တိုင်းမ် မဂ္ဂဇင်း
ပုံပန်းသွင်ပြင်
အယ်ဒီတာ | Richard Stengel |
---|---|
အမျိုးအစား | သတင်း မဂ္ဂဇင်း |
စောင်ရေ | ၃,၃၆၀,၁၃၅ |
ပထမဆုံး | ၁၉၂၃ မတ်လ ၂၃ရက် |
ကုမ္ပဏီ | Time Inc.(Time Warner) |
နိုင်ငံ | အမေရိကန် ပြည်ထောင်စု |
အခြေစိုက်သည့်နေရာ | နယူးယောက်မြို့ |
ဘာသာစကား | အင်္ဂလိပ် |
ဝက်ဘ်ဆိုဒ် | www.time.com |
ISSN | 0040-781X |
တိုင်းမ် မဂ္ဂဇင်းသည် အမေရိကန်ပြည်ထောင်စု မှ ထုတ်ဝေသော သတင်း မဂ္ဂဇင်းတစ်ခု ဖြစ်သည်။ ဥရောပ တွင် ထုတ်ဝေသော တိုင်းမ်မဂ္ဂဇင်းကို လန်ဒန်မှ ထုတ်ဝေသည်။ ဥရောပ တိုင်းမ် မဂ္ဂဇင်းတွင် အရှေ့အလယ်ပိုင်းနှင့် အာဖရိက သတင်းများကိုလည်း ဖော်ပြပြီး ၂၀၀၃ ခုနှစ်မှ စတင်၍ လက်တင် အမေရိကား သတင်းများကိုလည်း ဖော်ပြခဲ့သည်။ အာရှတွင် ထုတ်ဝေသော တိုင်းမ်းမဂ္ဂဇင်းကို ဟောင်ကောင်မှ ထုတ်ဝေသည်။ ၂၀၀၉ ခုနှစ်မှ စ၍ တိုင်းသည် ကနေဒါတွင် ထုတ်ဝေသော တိုင်းမ်ကြော်ငြာ မဂ္ဂဇင်းကို ဆက်လက်ထုတ်ဝေခြင်း မရှိတော့ပေ။ နယူးဇီလန်၊ ဩစတြေးလျ နှင့် ပစိဖိတ် ကျွန်းများ အကြောင်း အသားပေးသော တိုင်းမဂ္ဂဇင်းကို ဆစ်ဒနီမြို့မှ ဖြန့်ချိသည်။