မတူပီမြို့နယ်
မတူပီမြို့နယ် | |
---|---|
ချင်းပြည်နယ်အတွင်းရှိ မြို့နယ် | |
မတူပီခရိုင်အတွင်းတည်နေရာ | |
မတူပီခရိုင်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 21°36′17″N 93°26′27″E / 21.604751°N 93.440863°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | မတူပီ |
အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ | မတူပီမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၃၉,၀၈၆[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မတူပီမြို့နယ် သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီခရိုင်တွင် တည်ရှိပြီး၊ ချင်းပြည်နယ်၏ ဒုတိယ မြို့တော်အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က သတ်မှတ်ခြင်း ခံခဲ့ရသည်။ မတူပီမြို့နယ်တွင် မတူပီမြို့၊ ရေဇွာမြို့နှင့် လိုင်လင်းပီမြို့ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမှာာ မတူပီမြို့ ဖြစ်သည်။ မတူပီတွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃၉,၀၈၆ ယောက်[၁] ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]လွတ်လပ်ရေးရအပြီး ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရသော အနိုင်ရပါတီမှ အမတ် သီရိပျံချီ ဦးဆန်နိမ်းသည် မတူပီအား မြို့နယ်ရရှိအောင်ကြိုးပမ်းရာမှ ၂၂.၃.၁၉၄၉နေ့တွင် မတူပီမြို့နယ်ဖြစ်လာခဲ့ပြီး နယ်ပိုင်ရုံးစိုက်ခဲ့သည်။၂၅.၅.၁၉၇၃တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနမှ မတူပီမြို့ကိုလည်းကောင်း၊၁၇.၉.၁၉၇၃တွင် ရပ်ကွက်၊ကျေးရွာအုပ်စုများဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့သည်။[၂]မတူပီမြို့နယ်သည် မင်းတပ်ခရိုင်လေးမြို့နယ်တွင် ပါဝင်ခဲ့ရာမှ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် မတူပီမြို့နယ်မှာ မင်းတပ်ခရိုင်မှ မတူပီခရိုင်အတွင်း ပါဝင်လာခဲ့သည်။[၃][၄][၅]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၅ မိနစ်နှင့် ၂၂ ဒီဂရီ ၁၅ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၄မိနစ်နှင့် ၉၅ ဒီဂရီ ၁၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄၇၊ တောင်မှမြောက်သို့ ၆၈ မိုင်ရှိပြီး ၂၃၁၆.၈၁ စတုရန်းမိုင် ကျယ်ဝန်းသည်။[၆]
နယ်နိမိတ်
[ပြင်ဆင်ရန်]မတူပီမြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းရှိ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် မင်းတပ်မြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်၊အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ထန်တလန်မြို့နယ်များ တည်ရှိသည်။
လူဦးရေ
[ပြင်ဆင်ရန်]မတူပီမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မတူပီမြို့နယ် အတွင်း၌ နေထိုင်ကြသော ဌာနေလူမျိုးစုများမှာ
- ဒိုင်လူမျိုး
- မတူလူမျိုး
- မရာလူမျိုး
- ဒိုးမ်လူမျိုး
- စင်တလန်လူမျိုး
- ကောင်လောင်လူမျိုး
- တွီဖုန်းလူမျိုး စသည်တို့ ဖြစ်သည်။[ကိုးကားချက်လိုသည်]
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာ
[ပြင်ဆင်ရန်]အထက
[ပြင်ဆင်ရန်]အထက်တန်းကျောင်း ၈ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ရေဇာ
- အထက လိုင်လင်းပီ
- အထက လုံငိုး
- အထက ဆဘောင်းတယ်
- အထက စာလ်ထောင်
- အထက မားဒူ
အထက(ခွဲ)/အလက
[ပြင်ဆင်ရန်]- အလက (ထ(ခွဲ)) ဖနိုင်
- အလက (ထ(ခွဲ)) ဆဘောင်းပီ
- အလက (ထ(ခွဲ)) လေဆင်း
- အလက (ထ(ခွဲ)) ရှာတလိုင်း
- အလက (ထ(ခွဲ)) တိန်ဆီး
- အလက (ထ(ခွဲ)) တန်ကူ
- အလက (ထ(ခွဲ)) စခိုင်း
- အလက ငလိုင်
- အလက စန်တပ်
- အလက ဒါရ်လင်း
- အလက ရန်စီ
- အလက ရုန်း
- အလက လာလွီး
- အလက လေကန်း
- အလက အိုက္ကား
- အလက တီးဆီး
- အလက ဆတူး
- အလက ဆုံဆင်း(ခ)
*အလက တောင်ဘူ
- အလက အာရူ
- အလက ဟရင်ပီ(က)
- အလက ဟရင်ပီ(ခ)
- အလက လိုင်လင်းတဲ(ခ)
- အလက ပါဆင်း(က)
- အလက ပန်တွီး
- အလက ထောင်လန်
အမက
[ပြင်ဆင်ရန်]မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၇ကျောင်းရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
- ↑ မတူပီမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 13 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင် ခရိုင်ရုံး တည်ဆောက်ရန် လျာထားမှုကို သဘောမတူဘဲ မြို့၏ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌သာ ဆောက်လုပ်ရန် လိုလားကြောင်း ဒေသခံများက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း။ အီလဲဗင်း သတင်းစာ။
- ↑ ပလက်ဝမြို့နယ်အား မတူပီခရိုင်အတွင်း ထည့်သွင်းမဖွဲ့စည်းရန် ချင်းပါတီတောင်းဆို။ ဒီဗွီဘီ]။
- ↑ မတူပီခရိုင်ဖွဲ့စည်းရေး မြေနေရာအခက်အခဲကြောင့်ကြန့်ကြာ။ 28 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ မတူပီမြို့နယ်။ ချင်းပြည်နယ် အစိုးရအဖွဲ့။ 28 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |