မာတိကာသို့ ခုန်သွားရန်

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ

ဝီကီပီးဒီးယား မှ
Naypyidaw Development Committee
နေပြည်တော်အစိုးရအဖွဲ့အစည်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းခြင်းဒီဇင်ဘာ ၂၉၊ ၂၀၀၉; ၁၅ နှစ် အကြာက (၂၀၀၉-၁၂-29)
ဌာနချုပ်နေပြည်တော် မြို့တော်ခန်းမ
ဌာနအကြီးအမှူးများ၊ ဥက္ကဋ္ဌ ဦးတင်ဦးလွင် []
ဝက်ဘ်ဆိုက်nptdc.gov.mm

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (အင်္ဂလိပ်: Naypyidaw Development Committee; အတိုကောက် NPTDC) သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်၏ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်သည်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီသည် နေပြည်တော်ကောင်စီနှင့် သီးခြားဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

နေပြည်တော် စည်ပင်သာယာရေး ကော်မတီကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် နေပြည်တော် စည်ပင်သာယာရေး ဥပဒေအရ ဖွဲ့စည်းခဲ့သည်။[] အဖွဲ့ဝင် ၅ ဦးမှ ၉ ဦးအထိ ပါဝင်ပြီး ဥက္ကဋ္ဌက မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌက ဒုတိယမြို့တော်ဝန်အဖြစ်လည်းကောင်း တာဝန်ယူသည်။[]

ဌာနများ

[ပြင်ဆင်ရန်]

1.မြို့တော်ဝန်ရုံး

2.စီမံရေးရာဌာန

3.ဘတ်ဂျက်နှင့် ငွေစာရင်းဌာန

4.စစ်ဆေးရေးဌာန

5.ညှိနှိုင်းဆောင်ရွက်ရေးဌာန

6.ရာပြတ်ဌာန

7.အခွန်ဌာန

8. ဈေးများဌာန

9.တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန

10.ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန

11.အင်ဂျင်နီယာဌာန (လမ်းတံတား)

12.အင်ဂျင်နီယာဌာန (အဆောက်အအုံ)

13.အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)

14.စက်ရုံနှင့်မော်တော်ယာဉ်ဌာန

15.ဗဟိုပစ္စည်းထိန်းဌာန

16.ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန

17.ကျန်းမာရေးဌာန

18.လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန

19.မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

20. ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန

21.ထုတ်လုပ်ရေးဌာန

22. နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

23.ဘိလပ်မြေစက်ရုံ(နေပြည်တော်)

24.နေပြည်တော်အုတ်စက်ရုံ

25.ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

26. မြို့တော်ဂေါက်ကွင်း[]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. https://www.moi.gov.mm/general-pdf/13696
  2. Htoo Thant။ "Nay Pyi Taw Council to build more staff housing"၊ Myanmar Times၊ 28 January 2015 27 June 2015 တွင် ပြန်စစ်ပြီး
  3. 1 2 State Peace and Development Council။ "The Nay Pyi Taw Development Law"၊ The New Light of Myanmar၊ 30 December 2009 27 June 2015 တွင် ပြန်စစ်ပြီး
  4. https://www.nptdc.gov.mm/index.php

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]