၂၀၂၂ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၂၀၂၂ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ
ကျင်းပရာမြို့တရုတ်ပြည်သူ့သမ္မတနိုင်ငံဟန်ကျိုးမြို့
ဆောင်ပုဒ်Hearts Meet, Dreams Shine
ပါဝင်သော နိုင်ငံများ၄၃
ကစားပွဲအမျိုးအစား၆၁၆ (၂၂မျိုး)
ဖွင့်ပွဲအခမ်းအနား၂၂ အောက်တိုဘာ ၂၀၂၃
ပိတ်ပွဲအခမ်းအနား၂၈ အောက်တိုဘာ ၂၀၂၃
၂၀၁၈ ၂၀၂၆  >

၂၀၂၂ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 Asian Para Games)သည် တရုတ်နိုင်ငံဟန်ကျိုးမြို့တွင် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၈ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပမည့် စတုတ္ထအကြိမ် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲဖြစ်သည်။တရုတ်နိုင်ငံသည် ၂၀၁၀ပွဲ​တော်ကို လက်ခံကျင်းပခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပမည်ဖြစ်သည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

အိမ်ရှင်ရွေးချယ်ခြင်း[ပြင်ဆင်ရန်]

ပြိုင်ပွဲ၏ အစဉ်အလာအရ အာရှအားကစားပြိုင်ပွဲကို ကျင်းပမည့် မြို့သည် မသန်စွမ်းအားကစားပြိုင်ပွဲကို ဆက်လက် ကျင်းပရသည်။

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့သည် ၂၀၂၂ အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပခွင့် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ထိုင်းနိုင်ငံအနေဖြင့် အိမ်ရှင်ဖြစ်ခွင့် ယှဉ်ပြိုင်ရန် ရှိသော်လည်း အစိုးရထံမှ အကြောင်းပြန်မှု နှောင့်နှေးသဖြင့် နောက်ဆုံးရက်ကို ကျော်လွန်သွားခဲ့သည်။ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီအနေဖြင့် နောက်ဆုံးရက်ကို ရွှေ့ဆိုင်းပေးရန် အာရှ အိုလံပစ်ကောင်စီကို တင်ပြသော်လည်း ငြင်းပယ်ခဲ့သည်။ထို့ကြောင့် ဟန်ကျိုးမြို့သည် ပြိုင်ဘက်မရှိ ၂၀၂၂ ပွဲတော်များကိုကျင်းပခွင့် ရခဲ့သည်။

၂၀၁၈ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် အာရှမသန်စွမ်းအားကစားကော်မတီက တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့အား ၂၀၂၂ အာရှမသန်စွမ်း အားကစားပြိုင်ပွဲကို ကျင်းပခွင့်ပေးကြောင်း တရားဝင် ကြေညာခဲ့သည်။

ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]

၂၀၂၂ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ပြေးလမ်းပေါ်တွင် ရှေ့သို့ ချီတက်နေသော ဘီးတပ်ကုလားထိုင်နှင့် အားကစားသမား တစ်ဦးဖြစ်သည်။[၁]

လာဘ်ကောင်[ပြင်ဆင်ရန်]

၂၀၂၂ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ် လာဘ်ကောင်မှာ Fei Fei ဟုခေါ်သော အပြာရောင် ငှက်ဖြစ်သည်။[၂]

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ပါဝင်မည့်နိုင်ငံများ[ပြင်ဆင်ရန်]

အာရှမသန်စွမ်းအားကစား​ကော်မတီအဖွဲ့ဝင် နိုင်ငံများ ဝင်​ရောက်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းရသည်။

အားကစားနည်းများ[ပြင်ဆင်ရန်]

အားကစားနည်းများ
  • ​ရေကူး
  • မြားပစ်
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • Boccia
  • မသန်စွမ်းကနူး​လှေ
  • စက်ဘီးစီး
    • road
    • track
  • ဘောလုံး (၅​ယောက်)
  • Goalball
  • ဂျူဒို
  • Lawn bowls
  • Powerlifting
  • ​လှေ​လှော်
  • ​​သေနတ်ပစ်
  • ​စားပွဲတင်တင်းနစ်
  • ​​ထိုင်လျက်ဘော်လီ​ဘော
  • ​Board Games
    • စစ်တုရင်
    • Go
  • တိုက်ကွမ်ဒို
  • ​ဘီးတပ်ကုလားထိုင် ဘက်စကတ်​ဘော
  • ​ဘီးတပ်ကုလားထိုင် ဓားသိုင်း
  • ​ဘီးတပ်ကုလားထိုင် တင်းနစ်

ကိုးကား[ပြင်ဆင်ရန်]

  1. Official emblem and slogan for Hangzhou 2022 Asian Para Games unveiled။ 15 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 September 2021 တွင် ပြန်စစ်ပြီး။
  2. Fei Fei the bird revealed as mascot of Hangzhou 2022 Asian Para Games (16 April 2020)။