ဂိုလ်ဒါမယ်ယာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အစ္စရေးနိုင်ငံ တတိယမြောက် ဝန်ကြီးချုပ် ဂိုလ်ဒါမယ်ယာ


ဂိုလ်ဒါ မယ်ယာ ဆိုသည့်အမျိုးသမီးမှာ ၁၉၆၉ ခုနှစ်တွင် အစ္စရေးနိုင်ငံ သမိုင်းတစ်လျှောက် တတိယမြောက်ဝန်ကြီးချုပ် ဖြစ်သကဲ့သို့ ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချူပ်လည်းဖြစ်သည်။ထို့အတူ ကမ္ဘာပေါ်တွင် သုံးယောက်မြောက် အမျိုးသမီးဝန်ကြီးချုပ် လည်း ဖြစ်သည်။ဂိုလ်ဒါမယ် ယာ(Golda Meir) (ခေါ်)ဂိုလ်ဒါ မာဘို ဗစ်ချ်တပ် ကို ယခင်ရုရှားအင်ပါယာနောင်တွင် (ဆိုဗီယက်ပြည်ထောင်စု)၏ ယူကရိန်းပြည်နယ်(ယနေ ့ ယူကရိန်းနိုင်ငံ) မြို့တော် ကိ့ဖ်(Kiev )တွင် ဖခင် လက်သမားဆရာ မိုရှီ မာဘို ဗစ်ချ်တပ် နှင့်မိခင် ကုန်ခြောက်သည် ဘူလမီး နိမ့် ဒစ်ချ် တို ့မှ ၁၈၉၈၊မေလ၊၃ ရက်နေ ့တွင် မွေးဖွားခဲ့သည်။ မွေးချင် ၈ယောက် အနက် ၅ ဦး မှာ ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ပြီး ရှေးနာနှင့် ဆစ်ခီ့ ဆိုသော ညီအမနှစ်ဦးရှိပါသည်။ ရုရှား အင်ပါယာ အတွင်းလူမျိုးရေး ခွဲခြား မှုများ ကို စိတ်နာ သောကြောင့် ၁၉၀၃ ခုနှစ် တွင်ဖခင် မိုရှီ သည် အမေရိကန်ပြည်ထောင်စု သို့အလုပ် ရှာရန် ထွက်ခွာ သွားခဲ့တယ်။ ၁၉၀၆ခုနှစ်တွင်တမိသားစုလုံး ဖခင်နေထိုင်ရာ အမေရိကန် သို ့ပြောင်း ရွေ ့ခဲ့သည်။

၁၉၀၈ ခုနှစ် အထက် တန်းကျောင်းတက်နေစဉ်အတွင်း ကျောင်းသုံးဖတ်စာအုပ် မဝယ်နိုင်သော ဆင်းရဲသားကျောင်းသား များအား အကူအညီပေးရေးအဖွဲ့တွင် ခေါင်းဆောင် အဖြစ်စတင်တာဝန်ယူခဲ့တယ်။၁၉၁၃ ခုနှစ် ဆရာအတတ်သင်ကျောင်းတွင် ဆရာဖြစ်ဘွဲ့ ့ယူရန်စိတ်ဓါတ် ပြင်းထန်နေစဉ် မိဘများက အိမ်ထောင်ပြုခိုင်းသောကြောင့် မိသားစုနေထိုင်ရာ မိလ်ဝက်ခီး (Milwaukee ) မြို ့မှ ကော်လိုရာဒိုပြည်နယ် ဒမ်ဘားမြို့ရှိ အိမ်ထောင်သည်အမဖြစ်သူ ရှေးနာ ထံ အိမ်ပြေးလုပ်ခဲ့သည်။ ရှေးနာနှင့်အတူ နေထိုင်စဉ် ဇီယွန် (Zion ) လှုပ်ရှားမူများကို စတင်စိတ်ဝင်စားခဲ့ပြီး ခင်ပွန်းလောင်း၊ ဆိုင်းဘုတ်ရေးခြင်းအလုပ်လုပ်သူ မော့ရစ်စ် မယ်ရာ ဆန် (Morris Myerson ) နှင့်လည်းဆုံ စည်း ခဲ့ရသည်။ ၁၉၁၅တွင် ဆရာအတတ်သင်သိပ္ပံ မှ ဘွဲ ့ရခဲ့ပြီး ၁၉၁၆ တွင်ဇီယွန်အလုပ်သမားအစည်းအရုံး သို့ဝင်ရောက်ခဲ့သည်။ ၁၉၁၇ တွင် ချစ်သူ မော့ရစ်စ်နှင့် သူမမိဘများ နေအိမ် တွင်လက်ထပ် ခဲ့သည်။၁၉၂၁ ခုနှစ်တွင် ဂိုလ်ဒါ မယ်ယာသည် ခင်ပွန်းနှင့် အမဖြစ်သူ ရှေးနာ တို ့အားဦးဆောင် ပြီး တူရကီ အော်တိုမန် အင်ပါယာ လက်အောက်ခံ ပါလက်စတိုင်းဒေသ သို ့မဟုတ် ဂျူးလူမျိုး တို ့အား ပျားရည် နှင့် နွားနို ့များ စီးဆင်းရန် ထာဝရ ဘုရားသခင် က ကတိ ပြုထား သော နယ်မြေ သို ့ ထွက်ခွာ လာခဲ့သည်။

ဂိုလ်ဒါ တို ့ပါလက်စတိုင်းဒေသ ကို ရောက် ရှိချိန်မှာ အခြေ အနေ တချို ့ ပြောင်းလဲနေကြေင်းကို တွေ့ရသည်။ ၁၉၁၄ ခုနှစ် မှ ၁၉၁၈ ခုနှစ် အထိ ဖြစ်ပွားခဲ့သည့် ပထမကမ္ဘာစစ်အတွင်း တူရကီ အော်တိုမန် အင်ပါယာနဲ့ဩစတြီးယား ဟန်ဂေရီ အင်ပါယာ တို့အဆုံး သတ် ခဲ့ သည်။ ၁၉၁၇ ခုနှစ် ခရစ်စမတ် အချိန်ကာလတွင်ဗြိတိန် စစ်တပ်သည် ဂျေရု စလင် နှင့် တူရကီမြို့တော် ‘ဒမတ်စကပ်‘ ကို သိမ်းယူ လိုက် သဖြင့် အော်တိုမန်အင်ပါယာကျဆုံး ခန်းရောက်ရှိ ခဲ့ ပါတယ်။

ပထမကမ္ဘာစစ်အပြီး ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး လော့ ဘဲလ်ဖို ့က ပါလက်စတိုင်းဒေသ တွင် ဂျူးလူမျိုး များ၏ အခွင့်အရေး ကို စောင့်ရှောက် မည် ဟုကြေငြာခဲ့သောကြောင့်လည်းကောင်း၊၁၉၂၁ခုနှစ်တွင် ပါလက်စတိုင်း ဒေသရှိ အာရပ်ခေါင်းဆောင်တစ်ဦး ဖြစ်သော ဟတ်ချ် အာမင် အာလ်း ဟူစိန်ဏီ (Hadj Amin EI Husseini)က ဂျူးလူမျိုးများအား တိုက်ခိုက်ရန် တပ်လှန့်လိုက်သဖြင့် လည်းကောင်း သွေးထွက်သံယိုမှုများပိုမိုများပြား ခဲ့ပါ တယ်။

ဂိုလ်ဒါ မယ်ယာ နှင့် မော့ရစ်စ်တို့နှစ်ဦးသည် ဂျူးလူမျိုးများ၏ ဟီဗရူးဘာသာ စကားအားဖြင့် ‘ကီဘုရှ် ‘( Kibbutz ) ခေါ် စုပေါင်း ဘုံရိပ်သာ သို ့သွားရောက်နေထိုင်ခဲ့သည်။ (စုပေါင်း ဘုံရိပ်သာ ဆိုသည်မှာဆင်းရဲသား အလုပ် သမား မိသာ စုများ အတူ တကွ နေထိုင်ပြီးစိုက်ပျိုးရသမျှကို ညီတူမျှတူခွဲဝေယူသော သမဝါယမကျေးရွာအငယ်စားလေးများ ဖြစ်သည်။ သူတို့အားလုံးသည် အချိန်နှင့်အမျှ အာရပတို့၏ ခိုးယူအကြမ်းဖက်မှုများကိုလည်း စုပေါင်းတွန်းလှန် နေကြ သေးသည်။) ဘုံရိပ်သာကို ဇီယွန်အလုပ်သမား အစည်းအရုံးက အုပ်ချုပ်ထားသော်လည်း ရိပ်သာရှိ အလုပ်သမားမိသားစုများအတွင်း အုပ်စုနှစ်အုပ်စုကွဲလျက်ရှိသည်။ ညနေပိုင်းများတွင် ဇီယွန်အမျိုးသားရေးဝါဒီ အနည်းငယ်သာ ‘ဟာတစ်ဗာ‘ (Hatikva) ခေါ် မျှော်လင့်ခြင်း (Hope) အမည်ရှိ အမျိုးသားသီချင်းကို သီဆိုပြီး လက်ဝဲဝါဒီလူအများစုက ‘အင်တာနေရှင်နယ်‘ (International ) သီချင်းကို သီဆိုကြသည်။ ဂိုလ်ဒါတို ့ ရောက်ရှိသည့်ချိန်အထိ ပါလက်စတိုင်းဒေသတွင် ဂျူးလူမျိုး စုစုပေါင်း တစ်သိန်း ခန် ့နေထိုင်ပြီ‘ဟာရှိုမာ‘ (Hashomer) ခေါ် ဂျူး ကာကွယ်ရေးတပ်၏ အင်အား မှာလည်း လေးထောင်ကျော်ခန် ့သာရှိနေသေးသည်။

ဂိုလ်ဒါတို ့လင်မယား စတင်နေထိုင်သည့်နေရာမှာ ယနေ့ အစ္စရေးနိုင်ငံ မြောက်ပိုင်းနယ်စပ်၊ အနောက်ဘက်ကမ်း ဒေသရှိ ‘ဂျီစ်ရီးလ်‘(Jezreel)ဒေသဖြစ်သည်။ ဂိုလ်ဒါသည် နေ့ခင်းဘက်တွင် စိုက်ခင်းများ၊ကြက်မွေးမြူရေးခြံ များတွင် အလုပ်လုပ်ပြီး ည ဘက်တွင်မူ ခေါင်းစဉ်မျိုးစုံပါရှိသော အစည်းအဝေးများကို တက်ရောက်ခဲ့သည်။ စိတ်ဓါတ်ကျဆင်းနေကြသည့်ပြောင်းရွေ့အခြေချ လာသူများကို အစ္စရေး နိုင်ငံသစ် ဖြစ်ပေါ် ရေး အတွက် စည်းရုံးရေးလုပ်ခဲ့ သည်။ ထို့ကြောင့် ၁၉၂၂ ခုနှစ် နှစ်ကုန် ပိုင်းတွင် ‘ဟစ်စ်တာဒုသ့်‘(Histadrut) ခေါ် ဂျူးအလုပ်သမားအဖွဲ့ချူပ် (General Federation of Laborers in the Land of Israel ) က ဘုံရိပ်သာ၏ကိုယ်စားလှယ် အဖြစ် ဂိုလ်ဒါ မယ်ယာအား ခန့်အပ်ခဲ့သည်။ အဖွဲ ့မျိုးစုံ ၊အယူအဆမျိုးစုံတို့၏ကြားတွင် နေရ သော်လည်း ဂိုလ်ဒါသည် စိတ်ဓါတ်ကျမသွားဘဲ ပို၍ပင် ကြံခိုင် လာခဲဲ့သည်။

၁၉၂၄ ခုနှစ် တွင် ဂိုလ်ဒါ သည် ကိုယ်ဝန်နေ ့စေ့လစေ့ကြီးနှင့်ပင် ဂျေရုစလင် ( Jerusalem ) မြို့သို ့ ပြောင်းရွေ့လာရာ သားဖြစ် သူ မန်နာခမ်း ( Menachem ) ကို တဲလ်အဗစ်(Tel Aviv- ၁၉၀၉ ခုနှစ်တွင် ဂျူးခေါင်းဆောင်များ စတင်ထူထောင်သောမြို့၊ စမ်းရေ တောင်ကုန်းဟုအနက်ရှိသည်။) မြို ့တွင်မွေးဖွားခဲ့သည်။တဲလ်အဗစ်မြို ့တွင်ခဏသာနေထိုင်ကာဂျေရုဆလင်သို့ ပြောင်းရွေ့ပြန်သည်။ ၁၉၂၆ ခုနှစ်တွင် သမီး ဖြစ်သူ ဆာရာ(Sarah)ကို ဂျေရုစလင်မြို့တွင်မွေးဖွားခဲ့သည်။ ၁၉၂၈ ခုနှစ် ဂျူးအမျိုးသမီးအလုပ်သမားကောင်စီတွင်အတွင်းရေးမှူး အဖြစ် အရွေး ခံရ ပါပြီး ထိုနှစ်တွင်ပင် အိမ်ထောင်ရေးပြိုကွဲမှုကြောင့် ကလေး နှစ်ယောက်နှင့်အတူ တဲလ်အဗစ်မြို့သို ့ပြန်လည် ပြောင်းရွေ့နေထိုင် သည်။ ၁၉၃၀ ခုနှစ်တွင် အစ္စရေး လွတ်လပ်ရေး သမိုင်းတွင် အရေး ပါသော ယခုလေဘာပါတီဖြစ်လာမည့် ဟီဗရူးဘာသာစကား ဖြင့် မေပိုင်(MAPAI – Mifleget Poalei Eretz Israel ) ခေါ် လေဘာပါတီ ( The Labor Party of the Land of Israel ) ကို ဒေးဗစ် ဘင်ဂူရီယန် ၊ အိဇက် ဘင်ဇဗီ တို့နှင့်အတူ ဂိုလ်ဒါ မယ်ယာ တစ်ယောက် ပါတီ ကို စတင် တည်ထောင် သော အဓိက လူ စာရင်း တွင်ပါဝင်ခဲ့သည်။

၁၉၃၂ ခုနှစ် တွင် ဂိုလ်ဒါမယ်ယာ တစ်ယောက် အမျိုးသမီးအလုပ်သမားကောင်စီ ၏ ကိုယ်စားလှယ်တစ်ဦး အဖြစ် အမေရိကန်ပြည် ထောင်စု သို့ သွားရောက်ခဲ့သည်။ ထိုအချိန်က အစ္စရေးနိုင်ငံသစ်မပေါ်ထွန်းလာသေးသကဲ့သို့ ဂျူး ( Yishuv ) လူမျိုး အများ အပြား သည် ကမ္ဘာတစ်လွှားတွင်ဖြန် ့ကျက်နေထိုင်လျက်ရှိကာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ တွင်နေထိုင်ကြသည့် ဂျူးအသိုင်း အဝိုင်းများသည် အစ္စရေး နိုင်ငံ သစ် ပေါ်ပေါက်ရေးလှုပ်ရှားမှုများ၏ကျောထောက်နောက်ခံများ ဖြစ်ကြသည်။ ၁၈၉၅ ခုနှစ် တွင်ထုတ်ဝေခဲ့သည့်ဒေါက်တာ သီဒိုဟာဇယ်လ် ( Dr. Theodore Herzl )၏ ဂျူးနိုင်ငံတော် (The Jewish State) အမည်ရှိ စာအုပ်ကြောင့်ဂျူး အသိုင်းအဝိုင်း တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရသည်။ သို့သော် ၁၉၀၄ ခုနှစ် တွင် ဂျူးလူမျိုးများကို ပါလက်စတိုင်းဒေသတွင် ပြန်လည်နေရာချထားပေးရန်လှုံဆော်သူ ဒေါက်တာ ဟာဇယ်လ်သေဆုံးသွားခဲ့ပြီး ဓါတုဗေဒဆိုင်ရာ ဒေါက်တာဘွဲ ့ရထားသူ ဒေါက်တာ ဝိုက်ဇ် မန်း( Weizmann ) မှ ဆက်လက်ဦးဆောင်သည်ဟု နိုင်ငံမဲ့ ဂျူးအသိုင်း အဝိုင်း က ယုံကြည်ခဲ့သည်။ ဒေါက်တာ ဝိုက်ဇ်မန်းသည် အမေရိကန်ပြည်ထောင်စုရှိ ဂျူးလူမျိုးများ အပေါ်တွင်လည်း ဩဇာရှိသူ တစ်ဦး ဖြစ်သည်။ ၁၉၁၅ ခုနှစ် တွင် ဒေးဗစ်ဘင်ဂူရီယန် ( David Ben Gurion ) ( အစ္စရေး နိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး )သည် အမေရိကန် ပြည်ထောင်စုတွင် ဂျူးအမျိုးသားရှေ့ဆောင်အဖွဲ ့ ‘ဟီဟာ လုဇ်”(Hehalutz - The Pioneer ) ကိုတည်ထောင် ဖွဲ ့စည်း နိုင်ခဲ့ တယ်။ ၁၉၁၆ ပထမ ကမ္ဘာစစ် အတွင်း ဗြိတိန်စစ်တပ် သည် လက်နက်ခဲယမ်းမီးကျောက် ပြဿနာ ဖြစ်ခဲ့တယ်။ အဲဒီ အချိန် မှာ ဝိုက်ဇ် မန်းက ဗြိတိန်စစ်ဘက်ကော်မတီ ၏ လက်နက် အတွင်း ဝန် ဒေးဗစ် လွိုက်ဂျော့ ( David Lloyd George ) ကို သူ့တီထွင်မှုများဖြင့် အကူအညီ များစွာပေးခဲ့သကဲ့သို့ အမေရိကန်ပြည်ထောင်စုရှိ ဂျူး လူမျိုးများမှ တဆင့် အမေရိကန်နိုင်ငံအား ပထမကမ္ဘာ စစ်အတွင်းဝင်လာစေရန် အကြပ်ကိုင်တိုက်တွန်းမှုများကို ပြုလုပ်ခဲ့ကြသည်။ ဝိုက်ဇ်မန်း အကူအညီ ပေးခဲ့သော လွိုက်ဂျော ့သည် ၁၉၁၆ ၊ဒီဇင်ဘာ တွင် ဗြိတိန်ဝန်ကြီးချူပ် ဖြစ်လာခဲ့ သဖြင့် ဝိုက်ဇ်မန်း က သူ ့လူမျိုး ဂျူးများအတွက် တစ်ခုခုဆောင်ရွက်ပေးခြင်း အားဖြင့် သူ ့အားချီးမြှင့်ပါဟု လွိုက်ဂျော့ထံ တောင်းဆို ခဲ့တယ်။

ထို့ကြောင့် ၁၉၁၇၊နိုဝင်ဘာ၊၂ ရက် နေ့တွင် ဗြိတိန်အစိုးရက ပါလက်စတိုင်းဒေသရှိ ဂျူး လူမျိုး များ၏နေထိုင် ခွင့်၊ ပြောင်းရွေ ့ အခြေ ချမှု နှင့် ဘာသာရေး၊ လူမှုရေးတို ့ပါမကျန် နစ်နာမှုမရှိ စေရန်ကာကွယ်မည် ဟု ဘဲလ်ဖိုး ကြေငြာချက် ( Belfour Declaration )ကို ကြေငြာထုတ် ပြန် ခဲ့တယ်။ အထက်ဖော်ပြပါ သမိုင်းဆိုင်ရာအဖြစ်အပျက်များ သည် ၁၉၃၂တွင် အမေရိကန် ပြည်ထောင်စု သို ့ ဂျူးအမျိုးသမီးအလုပ်သမားကောင်စီ၏ ကိုယ်စားလှယ်အဖြစ် ရောက်ရှိလာသော ဂိုလ်ဒါ မယ်ရာ အားအရည် အချင်းမည်မျှ ရှိကြောင်း စစ်ဆေးရန် ကြိုဆိုကြပါတော့သည်။

အမေရိကန်ခရီးစဉ်အစပိုင်း ကာလများအတွင်း ဂိုလ်ဒါ သည် အမေရိကန်ဂျူး ခေါင်းဆောင်များဖြစ်သော ‘ဝါးဘတ်‘ ( Warburg ) ၊ ‘စထရော့‘ ( Strauss ) တို ့ထံ မှ အကြံဉာဏ် များ ရယူ နိုင်ခဲ့သည်။ အမေရိကန်ခရီးစဉ်ကာလအတွင်း သမီးဖြစ်သူ ဆာရာ တစ်ယောက် ကျောက်ကပ် ရောဂါဖြင့်အရေးတကြီး ခွဲစိတ်ကုသမှု ခံယူရချိန် တွင် ဂိုလ်ဒါ သည် အစ္စရေး နိုင်ငံ ထူထောင် ရေး အတွက် ငွေကြေး အလှူခံကိစ္စများနှင့်သာ အချိန်ရှိ သရွေ ့လုံးပန်း နေခဲ့ရသည်။ အမေရိကန် ရှိ ဂျူးအမျိုးသမီးများရှေ့ဆောင်အဖွဲ ့( The Pioneer Women's Organization of America ) ၏ အစည်းအဝေး များ တွင် ဂိုလ်ဒါ သည် နိုင်ငံသစ် အတွက် လိုအပ် သော ငွေကြေး နှင့် အဆက်အသွယ် များစွာတို့ကို အောင်မြင်စွာစည်းရုံး နိုင်ခဲ့သည်။ ယင်းစည်းရုံးနိုင်မှုများသည် အစ္စရေးနိုင်ငံ လွတ်လပ်ရေး အကြိုကာလများ ဖြစ်သည့် ၁၉၄၅ ခုနှစ် ဇူလိုင်လ အတွင်း ဒေးဗစ်ဘင်ဂူရီယန် ၏ အမေရိကန်ရောက် ဂျူးသူဋ္ဌေး များထံ မှ ငွေကြေး နှင့် နည်းပညာအလှူ ခံမှုများ ကိုများစွာအထောက်အပံဖြစ်စေ ခဲ့တယ်။ ၁၉၃၄ ခုနှစ် တွင် ဂိုလ်ဒါ သည်အမေရိကန်ပြည်ထောင်စု မှ ပါလက်စတိုင်းဒေသသို ့ ပြန်လည်ရောက်ရှိ ခဲ့တယ်။

၁၉၃၄ ခုနှစ် အတွင်း ဂိုလ်ဒါ သည် ဂျူးအမျိုးသမီးများ အလုပ်သမားကောင်စီ၏ နိုင်ငံရေးဌာန တွင်အကြီးအကဲအဖြစ် ရွေးချယ် ခန့်အပ်ခြင်း ခံရ ပါတယ်။ထိုရွေးချယ်မှုသည် နောင်တစ်ချိန်တွင်နိုင်ငံ့အကြီးအကဲဖြစ်စေရန် ပထမဆုံးလမ်းစ ပင်ဖြစ်သည်။၁၉၃၇၊ ဩဂုတ်တွင် ဗြိတိန်အစိုးရ၏ ပီးလ် ကော်မရှင် ( Peel Commission ) က ဂျူးနိုင်ငံသစ်ထူထောင်ရန် နယ်မြေအနည်းငယ်ကို ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ သို ့သော် ဂျူးလူမျိုးများ၏မညီညွတ်မှုများ၊ အာရပ်တို ့၏ ပုန်ကန်မှုများ၊ ဗြိတိန်အထက်လွှတ်တော် ရှိ ကွန်ဆာ ဗေးတစ် ပါတီအမတ် များ ကြောင့် ၁၉၃၈ တွင် ပီးလ် စီမံကိန်း ကျဆုံးသွား ခဲ့တယ်။ ၁၉၃၈ ခုနှစ် ပြင်သစ်နိုင်ငံတွင် ပြုလုပ် သော ‘အီဗန် လေ ဘိန်း ‘( Evian – les – Bains ) ညီလာခံ သို ့ ဂိုလ်ဒါ က ဂျူး ဒုက္ခသည် ပြဿ နာ ကို တင်ပြ ခဲ့သော်လည်း အနိုပ်စက်၊အနိုင်ကျင့်ခံ ဥရောပရှိ ဂျူး အရေး မှာ ပိုမို ဆိုးဝါး ခဲ့သည်။ထို ၁၉၃၈ ခုနှစ် တွင် ဗြိတိန်အစိုးရ ကပါလက်စတိုင်း ဒေသ အတွင်း သို ့ ပြောင်းရွေ ့ ဝင်ရောက် လာသော ဂျူး လူမျိုး များအား တားဆီးပိတ်ပင်ခဲ့ပြန်သည်။ ဗြိတိန်အစိုးရ၏တားဆီးမှုများကို အံတုစိန်ခေါ်ပြီး ပါလက်စတိုင်းဒေသအတွင်းသို ့ ဂျူး လူမျိုး များ ခိုးဝင် ရောက်ရှိ ရေး လှုပ်ရှား မှုများတွင်လည်း ဂိုလ်ဒါ ပါဝင်လှုပ်ရှားခဲ့သေးသည်။ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး မစတင်ခင် အချိန်လေးတွင် ဂိုလ်ဒါ သည်ဗြိတိန် အစိုးရ ၏ မတရားအသင်းအဖြစ်ကြေငြာထားသော‘ ဟာဂါနာ ‘ ( Haganah )ခေါ် မြေအောက် ဂျူးတပ်မတော်၏ အမျိုးသမီးတပ်ဖွဲ ့တွင်ခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၁၉၄၀ တွင်ခင်ပွန်း ဖြစ်သူ မော့ရစ်စ် နဲ ့ ပြန်လည် ပေါင်းသင်းခဲ့သော်လည်း ဂိုလ်ဒါသည် သူမ၏အလုပ်တွင်သာ အာရုံစူးစိုက်လွန်းခြင်းကြောင့် ခင်ပွန်းဖြစ်သူနှင့် အိမ်ထောင်ရေးအဆင်မပြေဖြစ်လာကာ လမ်းခွဲခဲ့ရသော်လည်း တရားဝင်ကွာရှင်းပြတ်စဲမှုကား မရှိခဲ့ပေ။ မောရစ်မိုင်ယာဆန် သည် ၁၉၅၁ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။

၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံထူထောင်ကြောင်း ကြေငြာစာတမ်းတွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သော ဂျူးခေါင်းဆောင် ၂၄ ဦးအနက် တစ်ဦးဖြစ်ခဲ့သည်။ ပေါ်ပေါက်စ အစ္စရေးနိုင်ငံကို ပတ်ဝန်းကျင် အာရပ်နိုင်ငံများက ဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းခြင်းမှ ကာကွယ်ရန် စစ်လက်နက်များဝယ်ယူရေးအတွက် အမေရိကန်ပြည်တဝှန်း လှည့်လည်အလှူခံ ရန်ပုံ​​ငွေရှာဖွေခဲ့သည်။ အစ္စရေးခေါင်းဆောင်များက အများဆုံး အမေရိကန်​ဒေါ်လာ ၇ သန်းခန့်သာရရှိမည်ဟု ခန့်မှန်းထားခဲ့ကြ သော်လည်း သန်း ၅၀ ကျော် စုဆောင်းပေးနိုင်ခဲ့သဖြင့် အစ္စရေးနိုင်ငံကို အမျိုးသမီးတစ်ဦး၏ အလှူခံရရှိ​ငွေများဖြင့် ထူထောင်ခဲ့ ရသည်ဟု နောင်လာနောက်သားတို့က ပြောစမှတ်ပြုရလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂူရီရန်က အသိအမှတ်ပြုပြောကြားခဲ့သည်။

အစ္စရေးသံအမတ်ကြီးအဖြစ် သူမ၏ ဇာတိရုရှားနိုင်ငံသို့ သွားရောက်တာဝန် ထမ်းဆောင်ခဲ့ရာ ရုရှားနွယ်ဖွား ဂျူးလူမျိုးတို့၏ လေးစားချစ်ခင်မှုကို တခဲနက် ရရှိခဲ့သည်။ အစိုးရအဖွဲ့တွင်း အလုပ်သမားရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုရာထူးကြီးများကို အမျိုးသမီးတစ်ဦး အနေဖြင့် ထမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် အများ၏ ချီးကျူး လေးစားခြင်းခံခဲ့ရသည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီးများထဲတွင် အမျိုးသမီးဟူ၍ သူမသာ ရှိသော်လည်း ဝန်ကြီးချုပ် ဘင်ဂူရီရန် ကသူ၏ အစိုးရအဖွဲ့အတွင်း တစ်ဦးတည်းသောအာဂယောက်ျား အဖြစ် ချီးကျူးခဲ့ရသည်။

ထိုသို့ဆောင်ရွက်စဉ် ခိုကိုးရာမဲ့ ဂျူးလူမျိုးဒုက္ခသည်များ အစ္စရေးနိုင်ငံတွင်း ပြောင်းရွှေ့အခြေစိုက်နေထိုင်ရာတွင် အဆင်ပြေချောမွေ့စေရန် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုဒုက္ခသည်များတွင် အိမ်ရာမဲ့မိသားစုများမရှိရအောင်၊ ကလေးတိုင်း ကျောင်းနေနိုင်အောင် ကြိုးပမ်းအောင်မြင်ခဲ့ခြင်းအပေါ် အမြဲဂုဏ်ယူ ထောက်ပြ လေ့ရှိသည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ကျန်းမာရေးကြောင့် တာဝန်မှ အနားယူခဲ့သည်။ သို့သော် ၁၉၆၉ ခုနှစ်တွင် ဝန်ကြီးချုပ် အက်ရှ်ကိုးလ် ရုတ်တရက် ကွယ်လွန်သွားသဖြင့် ဒုတိယဝန်ကြီးချုပ် ယီဂယ်အလွန် နှင့် ကာကွယ်ရေးဝန်ကြီး မိုရှေဒါရန်း တို့ကြား အာဏာပြိုင်ဆိုင်မှုကြောင့် ပါတီတွင်းညီညွတ်ရေးမပြိုကွဲစေရန် အများတောင်းဆိုမှုဖြင့် ဝန်ကြီးချုပ်တာဝန်ယူ လိုက်ရသည်။ အသက် ၇၀ ကျော်အရွယ် အဖွားအိုတစ်ဦးဖြစ်သော်လည်း အများအံ့ဩလောက်ဖွယ် အလုပ်လုပ်နိုင်သူ တစ်ဦးဖြစ်သည်။

၁၉၇၂ ခုနှစ်၊ ဂျာမနီနိုင်ငံ၊ မြူးနစ်အိုလံပစ်ပွဲတော်တွင် အစ္စရေးအားကစားသမားများအား အာရပ်အကြမ်းဖက် သမားတို့က သတ်ဖြတ်ခဲ့ခြင်းအတွက် အကြမ်းဖက်သမားတို့၏ ခေါင်းဆောင်များကို ကမ္ဘာအနှံ့လိုက်လံ ခြေရာခံရှာဖွေကာ လက်စားချေသုတ်သင်ပစ်ခဲ့သည်။ ၁၉၇၃ ခုနှစ်၊ ဂျူးလူမျိုးတို့၏ အထွတ်အမြတ် ယွန်ကစ်ပူး ဥပုသ်နေ့တွင် အီဂျစ်နှင့် ဆီးရီးယားတို့က အလစ်အငိုက်ယူ တိုက်ခိုက်ခဲ့ရာ အစ္စရေးတို့အထိနာခဲ့သော်လည်း အမေရိကန်ပြည်၏အကူအညီကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ရန်သူများကို တန်ပြန်တိုက်ခိုက်အနိုင်ယူခဲ့သည်။ သို့သော် အလစ်အငိုက်မိခဲ့၍ အစ္စရေးစစ်သားများစွာ ထိခိုက်သေကြေခဲ့ရခြင်းတွင် တာဝန်မကင်းဟု ခံယူကာ ၁၉၇၄ ခုနှစ်တွင် ရာထူးမှနှုတ်ထွက်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်၊ အသက် ၈၀ အရွယ်တွင် ဂျေရူဆလင်မြို့၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်​ဆင်​ရန်​]