တာကီစတန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တာကီစတန်၏ မြေပုံ

တာကီစတန်ဟူသော အမည်သည်အာရှအလယ်ဗဟိုဒေသ ကိုခေါ်သော အမည်ဖြစ်သည်။ ရှေးခေတ်က ထိုဒေသတွင် တူရကီလူမျိုးတို့ နေထိုင်ခဲ့ဘူးသည်ကို အစွဲပြု၍ တာကီစတန် ဟု ခေါ်ကြခြင်း ဖြစ်သည်။ ထိုဒေသ၏တည်နေဟန်ကား မြောက်သို့လားသော် ဆိုက်ဘေးရီးယားဒေသ၊ တောင်သို့လားသော် အီရန်၊ အာဖဂနစ္စတန်နှင့် တိဗက်နိုင်ငံများ၊ အနောက်သို့လား သော် ကက်စပီယန်ပင်လယ်၊ အရှေ့သို့လားသော် မွန်ဂိုလီယန် သဲကန္တာရဟူ၍ ဖြစ်သည်။ စင်စစ်အားဖြင့် တာကီစတန်ဒေသကို နယ်နိမိတ်ခြားနားသတ်မှတ်၍ မဖြစ်နိုင်ချေ။ ပထဝီဝင်သဘော အရ သတ်မှတ်သော ဒေသမျှသာဖြစ်ရာ၊ အနောက်ဘက်တွင် ထိုဒေသသည် ဆိုဗီယက်ရုရှနိုင်ငံ၏ နယ်နိမိတ်ထဲတွင် ကျ ရောက်နေ၍၊ အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်နိ မိတ်ထဲတွင် ကျရောက်နေသည်။ တောင်ဘက်၌ပင်လျှင် အာဖဂနိစတန်နိုင်ငံ၏ နယ်နိမိတ်ထဲတွင် တပိုင်းတစ ကျ ရောက်နေသေး၏။ ထိုဒေသသည် အာရှအလယ်ဗဟိုတွင် တောင်တန်းကြီးများ ဝန်းရံနေသော ပေ ၁ဝဝဝဝ ခန့်မြင့်သည့် ကုန်းမြေဒေသဖြစ်လေသည်။ ရှေးပဝေသဏီက တာကီစတန်သည် ဥရောပတိုက်နှင့် အာရှ တိုက်အရှေ့ပိုင်းကို ဆက်သွယ်ပေးသော ပြည်တစ်ပြည်ဖြစ်ခဲ့ဘူး ၏။ ထိုစဉ်က ရှေးဟောင်းကုန်သွယ်လမ်းများသည် တာကီ စတန်မှတစ်ဆင့်ဖြတ်၍ သွားကြသည်။ ကျောက်မျက်ရတနာ များ၊ ပိုးထည်များ၊ သစ်ကြံပိုး၊ ဖာလာ၊ ကရဝေး စသော အမွှေးအကြိုင် ဟင်းခတ်ပစ္စည်းများစသည့် ကုန်စည်တို့သည် အရှေ့နိုင်ငံများမှ အနောက်နိုင်ငံများသို့ တာကီစတန်မှတစ်ဆင့် ရောက်ကြရသည်။ မာကိုပိုလိုဟု အမည်တွင်သော ခရီးသည် ကြီးသည် တရုတ်ပြည်သို့ သွားရာတွင် တာကီစတန်မှတစ်ဆင့် ရောက်ကြရသည်။ မာကိုပိုလိုဟု အမည်တွင်သော ခရီးသည် ကြီးသည် တရုတ်ပြည်သို့သွား ရာတွင် တာကီစတန်ကိုဖြတ်၍ သွားခဲ့သည်။ ထိုပြင်လည်း အိန္ဒိယပြည်မှ တရုတ်ပြည်သို့ ဗုဒ္ဓ သာသနာပြန့်ပွား သည်မှာလည်း တာကီစတန်ပြည်မှတစ်ဆင့် ပြန့်ပွားခြင်းပင်ဖြစ်၏။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ပင်လျှင်၊ ဆိုဗီယက်ရုရှနိုင်ငံမှ လက်နက်တို့ကို တရုတ်နိုင်ငံသို့ ပို့ရာဝယ် တာကီစတန်ကို ဖြတ်ပို့ခဲ့ရသည်။ တာကီစတန်ကို ရုရှနိုင်ငံထဲရှိ အနောက် တာကီစတန်၊ တရုတ်နိုင်ငံထဲရှိ အရှေ့တာကီစတန်နှင့် အာဖဂတနိစတန်နိုင်ငံ ထဲရှိ အာဖဂန်တာကီစတန်ဟူ၍ သုံးပိုင်းပိုင်းခြားနိုင်လေသည်။ အနောက် တာကီစတန်သည် ကက်စပျန်ပင်လယ်မှ တိယင်ရှန် တောင်တန်းအထိ တည်ရှိသည်။ ထိုဒေသတွင် ကာဇက်၊ တာ့ခ မင်၊ ဥဇဗက်၊ ကိယာဂစ်၊ တားဇစ်စသော ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံများ ပါဝင်ကြသည်။ ထိုဒေသ၏ မြေမျက်နှာပြင် သည် အတန်ငယ်ပျံ့ပျူးသည်။ အနောက်နှင့် မြောက်ဘက်တို့ တွင် သဲမြေရှိသည်။ အရှေ့တောင်ဘက်၌ကား တောင်တန်းများ ရှိကြသည်။ မြစ်တို့သည် တောင်တန်းများမှနေ၍ ထိုဒေသ၏ အတွင်းသို့ စီးဝင်ပြီးလျှင်၊ သဲကန္တရထဲတွင် ပျောက်ကွယ်သွား စမြဲဖြစ်၏။ ထိုဒေသ၌နေထိုင်ကြသောလူမျိုးတို့သည် မွတ်စလင် များ ဖြစ်ကြသည်။ ထိုလူမျိုးတို့သည် ယာထွန်ခြင်း၊ တိရစ္ဆာန် မွေးမြူခြင်းဟူသော လုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ယာ လုပ်ငန်းအတွက် တူးမြောင်းများဖြင့် ရေသွယ်ကြရသည်။ ဂျုံ၊ ဆန်၊ ပြောင်း၊ ဝါဂွမ်း စသည်တို့ကို စိုက်ပျိုး၍ ရနိုင်သည်။ ထူးခြးသောမြို့များမှာ အယ်လမာအာတာ၊ ဆမာကန်း၊ တက်ရှ ကင့်၊ ဗူခါးရား၊ အက်ရှခါဗတ်စသော မြို့များဖြစ်ကြလေသည်။ အရှေ့ တာကီစတန်သည် အာရှတိုက်၏ အလယ်ဗဟိုတွင် တည်ရှိ၍၊ အနောက်တာကီစတန်မှ အရှေ့ဘက်သို့လားသော် ဂိုဗီသဲကန္တာရနှင့် တိဗက်နိုင်ငံအထိ တည်ရှိသည်။ မြောက်ဘက် ၌ တိယင်ရှန်တောင်တန်း ကာဆီးလျက် ရှိနေပြီးလျှင် တောင် ဘက်တွင်ကား ကွန်းလွန်တောင် တန်း တည်ရှိနေလေသည်။ ယခုအခါ အရှေ့တာကီစတန်သည် တရုတ်ပြည်သူ့နိုင်ငံ ဆင်ကျိ ယန် ပြည်နယ်ထဲတွင် အဝင်အပါဖြစ်သည်။ ရာသီဥတုသည် အနောက် တာကီစတန်ထက် ပိုမို ဆိုးရွားသည်။ ကုန်းမြေပြင် သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃ဝဝဝ ၌ တည်ရှိ လေသည်။ တောင်ဘက်တွင် တောင်တန်းတို့သည် အမြင့်ပေ ၂ဝဝဝဝ ကျော်လေသည်။ လူမျိုးတို့၏အနွယ်မှာ အာရိယန်နှင့် တူရာနီယန် နှစ်မျိုးရော သောအနွယ်ဖြစ်သည်။ ကိုးကွယ်ရာ အယူဝါဒမှာမူ မွတ်စလင်အယူဝါဒဖြစ်၏။ ယာလုပ်ခြင်း၊ တိရစ္ဆာန်မွေးမြူခြင်းနှင့် အမဲလိုက်ခြင်းတို့မှာ ထိုဒေသလူမျိုး များ၏ အဓိကလုပ်ငန်းများဖြစ်ကြလေသည်။ ဥရမ်ချီ၊ ကက်ရှ ဂါ နှင့်ခိုတန်မြို့များသည် ထိုဒေသ၏ မြို့ကြီးများဖြစ်၏။ တောင်ပိုင်းတာကီစတန်အား အာဖဂနိစတန်နိုင်ငံ၊ မဇာ ပြည်နယ်တွင် ပါဝင်သော နိုင်ငံဖြစ်သည်။ အကျယ်အဝန်းအား ဖြင့် စတုရန်းမိုင်ပေါင်း ၅၇ဝဝဝ ကျယ်သည်။ မြေမျက်နှာပြင် မှာ တောတောင်ထူထပ်၍ မညီမညွတ်ရှိသည်။ လူမျိုးတို့မှာကား ပါးရှင်းနှင့် ဥဇဗက်နွယ်သော လူမျိုးများဖြစ်သည်။ ထိုဒေသ တွင် ကြေး၊ သံ၊ ခဲနှင့် ရွှေထွက်သည်။ တာကီစတန်၏ သမိုင်းကား ဤသို့ဖြစ်၏။ ခရစ်တော် မွေးဖွားသော ခေတ်ကပင်လျှင် တာကီစတန်သည် တရုတ် အင်ပိုင်ယာနယ်ထဲတွင် ကျရောက်လျက်ရှိလေသည်။ ခရစ် ၅ဝဝ ပြည့်နှစ်လောက်တွင် တူရကီလူမျိုးတို့က ဆမာကန်းနှင့် ဗူခါးရားမြို့တို့ကို သိမ်းပိုက်လိုက်ကြသည်။ ခရစ် ၆ဝဝ ပြည့် နှစ်လောက်တွင်မူ တိဗက် သည် အရှေ့တာကီစတန်ကို အောင် မြင်လေသည်။ သို့ရာတွင် တရုတ်တို့က ထိုနယ်ကို ပြန်သိမ်း လိုက်သည်။ ခရစ် ၁ဝ၇၃ ခုနှစ်တွင် တူရကီလူမျိုးများက တစ်ဖန် တာကီစတန်ကို သိမ်းပိုက်ကြပြန်သည်။ ၁၂ဝဝပြည့်နှစ် ၌မူကား ဂျစ်ဂစ်ခန်သည် ထိုနယ်ကို လွှမ်းမိုးခဲ့လေသည်။ ၁၄ ရာစုနှစ် တစ်ဝိုက်၌ကား တာကီစတန်သည် မွတ်စလင် ယဉ် ကျေးမှု အချက်အချာဌာနဖြစ်လာခဲ့လေသည်။ ထိုနောက် ရုရှတို့ သည် ဆိုက်ဗီးရီးယားဒေသကို အောင်နိုင်လိုက်သောအခါ၊ ၁၈ ရာစုနှစ်လောက်၌ တာကီစတန်သည် ဇာဘုရင်၏ သစ္စာတော်ခံ နယ် ဖြစ်လာခဲ့လေသည်။ ဤသည်တွင် ရုရှနိုင်ငံတာကီစတန် ပြည်နယ်ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် အဂင်္လိပ် နှင့် ရုရှတို့ နှစ်ဦးသဘောတူ အာဖဂနိစတန်ပိုင် တာကီစတန် နှင့် ရုရှပိုင် တာကီစတန်တို့ကို ခွဲဝေပိုင်းခြားကြလေသည်။ ၁၉၂၄ ခုနှစ်တွင် ဆိုဗီယက်ရုရှအစိုးရသည် တာကီစတန်ကို ပြည်နယ်ငါးခုခွဲ၍ ကိုယ် ပိုင်အုပ်ချုပ်ခွင့် ပေးလေသည်။ အရှေ့တာကီစတန်နယ်မှာမူ သမိုင်းတစ်လျှောက်လုံးလိုလိုပင် တရုတ်ပိုင်နယ် ဖြစ်ခဲ့၏။ သို့သော် အစ္စလာမ်အယူဝါဒ ပျံ့နှံ့ သောအခါတွင် မွတ်စလင်တို့သည် သီးခြားတိုင်းပြည်တည် ထောင်ရန် အကြိမ်ကြိမ်ကြိုးပမ်းကြ၏။ ၁၈၇၂ ခုနှစ်နှင့် ၁၈၇၆ ခုနှစ်အကြားတွင် ယာကွပ်ဗက်ဘုရင်လက်ထက်၌ သီးခြားလွတ်လပ်သည်ဟု ဆိုရအံ့သောအခြေသို့ ဆိုက်ခဲ့သေး သည်။ သို့သော် နှောင်းအခါများ၌မူ တရုတ်နိုင်ငံသည် ထို ဒေသကို ပိုင်မြဲပိုင်လေသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)