွန်ကိုသတ်ဖြတ်နန်းချကြသည်။ နောက် ပဲခူးတွင် သံခြေချင်းဖြင့်ထားသည့် စောအဲကံကောင်းကို ခေါ်ကာ မုတ္တမနန်းကိုအပ်သည်။