၂၀၁၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ကျင်းပရာမြို့ | ဖလန်းပင်မြို့နှင့် ဂျာကာတာမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | United and Rising (အင်ဒိုနီးရှား: Bersatu dan Bangkit) | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၄၉၆၅ | ||
ကစားပွဲအမျိုးအစား | ၅၄၅ (၄၂မျိုး)[၁] | ||
ဖွင့်ပွဲအခမ်းအနား | ၁၁ နိုဝင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၂၂ နိုဝင်ဘာ[၂] | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဆူစီလို ဘမ်ဘန် ယူဟိုယိုနို အင်ဒိုနီးရှား သမ္မတ | ||
Athlete's Oath | Dedeh Erawati | ||
Judge's Oath | Eko Sunarto | ||
Torch Lighter | Susi Susanti | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | ဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 2011 Southeast Asian Games | ||
|
၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အင်ဒိုနီးရှားနိုင်ငံ၊ ဖလန်းပင်မြို့နှင့် ဂျာကာတာမြို့တို့၌ ၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၁ရက်မှ ၂၂ရက်အထိကျင်းပသော ၂၆ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၇၉၊ ၁၉၈၇၊ ၁၉၉၇ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၁ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဆူစီလို ဘမ်ဘန် ယူဟိုယိုနိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၄၉၆၅ခန့်က အားကစားနည်း ၄၂မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ အင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
အင်ဒိုနီးရှားအနေဖြင့် ယခင် ၃ ကြိမ်ကို မြို့တော်ဂျာကာတာတွင် ကျင်းပခဲ့ပြီး ယခုဖလန်းပင်မြို့သည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ သမိုင်းတွင် မြို့တော်မဟုတ်ဘဲ ကျင်းပသည့် တတိယမြောက်မြို့ ဖြစ်လာသည်။ ၁၉၉၅ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် နခွန် ရက်ချဆီမာတို့၌ မြို့တော်မဟုတ်ဘဲ ပထမဆုံးနှင့် ဒုတိယအကြိမ် ကျင်းပခဲ့သည်။
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]ကျင်းပရာမြို့
[ပြင်ဆင်ရန်]တောင်စူမားတြား၏မြို့တော် ဖလန်းပင်သည် အဓိကပွဲစဉ်များ ကျင်းပရာမြို့ဖြစ်သည်။ မြို့တော်ဂျာကာတာသည် ဒုတိယမြို့ဖြစ်သည်။ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့်အတူ အားကစားနည်း ၂၂ မျိုးကို ဖလန်းပင်၊ ကျန်ရှိသော ၂၀ ကို ဂျာကာတာတွင် ကျင်းပခဲ့သည်။
အစပိုင်းတွင် အစိုးရက ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပရန် နေရာလေးနေရာကို စဉ်းစားခဲ့သည်။ ဂျာကာတာ၊ အနောက်ဂျာဗား၊ ဂျာဗားအလယ်ပိုင်းနှင့် တောင်စူမားတြား တို့ လေးနေရာအနက် နောက်ဆုံးတွင် ဂျာကာတာနှင့် တောင်စူမားတြားတွင်သာ ကျင်းပခဲ့သည်။
ကြိုတင်ပြင်ဆင်မှုများ
[ပြင်ဆင်ရန်]အင်ဒိုနီးရှားအိုလံပစ်ကောင်စီသည် အင်ဒိုနီးရှားဆီးဂိမ်းကော်မတီ ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၃၈.၇ မီလီယံကို ၂၀၁၀ ဘဏ္ဍာနှစ်၊ ၂၃၀ မီလီယံကို ၂၀၁၁ ဘဏ္ဍာနှစ်တွင် သုံးစွဲခဲ့ကာ ပညာရေးဘတ်ဂျက်နှင့် စပွန်ဆာများမှ နောက်ထပ်ငွေများလည်း သုံးခဲ့သည်။
အားကစားကွင်းများ
[ပြင်ဆင်ရန်]ဖလန်းပင် [၃]
ကွင်း | အားကစားဆိုင်ရာ |
---|---|
Dempo ခန်းမ | ကျွမ်းဘား(အေရိုးဗစ်) |
Dempo အားကစားရွာ | အလေးမ |
Gedung Serbaguna Jakabaring | နပန်း |
Jakabaring အားကစားရွာ | ရေး(ရေကူး၊ ရေငုပ်၊ စည်းချက်ကျရေကူး)၊ အားကစားသမား၊ ဘေ့စ်ဘော၊ဘောလုံးပြိုင်ပွဲ၊finswimming၊pétanque၊ စကိတ်စီးခြင်း၊ သေနတ်ပစ်၊ softball၊ |
Jakabaring ဘိလိယက်ကွင်း | Cue Sport |
Jayakarta ဟိုတယ် | စစ်တုရင် |
Lumban Tirta ကွင်း | ဝါတာပိုလို |
Ranau ကျွမ်းဘားခန်းမ | ကျွမ်းဘား(အနုပညာနှင့်စည်းချက်အက) |
SPC Jakabaring | ပိုက်ကျော်ခြင်း |
Swarna Dwipa ဟိုတယ် | တံတား |
တက္ကသိုလ် Sriwijaya (Fieldhouse နှင့် Sriwijaya အားကစားခန်းမ) |
လက်ဝှေ့၊ဘော်လီဘော(မိုးလုံလေလုံ) |
ဂျာကာတာ
ကွင်း | အားကစားဆိုင်ရာ |
---|---|
Ancol Dreamland | စက်ဘီး(သင်း)၊ရွက်လှေ |
Arthayasa Stables and Country Club | မြင်းစီး |
Bowling Jaya Ancol | ဘိုးလင်း |
Gelanggang Remaja Tanjung Priok | ဗိုဗွီနမ် |
Gelora bung Karno | ဘောလုံးပြိုင်ပွဲ |
Gunung mass | Paragliding |
Gunung Pancar | စက်ဘီး |
Jagorawi country ကလပ် | ဂေါက်သီး၊မြက်ခင်းဖလား |
အိုင် Cipule | Canoeing/kayaking၊လှေလှော်၊ရိုးရာလှေပြိုင်ပွဲ |
Lebak Bulus ကွင်း | ဘောလုံးပြိုင်ပွဲ |
Kelapa Gading ဂျူဗဟို | ဂျူဒို |
Kelapa Gading အားကစားကုန်တိုက် | ဘတ်စကက်ဘော |
Padepokan Pencak Silat | ပန်ကြပ်ဆီလတ် |
POPKI အားကစားခန်းမ | ဖူဆယ်၊တိုက်ကွမ်ဒို |
Putri ကျွန်း | ရေကူး |
Senayan အားကစားရွာ Istora Senayan၊Lapangan ABC Tennis indoor |
မြားပစ်၊ကြက်တောင်၊ကရာတေး၊wushu |
Soemantri Brodjonegoro ကွင်း | စားပွဲတင်တင်းနစ် |
Subang လမ်း | စက်ဘီး(road face) |
အင်ဒိုနီးရှားတက္ကသိုလ် | fencing |
Rawamangun Velodrome | စက်ဘီး(track) |
Ciracas အားကစားခန်းမ | Kenpo |
- အားကစားရွာ
ဂျာကာဘရင်၊ဖလမ်းပင်တို့သည်အားကစားရွာများဖြစ်သည်။
ပြိုင်ပွဲအထိမ်းအမှတ်များ
[ပြင်ဆင်ရန်]အထိမ်းအမှတ်တံဆိပ်
[ပြင်ဆင်ရန်]၂၀၁၁အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဂဠုန်ပုံဖြစ်သည်။ ဂဠုန်မှာ သန်မာခြင်း၊ နှင့်သူ၏တောင်ပံများမှာ ကြီးကြယ်ခြင်းနှင့် ဘုန်းတန်ခိုးတို့ဖြစ်သည်။ အစိမ်းရောင်သည် ကျွန်းစုများ၏ စိမ်းလန်းမှု၊ အပြာရောင်သည် နူဆန်တာရာပင်လယ်၊ အနီရောင်သည် သတ္တိနှင့် ထက်သန်မှုတို့ ပေးသည်။ ကွင်း ၁၁ ကွင်းမှာ SEAGF အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံ ဖြစ်သည်။
လာဘ်ကောင်
[ပြင်ဆင်ရန်]၂၀၁၁အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ကွန်မန်ဒိုနဂါး(ဖွတ်) မိုဒိုနှင့်မူဒီ ဖြစ်သည်။ ၎င်းတို့သည် အင်ဒိုနီးရှားရိုးရာဝတ်စုံများကို ဝတ်ဆင်ထားသည်။
သီချင်း
[ပြင်ဆင်ရန်]အယိုအင်ဒိုသည် official theme song ဖြစ်သည်။
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ဖွင့်ပွဲအခမ်းအနား
[ပြင်ဆင်ရန်]၂၀၁၁ နိုဝင်ဘာ၁၁ ညတွင် ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်း၌ ကျင်းပခဲ့သည်။ ဤဖွင့်ပွဲသည် စပိုက်ဒါကင်မရာ (ကောင်းကင်ကြိုးဖြင့်ပြေးကာ ရိုက်သော)၊ LED စခရင်နှင့် ကားပတ်စတိတ်(ကွင်းအလယ်ရှိ ပိတ်သားအဖြူကို ပရိုဂျက်တာဖြင့်ထိုးခြင်း) တို့ကို စတင်အသုံးပြုခဲ့သည်။
ပိတ်ပွဲအခမ်းအနား
[ပြင်ဆင်ရန်]ပိတ်ပွဲကို နိုဝင်ဘာ ၂၂ ၌ ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုပွဲတွင် နောက် ၂၇ ကြိမ်မြောက် ဆီးဂိမ်းကို လက်ခံကျင်းပမည့် မြန်မာပြည်မှ အားကစားဝန်ကြီး ဦးတင့်ဆန်းမှ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အလံကို လက်ခံရယူခဲ့သည်။ ထိုပွဲတွင် မြန်မာယဉ်ကျေးမှုအဖွဲ့မှ အကြိုဖျော်ဖြေရေးအနေဖြင့် အပျိုတော်ယိမ်း၊ စည်းလုံးလို့နေသွေးချင်းတို့ရဲ့မြေနှင့် စည်တိုအကများ ဖျော်ဖြေခဲ့သည်။
ပါဝင်သည့် နိုင်ငံများ
[ပြင်ဆင်ရန်]- ဘရူနိုင်း(၆၀)
- ကမ္ဘောဒီးယား(၁၆၃)
- အင်ဒိုနီးရှား(၁၀၅၃)
- လာအို(၂၂၃)
- မလေးရှား(၆၀၈)
- မြန်မာ(၄၇၇)
- ဖိလစ်ပိုင်(၅၁၂)
- စင်ကာပူ(၄၁၉)
- ထိုင်း(၇၆၆)
- အရှေ့တီမော(၇၆)
- ဗီယက်နမ်(၆၀၈)
အားကစားနည်းများ
[ပြင်ဆင်ရန်]အားကစားနည်းပေါင်း ၄၃ မျိုး ထည့်သွင်းကျင်းပခဲ့သည်။
- ရေပိုင်းဆိုင်ရာအားကစားနည်းများ
- မြားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘေ့စ်ဘော
- ဘတ်စကက်ဘော
- ဘီလိယက်နှင့် စနူကာ
- လက်ဝှေ့
- ဘိုလင်း
- Bridge
- ကနူးလှေ
- စစ်တုရင်
- စက်ဘီးစီး
- BMX
- Mountain
- Road
- Track
- မြင်းစီး
- ဓားသိုင်း
- ဘောလုံး
- ဖူဆယ်
- ဂေါက်သီးရိုက်
- ကျွမ်းဘား
- ဂျူဒို
- ကရာတေး
- ကမ်ပို
- လေထီးခုန်
- ပန်ကြပ်ဆီလပ်
- ပီတန်း
- Roller Skating
- လှေလှော်
- ရွက်လှေ
- ပိုက်ကျော်ခြင်း
- သေနတ်ပစ်
- Softball
- Soft Tennis
- စားပွဲတင်တင်းနစ်
- တိုက်ကွမ်ဒို
- တင်းနစ်
- ရိုးရာလှေ
- ၃မျိုးဆင့် အားကစား
- ဘော်လီဘော
- ဗိုဗီနမ်
- Wall Climbing
- ရေလွှာလှိုင်းစီး
- အလေးမ
- နပန်း
- ဝူရှုး
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]- Key
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | အင်ဒိုနီးရှား* | ၁၈၂ | ၁၅၁ | ၁၄၃ | ၄၇၆ |
၂ | ထိုင်း | ၁၀၉ | ၁၀၁ | ၁၁၉ | ၃၂၉ |
၃ | ဗီယက်နမ် | ၉၆ | ၉၂ | ၁၀၀ | ၂၈၈ |
၄ | မလေးရှား | ၅၈ | ၆၀ | ၈၁ | ၁၈၉ |
၅ | စင်ကာပူ | ၄၂ | ၄၅ | ၇၄ | ၁၆၁ |
၆ | ဖိလစ်ပိုင် | ၃၇ | ၅၅ | ၇၇ | ၁၆၉ |
၇ | မြန်မာ | ၁၆ | ၂၇ | ၃၇ | ၈၀ |
၈ | လာအို | ၉ | ၁၂ | ၂၄ | ၃၉ |
၉ | ကမ္ဘောဒီးယား | ၄ | ၁၁ | ၂၄ | ၃၉ |
၁၀ | အရှေ့တီမော | ၁ | ၁ | ၆ | ၈ |
၁၁ | ဘရူနိုင်း | ၀ | ၄ | ၇ | ၁၁ |
စုစုပေါင်း (11 NOCs) | ၅၅၄ | ၄၄၉ | ၇၀၄ | ၁၈၀၇ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ 2011 SEA Games Calendar။ 3 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2018 တွင် ပြန်စစ်ပြီး။
- ↑ see header
- ↑ SEAGAMES 26th။ Seag2011.com (6 September 2006)။ 17 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 June 2011 တွင် ပြန်စစ်ပြီး။