အာဆီယံ စမတ်စီးတီး ကွန်ယက်

ဝီကီပီးဒီးယား မှ

အာဆီယံ စမတ်စီးတီး ကွန်ယက် (အင်္ဂလိပ်: ASEAN Smart Cities Network (ASCN)) သည် အာဆီယံနိုင်ငံများအကြား ဖော်ဆောင်နေသည့် စမတ်စီးတီး ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းဖြစ်သည်။ စမတ်မြို့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွယ်ကူစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပုဂ္ဂလိက ကဏ္ဍ စီမံကိန်းများကို အထောက်အကူပြုရန်၊ အာဆီယံပြင်ပ ထောက်ပံ့သူများထံမှ ရန်ပုံငွေနှင့် အထောက်အပံ့များ လုံခြုံစေရန် တို့ဖြစ်သည်။[၁]၂၀၁၈ ခုနှစ် စင်ကာပူနိုင်ငံအလှည့်ကျအိမ်ရှင် ဆောင်ရွက်စဉ်က ၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် စင်ကာပူမှ တင်သွင်းသော အဓိက အကြောင်းအရာ ဖြစ်သည်။ [၂]အာဆီယံ စမတ်စီးတီး ကွန်ယက်၏ ပထမဆုံး အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင် ၈ ရက်နေ့က ကျင်းပခဲ့သည်။

နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်]

အာဆီယံ စမတ်စီးတီး ကွန်ယက်သည် ဒေသတွင်း အလွန်လျင်မြန်သော မြို့ပြ လူနေမှု တိုးတက်ခြင်း၏ ရလဒ်ဖြစ်သည်။ အာဆီယံဒေသ၏ တိုးတက်မှုများသည် မြို့ပြစင်တာများဖြင့် ခွဲခြားထားသည်။ ၂၀၃၀ တွင် လူဦးရေ သန်း ၉၀ သည် မြို့ပြဖွံ့ဖြိုးမှုသို့ ရောက်မည်ဟု မျှော်မှန်းရပြီး အလယ်အလတ်မြို့များသည် လူဦးရေ ၂၀၀၀၀၀ မှ ၂ သန်းအထိ ရှိနိုင်သည်။ အာဆီယံ စမတ်စီးတီး ကွန်ယက်သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာများ ဒစ်ဂျစ်တယ်ဖြေရှင်းနည်းများကို အကူအညီပြုရန် ရည်ရွယ်ပြီး ထိုရည်ရွယ်ချက်မှာ မြို့ပြ-ကျေးလက်ဒေသ လူများ၏ နေထိုင်မှု တိုးတက်စေရန်ကို အထောက်အကူပြုသည်။

အာဆီယံ စမတ်စီးတီး ကွန်ယက် အတွင်း ပါဝင်သော မြို့များ[ပြင်ဆင်ရန်]

အောက်ပါတို့မှာ သက်ဆိုင်ရာ အာဆီယံနိုင်ငံအသီးသီးမှ တင်သွင်းသော အာဆီယံ စမတ်စီးတီး ကွန်ယက် ၂၆ မြို့ဖြစ်သည်။

၂၆ မြို့၏ မြေပုံမန္တလေးမြို့ဟနွိုင်းမြို့လွမ်ပရာဘွမ်မြို့နေပြည်တော်မြို့ဗီယင်ကျန်းမြို့ရန်ကုန်မြို့ဒါနန်မြို့မနီလာမြို့ဘန်ကောက်မြို့ဆီယမ်ရိမြို့ဘန်တဘန်မြို့ချောင်ဘူရီမြို့ဖနွမ်းပင်မြို့ဟိုချီမင်းစီးတီးစီဘူးမြို့ဖူးခက်မြို့ဒါဗောင်းမြို့ကိုတာ ကင်နာဘာလူးမြို့ဘန်ဒါဆရီဘဂါဝမ်မြို့ကွာလာလမ်ပူမြို့ဂျဟိုးဘာရူးမြို့စင်ကာပူနိုင်ငံကူချင်းမြို့မာကတ်ဆာမြို့ဂျကာတာမြို့ဘန်ယူဝမ်ဂီမြို့
၂၆ မြို့၏ မြေပုံ

ကိုယ်စားလှယ်များ[ပြင်ဆင်ရန်]

အာဆီယံ အဖွဲ့ဝင်နိုင်ငံတိုင်းသည် နိုင်ငံ၏ ကိုယ်စားပြုမြို့များကို စာရင်းတင်သွင်းကြသည်။ ထို့အပြင် မြို့တိုင်းသည် စမတ်စီးတီး ခေါင်းဆောင်အရာရှိ (Chief Smart City Officer) ကို အမည်စာရင်း တင်သွင်းရသည်။[၁]ထို့ကြောင့် နိုင်ငံတော်အဆင့်နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးရာအဆင့် တို့တွင် ကိုယ်စားပြုသူများရှိသည်။ အောက်ပါဇယားမှာ ကွန်ယက်နှင့် မြို့၏ အဆက်အသွယ်ဖြစ်သော စမတ်စီးတီး ခေါင်းဆောင်အရာရှိများဖြစ်သည်။

မြို့ စမတ်စီးတီး ခေါင်းဆောင်အရာရှိ သတ်မှတ်ချက်
ဘန်ဒါဆရီဘီဂါဝန် Haji Ali Matyassin ဥက္ကဋ္ဌ၊ ဘန်ဒါဆရီဘီဂါဝန် စည်ပင်သာယာဌာန
ဘန်တဘန် Soeum Bunrith ဒုတိယ အုပ်ချုပ်ရေးမှူး၊ ဘန်ဒါဘန် ပြည်နယ်
ဖနွမ်းပင် Seng Vannak အုပ်ချုပ်ရေး ခေါင်းဆောင်
စီရမ် ရိ Ly Samreth ဒုတိယ အုပ်ချုပ်ရေးမှူး၊ စီရမ် ရိ ပြည်နယ်
မာကာဆာ Ismail Hajiali ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဌာန ခေါင်းဆောင်၊ မာကာဆာမြို့ အစိုးရအဖွဲ့
ဘန်ယူဝမ်ဂီ Budi Santoso သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဌာန ခေါင်းဆောင်၊ ဘန်ယူဝမ်ဂီ အစိုးရအဖွဲ့
ဂျာကာတာ Dian Ekowati ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဌာန ခေါင်းဆောင်
လူအမ် ပရာဘွမ် Soukan Bounnyong မြို့တော်ဝန်
ဗီယင်ကျနိး Bouchan Keosithamma ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ဆက်သွယ်ရေး (ဗီယင်ကျန်း မြို့တော်)၏ လက်ထောက် ညွှန်ကြားရေးမှူး
ဂျိုဟာ ဘယ်ရူ Maimunah Jaffar စီမံကိန်းနှင့် လိုက်နာရေးဌာန ခေါင်းဆောင်
ကွာလာလမ်ပူ Datuk Najib bin Mohamad အုပ်ချုပ်ရေး ဒါရိုက်တာ (စီမံကိန်းဌာန)
ကိုတာ ကင်နာဘလူ Stanley Chong Hon Chung

Tantinny Fung Chew Li

မြို့စီမံကိန်းဌာန ဒါရိုက်တာ (Dewan Bandaraya Kota Kinabalu)

မြို့စီမံကိန်း ဌာန၊ စီမံကိန်းရေးဆွဲသူ ( Dewan Bandaraya Kota Kinabalu)

ကူချင်း Julin Alen လက်ထောက်ဒါရိုက်တာ ပြည်နယ် စီမံကိန်းဌာနခွဲ၊ ပြည်နယ် ဝန်ကြီးချုပ်ဌာန၊ ဆာရာဝပ်ပြည်နယ်
နေပြည်တော် မျိုးအောင် အမြဲတမ်း အတွင်းဝန်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ
မန္တလေး ဦးရဲမြတ်သူ ကော်မတီ အဖွဲ့ဝင်၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ
ရန်ကုန် တင်တင်ကြည် မြို့ပြ စီမံကိန်းရေးဆွဲရေး ဌာန၊ ဒါရိုက်တာ

ကိုယ်စားလှယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

ဆီဘူး Nigel Paul C. Villarete မြို့အုပ်ချုပ်ရေးမှူး
ဒါဗို Mgen Benito Antonio T De Leon Afp

Rowena Henedine Dominguez-Narajos

ပြည်သူ့ လုံခြုံမှုနှင့် လုံခြုံရေး အမိန့်ပေးဌာန ခေါင်းဆောင်

သတင်းအချက်အလက် နည်းပညာ အရာရှိ ၂

မနီလာ Mario Zapatos Oblefias ခေါင်းဆောင်၊ အီလက်ထရောနစ် အချက်အလက် စုဆောင်းရေးဌာန၊ မနီလာမြို့တော်ခန်းမ
စင်ကာပူ Tan Chee Hau ဒါရိုက်တာ (စီမံကိန်းနှင့် ဦးစားပေး) စမတ်နိုင်ငံနှင့် ဒီဂျစ်တယ်အစိုးရ ရုံး၊

ဝန်ကြီးချုပ်ရုံး

ဘန်ကောက် Chaiwat Thongkamkoon အထွေထွေ ဒါရိုက်တာ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ယာဉ်ကြောရေးရာ မူဝါဒနှင့် စီမံကိန်းဌာန
ချောင်ဘူရီ Seksan Phunboonmee မူဝါဒနှင့် စီမံကိန်း သုံးသပ်သူ၊ စွမ်းအင်မူဝါဒနှင့် စီမံကိန်းရုံး၊ စွမ်းအင်ဝန်ကြီးဌာန
ဖူးခက် Passakon Prathombutr အကြီးတန်း အမှုဆောင် ဒုတိယဥက္ကဋ္ဌ၊ ဒစ်ဂျစ်တယ် စီးပွားရေး တိုးဆက်ရေး အေဂျင်စီ
ဒါနန်း Nguyen Quang Thanh ဒါရိုက်တာ၊ ဒါနန်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဌာန
ဟနွိုင်း Nguyen Duc Chung ဥက္ကဋ္ဌ၊ ဟနွိုင်း ပြည်သူ့ကော်မတီ
ဟိုချီမင်းစီးတီး Tran Vinh Tuyen ဒုတိယ ဥက္ကဋ္ဌ၊ ဟိုချီမင်းစီးတီး ပြည်သူ့ ကော်မတီ

အထောက်အပံ့နှင့် လုပ်ဖော်ကိုင်ဖက်များ[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် မတ်လတွင် ဩစတြေးလျနိုင်ငံသည် ဩစတြေးလျဒေါ်လာ ၃၀မီလီယံကို အာဆီယံဒေသတွင် စမတ်စီးတီး တိုးတက်ရေးအတွက် ရန်ပုံငွေထောက်ပံ့ကြောင်း ကြေညာခဲ့သည်။[၃]

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပသော အာဆီယံ စမတ်စီးတီး ကွန်ယက်၏ အဖွင့် အစည်းအဝေးတွင် သဘောတူညီချက် ၅ ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ [၄] ထိုအထဲတွင် ကုလသမဂ္ဂ ဖွံးဖြိုးရေး အစီအစဉ် (အင်္ဂလိပ်: (UNDP)) နှင့် ဂျပန်ပြည်ပကုန်သွယ်ရေး အဖွဲ့အစည်း (အင်္ဂလိပ်: Japan External Trade Organisation (JETRO))တို့နှင့် လက်မှတ်ရေးထိုးခြင်းလည်း ပါဝင်ခဲ့သည်။ ဤသည်မှာ အာရှ-ပစိဖိတ်ဒေသတွင်း တိုးတက်မှုကဏ္ဍအတွက် အာဆီယံ စမတ်စီးတီး ကွန်ယက်ကို အထောက်အပံ့ပေးနေကြောင်းကို ဖော်ပြလျက်ရှိသည်။[၅]ထို့အပြင် အာမတ်တာ စမတ်စီးတီး ကော်ပိုရေးရှင်း ချောင်ဘူရီနှင့် ယိုကိုဟားမား မြို့ပြမဟာမိတ်အဖွဲ့တို့နှင့်လည်း လက်မှတ်ရေးထိုးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Concept Note of the ASEAN Smart Cities Network။ 30 April 2018 တွင် ပြန်စစ်ပြီး။
  2. 32nd ASEAN Summit - Chairmans Statement။ 6 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 November 2018 တွင် ပြန်စစ်ပြီး။
  3. The Straits Times။ "Turnbull unveils $30m fund for Asean smart cities" (in en)၊ The Straits Times၊ 2018-03-18။ 
  4. "Five agreements inked to take Asean’s smart cities plan forward"၊ TODAYonline 
  5. Exchange of MOU with UNDP regarding SDGs | JETRO Topics - About Us - Japan External Trade Organization - JETRO (in en)။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]