၉၆၉ လှုပ်ရှားမှု
၉၆၉ အမှတ်တံဆိပ် သင်္ကေတ | |
| ဦးဆောင်သူ | အရှင်ဝီရသူ |
|---|---|
| အမျိုးအစား | အမျိုးသားရေး အဖွဲ့အစည်း |
| ရင်းမြစ် | |
| နိုင်ငံရေးခံယူချက် | အစ္စလာမ် ဆန့်ကျင်ရေး၊ ဗုဒ္ဓဘာသာ ပြန်လည်နိုးကြားစေရေး |
| ဘာသာတရား | ဗုဒ္ဓဘာသာ |
၉၆၉ လှုပ်ရှားမှု သည် မြန်မာနိုင်ငံတွင်း ဗုဒ္ဓဘာသာနဲ့ အမျိုးသားရေး လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ၉၆၉ ဂဏန်း အမှတ်တံဆိပ်သည် ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော် ၉ ပါး၊ ဓမ္မတရားတော်၏ ဂုဏ်တော် ၆ ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော် ၉ ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါး ကို ရည်ညွှန်းသည့် သင်္ကေတအမှတ်တံဆိပ် ဖြစ်သည်။[၁][၂][၃]
ဤလှုပ်ရှားမှုအား မြန်မာနိုင်ငံအား မလိုမုန်းထားသူများမှ မြန်မာနိုင်ငံအား မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုဟု လက်ခံထားကြသည်။ ၉၆၉ လှုပ်ရှားမှုသည် မည်သည့်ဘာသာကိုမှ စော်ကားခြင်းမရှိဘဲ ရခိုင်လူမျိုးများအား ခြိမ်းခြောက်နေသော ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားအသိအမှတ်ပြုရန် တောင်းခံနေသည့် ဘင်္ဂါလီလူမျိုး အကြမ်းဖက်များအား ဦးတည်သည့် ကာကွယ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်သည်ဟု ဆရာတော် ဦးဝီရသူက ဆိုသည်။[၄] ဤလှုပ်ရှားမှုသည် သာသနာရေးဝန်ကြီးဌာန၏ အရာထမ်းတစ်ဦးဖြစ်သူ ဦးကျော်လွင်က ၁၉၉၀ ဝန်းကျင်တွင် ရေးသားခဲ့သော စာအုပ်မှ အခြေခံခဲ့သည်ဟု Alex Bookbinder က The Atlantic မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ အရှေ့တောင်အာရှဒေသတွင် မွတ်ဆလင်များသည် "In the Name of Allah, the Compassionate and Merciful" ဟူသော စာသားအား ဂဏန်းသင်္ကေတ ၇၈၆ ဖြင့် ကိုယ်စားပြု ဖော်ပြကြပြီး စီးပွားရေးလုပ်ငန်းများတွင် ထိုဂဏန်းကို ဖော်ပြထားခြင်းဖြင့် မွတ်ဆလင်များ ပိုင်ဆိုင်ကြောင်း ပြသကြသည်။ ၇၊ ၈ နှင့် ၉ ဂဏန်းများ ပေါင်းခြင်းသည် ၂၁ ဖြစ်သဖြင့် ဤသည်ကို ၂၁ ရာစုတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးအား မွတ်ဆလင်များက သိမ်းပိုက်မည့်ဟု အဓိပ္ပါယ်ရသည်။
ဦးဝီရသူ
[ပြင်ဆင်ရန်]ဆရာတော် ဦးဝီရသူသည် ဤလှုပ်ရှားမှု၏ ဦးဆောင်သူအဖြစ် သတ်မှတ်ထားကြသည်။ မွတ်ဆလင်များ ပိုင်ဆိုင်သည့် ဈေးဆိုင်များကို သပိတ်မှောက်ခြင်းအား ဦးဝီရသူက အားပေးထောက်ခံခဲ့သည်ဟု ဆိုသည်။[၅][၆][၇] ၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ ကဲ့သို့သော ဖြစ်ရပ်များကြောင့် ဤလှုပ်ရှားမှုသည် ကြားခံဖြစ်ရကြောင်းနှင့် ၉၆၉ သည် အကြမ်းမဖက် လှုပ်ရှားမှု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၃][၈]
၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်းမျက်နှာဖုံးတွင် ဦးဝီရသူအား "The Face of Buddhist Terror" ဟု ရည်ညွှန်းဖော်ပြခဲ့သည်။[၉]တိုင်းမ် ဆောင်းပါးပါ အချက်များအား ဦးဝီရသူက ငြင်းဆိုခဲ့သည်။[၁၀][၂] ယင်းမကြာမီ ဦးဝီရသူ မျက်နှာဖုံးဆောင်းပါးပါ ၂၀၁၃ ဇွန်လထုတ် တိုင်းမ် မဂ္ဂဇင်းအား မြန်မာနိုင်ငံတွင် ပိတ်ပင်ခဲ့သည်။[၁၁]
၂၀၁၄ စက်တင်ဘာလတွင် Bodu Bala Sena အဖွဲ့က "သံဃာ့အစည်းအဝေး" ကို ကိုလံဘိုမြို့တွင် ပြုလုပ်ခဲ့ရာ ဦးဝီရသူ တက်ရောက်ခဲ့ပြီး ၉၆၉ လှုပ်ရှားမှုကြီးအနေဖြင့် Bodu Bala Sena နှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့သည်။[၁၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ 969: The Strange Numerological Basis for Burma's Religious Violence - Alex Bookbinder။ The Atlantic (9 April 2013)။ 19 October 2013 တွင် ပြန်စစ်ပြီး။
- 1 2 Extremism builds among Myanmar’s Buddhists | Seattle Times Newspaper။ Seattletimes.com (21 June 2013)။ 19 October 2013 တွင် ပြန်စစ်ပြီး။
- 1 2 Root Out the Source of Meikhtila Unrest။ Irrawaddy.org။ 19 October 2013 တွင် ပြန်စစ်ပြီး။
- ↑ "Religious radicals driving "Myanmar's" unrest"၊ 31 March 2013။ 14 March 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 24 December 2018။
- ↑ "Burma's Bin Laden, the Buddhist monk who fuels hatred - video | World news"၊ London: theguardian.com၊ 16 April 2013။ 19 October 2013 တွင် ပြန်စစ်ပြီး။
- ↑ Fanatical Buddhist Monk Saydaw Wirathu Calling for Boycott of Myanmar Muslims [VIDEO] - IBTimes UK။ Ibtimes.co.uk (26 March 2013)။ 19 October 2013 တွင် ပြန်စစ်ပြီး။
- ↑ The 'Burmese bin Laden' fomenting violence against Myanmar's Muslims | The National။ Thenational.ae (29 March 2013)။ 19 October 2013 တွင် ပြန်စစ်ပြီး။
- ↑ Matthew J Walton။ "Buddhism turns violent in Myanmar"၊ 2 April 2013။ 14 March 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 14 September 2014။
- ↑ Beech၊ Hannah။ "The Buddhist Monks Advocating Intolerance in Asia"၊ TIME၊ 1 July 2013။ 19 October 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 24 December 2018။
- ↑ Myanmar Monk Rejects Terrorist Label Following Communal Clashes။ Rfa.org။ 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 October 2013 တွင် ပြန်စစ်ပြီး။
- ↑ Williams၊ Alex (28 June 2013)။ Myanmar bans TIME Magazine over ‘Buddhist Terror’ cover story (video)။ Inside Investor။ 15 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 June 2013 တွင် ပြန်စစ်ပြီး။
- ↑ "Ashin Wirathu Thera of Myanmar to work with BBS"၊ Daily Mirror (Sri Lanka)၊ 28 September 2014။