Post-rock

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Post-rockသည် rock ဂီတ၏မျိုးခွဲတစ်မျိုးဖြစ်ပြီး သာမက rock နှင့် ပတ်သက်သော ကိရိယာတန်ဆာပလာများကို အသုံးပြု၍လွှမ်းမိုးထားသည်။ rhythနှင့် ဂစ်တာများအဖြစ် timbre နှင့် textures များကို အသုံးပြုထားသည်။ အစဉ်အလာအားဖြင့် rock တွင် မတွေ့ရှိနိုင်ပေ။ post-rock တီးဝိုင်းများမှာ မကြာခဏ vocal မပါဝင်ပေ။

Mogawai, Slint, Don Caballero နှင့် Tortoise တီးဝိုင်းမှာ အဓိကအရေးပါသော post-rock တီးဝိုင်းများဖြစ်သည်။ သို့သော် သူတို့၏ပုံစံများမှာ ဂစ်တာနှင့် ဒရမ်များအပေါ် မူတည်သော်လည်း အလွန်ကွဲပြားခြားနားသည်။ ၁၉၈၀ ၏ indie နှင့် underground များတွင် ခိုင်ခိုင်မြဲနေသော်လည်း ၉၀ ခုနှစ်များ post-rock ၏ပုံစံများမှာ indie rock နှင့် အနည်းငယ်ဆင်တူသည်။

မူရင်းဝေါဟာရ[ပြင်ဆင်ရန်]

Post-rockဟူသော ဝေါဟာရသည် ဝေဖန်ရေးဆရာ Simon Reynolds ၁၉၉၄ မတ်လတွင် ထုတ်ဝေခဲ့သော Mojo magazine တွင် Bark Psychosis ၏ Hex အယ်လ်ဘမ်တွင် ပြန်လည်စစ်ဆေးရာမှ ပေါ်ထွက်လာသည် ဟု ယူဆရသည်။ အဓိပ္ပာယ် ကွဲပြားနေသော်လည်း အမေရိကန်ဂျာနယ်လစ် James Wolcott က ၁၉၇၅ တွင် ဂီတသမား Todd Rundgren အကြောင်း ဆောင်းပါးတွင် ဤဝေါဟာရကို အသုံးပြုခဲ့သည်။ Rolling Stone Album Guide တွင် avant-rock သို့ out-rock ကိုဆိုလိုရာတွင် ဤစကားလုံးကို အသုံးပြုခဲ့သည်။ အခြားဥပမာတစ်ခုအနေဖြင့် ၁၉၉၂ခုနှစ်တွင် noise-pop တီးဝိုင်း The Earthmen ကို ပြန်လည် စစ်ဆေးခြင်းတွင် အသုံးပြုခဲ့သည်။

တိုးတက်လာမှု သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစောပိုင်း ရှေ့ပြေး[ပြင်ဆင်ရန်]

၁၉၆၀ နောက်ပိုင်းတွင် အမေရိကန်မှ The Velvet Underground ပေါ်ထွက်လာခဲ့ပြီး ကြီးမားစွာ လွှမ်းမိုးခဲ့သည်။ ဗြိတိသျှအုပ်စု Public image Ltd သည် တီထွင်သူများဖြစ်ပြီး NME က ပထမဆုံး post-rock အုပ်စုအဖြစ်ဖော်ပြခဲ့သည်။ သူတို့၏ ဒုတိယမြောက် အယ်လ်ဘမ် Metal Box (၁၉၇၉) တွင် traditional rock and roll တည်ဆောက်ပုံကို စွန့်လွတ်ခဲ့သည်။ dub နှင့် Krautrock တို့ကို အသုံးပြုခဲ့ပြီး (၁၉၇၉) The Flowers of Romance သည် သူတို့၏ တတိယမြောက်အယ်လ်ဘမ်သည် မူလဇစ်မြစ်နှင့်ဆိုင်သော ခွဲထွက်ခြင်းဖြစ်ပြီး tape ဂီတမှ ထုတ်နှုတ်ယူထားသည်။

၁၉၉၀ post-rock[ပြင်ဆင်ရန်]

၁၉၉၀ အစောပိုင်းတွင် Slint နှင့် Talk Talk တွင် post-rock များလွှမ်းမိုးဖြင်းအဖြစ် အမှတ်ရစရာဖြစ်လာခဲ့သည်။ Talk Talk ၏ ၁၉၈၈တွင် Spirit of Eden (၁၉၈၈) တွင် post-rock ကို မွေးဖွားစေခဲ့သည်။ ဤတီးဝိုင်းနှစ်ခု၏ အဖြစ်အပျက်တွင် အလွန်ကွဲပြားခြားနားသော်လည်း Talk Talk တီးဝိုင်းသည် art rock နှင့် new wave ဖြစ်ပြီး Slint သည် post-hardcore နှင့် math rock တို့ဖြစ်သည်။ သူတို့သည် ၁၉၉၀ ကိုဖြတ်သန်းလျက် post-rock လွှမ်းမိုးခဲ့သည်။

အင်္ဂလိပ်တီးဝိုင်းများဖြစ်သော Stereolab, Laika, Dixo Inferno, Moonshake, Seefeel, Bark Psychosis နှင့် Pram တို့သည် post-rock ကို ရေးဆွဲ၍ jazz နှင့် Kraoutrock တို့လွှမ်းမိုးစေခဲ့သည်။ ၁၉၉၄ တွင် electronica ကို ရောစပ်စေခဲ့သည်။ Cul deSac, Tortoise, Labradford, Bowery Electric နှင့် Stars of the Lid တို့သည် American post-rock လှုပ်ရှားမှုတွင် founder များဖြစ်လာခဲ့သည်။ The Second Tortoise LP Millions Now Living Will Never Die album သည် post-rock တီးဝိုင်းဖြစ်လာသည်။ တီးဝိုင်းအများစုဖြစ်သော(eg. Do Make Say Think) တို့သည် Tortoise –sound ဖြင့်ဂီတကို စတင်၍ မှတ်တမ်းတင်နိုင်ခဲ့သည်။

၁၉၉၀ နောက်ပိုင်းတွင် ချီကာဂိုမြို့ သည် post-rock နှင့်ပတ်သက်၍ ပြုလုပ်ဆောင်ရွက်ခြင်းအတွက် အခြေစိုက်ဖြစ်လာသည်။ Tortoise မှ John McEntire နှင့် Brise-Glace နှင့် Gastr del Sol တို့သည် အခြားအုပ်စုများအတွက် အရေးပါသော ထုတ်လုပ်သူများဖြစ်လာခဲ့သည်။ အရေးပါသော post-rock ပင်ရင်းဒေသများမှာ Montreal, မှ Godspeed You! Black Emperor နှင့် အခြားအုပ်စုများမှာ Silver MtZion နှင့် Fly Pan Amrecord နှင့် Constellation Record များသည် သတိပြုဖွယ်ကောင်းသော် record labelများဖြစ်လာခဲ့သည်။ ဤအုပ်စုများသည် အခြားစုများထက် အမြစ်တွယ်လာခဲ့သည်။

၂၀၀၀နှင့် ၂၀၁၀ post-rock[ပြင်ဆင်ရန်]

မကြာခဏသတ်မှတ် ဖော်ပြလေ့ရှိသော တီးဝိုင်းအချို့မှာ Cul de Sac, Tortise နှင့် Mogwai တို့ဖြစ်ကြပြီး label တို့ ငြင်းဆိုခံရသည်။ ယနေ့တွင် ဝေဖန်စာများရှိသော်လည်း post-rock သည် အရေးပါမှု ဆက်လက်တည်ရှိနေသည်။ Sigur Ros တီးဝိုင်းကြောင့် ၂၀၀၀ မှ post-rock တီးဝိုင်းများ လူသိများလာခဲ့သည်။ အများပြည်သူနှစ်သက်လာပြီး ရှေ့သို့ရှေ့ဆက်နိုင်ခဲ့ပြီး ရိုးရှင်းသောသီချင်းပုံစံများသည် တိုးတက်လာခဲ့ပြီး အကျိုးဖြစ်ထွန်းလာခဲ့သည်။ Explosions in the Sky, This Will Destroy You, Do make Say Think နှင့် Mono တို့ထောင်စုနှစ်သစ်တွင် လူကြိုက်များသော post-rock တီးဝိုင်းများဖြစ်လာခဲ့သည်။ ၁၃ နှစ်အတောအတွင်းတွင် experimental rock တီးဝိုင်း Swans သည် အယ်လ်ဘမ်အရေအတွက် များများထွက်လာခဲ့ပြီး To Be Kind သည် US နှင့် UK Top 40 နေရာသို့ ရောက်လာခဲ့သည်။

God is an Astronaut အိုင်ယာလန်တီးဝိုင်းသည် ၂၀၀၂ခုနှစ်တွင် တည်ထောင်ခဲ့ပြီး သူတို့၏ Rhythmic guitar riff များကို လူသိများလာခဲ့သည်။

ဂီတဆိုင်ရာ ဝိသေသလက္ခဏာ[ပြင်ဆင်ရန်]

Post-rock sound သည် ဂီတဆိုင်ရာမျိုးခွဲများစွာများမှ ဝိသေသလက္ခဏာများနှင့် ပေါင်းစပ်ထားပြီး post-punk, progressive rock, space rock, ambient, club,electonica နှင့် experimental နှင့် Jazz ပုံစံအမျိုးမျိုးဖြစ်သော cool jazz, avant-garde jazz နှင့် free jazz တို့ပါဝင်သည်။ အစောပိုင်း post-rock အုပ်စုများ ရ၀s krautrock ၏ပြင်းထန်သော လွှမ်းမိုးမှုများကို ခင်းကျင်းပြသခဲ့ပြီး အထူးသဖြင့် Krautrock rhythm မှ ဝိသေသလက္ခဏာ အစိတ်အပိုင်းများဖြစ်သည်။ Post-rock သည် အနုစိတ်ပြောင်းလဲမှုများနှင့် ပေါင်းစပ်ထားသည်။ တီထွင်သူအနည်းဆုံး အရေအတွက်ထဲတွင် Steve Reich, Philip Glass နှင့် Brian Eno တို့ပါဝင်သည်။ post-rock ၏အစိတ်အပိုင်းထဲတွင် ရှည်လျားသော ကိရိယာတန်ဆာပလာများ ဖြစ်ပြီး timbre, dynamics နှင့် texture တို့ပါဝင်သည်။

Post-rock တွင် vocal များကို မကြာခဏ ချန်လှပ်ထားကြပြီး တစ်ခါတစ်ရံတွင် လုံးလုံးဖျောက်ထားသည်။ တချို့ post-rock တီးဝိုင်းများ vocalများ ကိရိယာတန်ဆာပလာများဖြစ် ကြိုးပမ်းထားကြပြီး ကဗျာဆန်သော စာသားများ ရေးစပ်ထားသည်။ post-rock vocal များမှာ နူးညံကြသည်။ Sigur Ros တီးဝိုင်းသည် ထူးခြားသော vocal များဖြစ်သည်။ မပီမသသီဆိုကြပြီး ဂီတသို့ အခြားတူရိယာများနှင့် ချိန်ညှိထားသည်။

ကျယ်ပြန့်စွာ စမ်းသပ်လေ့လာခြင်းနှင့် အခြားမျိုးခွဲများနှင့် ရောစပ်ထားသည်မှာ မကြာမီက Post-rock ဖြစ်ရပ်ဖြစ်သည်။ Cult of luna, Isis, Russian Circles, Palms, Deftones နှင့် Pelican များသည် metalနှင့် post-rock ပုံစံများရောစပ်ထားသည်။ အလားတူတီးဝိုင်းများဖြစ်သော Altar of Plagues, Lantlosနှင့် Agalloch post-rockနှင့် black metal သို့ရောက်ထားပြီးသည်။ မျိုးတူစုပေါင်းစမ်းသပ်ထားခြင်းနှင့် ရောနှောထားခြင်းသည် post-rock နှင့် အမျိုးအစားတစ်မျိုးပေါင်းစပ်ခြင်းထက် ကျော်လွန်သွားသည်။ အထူးသဖြင့် Deagheaven တွင် တွေ့နိုင်သည်။