ပတ္တလား

ဝီကီပီးဒီးယား မှ
ပတ္တလားပညာရှင် ဦးရည်နွယ်

ပတ္တလား = Sanskrit ဝါဒ္ယ+Myan တလား (ပတ္တလား = xylophone ) တလား မွန်ဘာသာ၌ “တလာ” (အသံထွက် - တလား) သည် “သေတ္တာ” ဟု အဓိပ္ပာယ်ရသည်။ သေတ္တာပုံရှိသော ဗုံတူရိယာကို “ဗာတ်တလာ” ဟုခေါ်သည်။ ယင်းတူရိယာကို မြန်မာတို့က “ပတ္တလား” ဟု ခေါ်ပါသည်။ မွန်စကားလုံး “တ္လာ” နှင့် မြန်မာ “သစ်” ကို ပေါင်းလိုက်သောအခါ “သစ်တ္လာ”၊ ထိုမှတစ်ဖန် “သေတ္တာ” ဟု ဖြစ်လာဖွယ်ရှိသည်။

ပတ္တလားတွင် ဝါးပတ္တလား၊ သံပတ္တလား၊ ကြေးပတ္တလားဟူ၍ သုံးမျိုးရှိသည်။ ဝါးပတ္တလား မှာ သုံးစွဲမှု အများဆုံးဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

ကျောက်စာအထောက်အထား[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ပတ္တလားကို သက္ကရာဇ် ၈၄၁-ခုနှစ်တွင် ဓမ္မစေတီမင်း၏ ကလျာဏီကျောက်စာ၌ အစောဆုံးအထောက်အထားအဖြစ် တွေ့ရှိရသည်။

စာပေအထောက်အထား[ပြင်ဆင်ရန်]

ဒုတိယအစောဆုံးတွေ့ရှိချက်မှာ ဘုရင့်နောင်လက်ထက် မဟာပညာခေါ် ဖြတ်ထုံးထဲတွင် ဖြစ်သည်။ စာပေအထောက်အထားအရ သက္ကရာဇ် ၉၀၀ ကျော်ခန့်က ရခိုင်စာဆိုတော် ဥက္ကာပျံ၏ သီတင်းကျွတ်လဘွဲ့ ရတုထဲတွင် ဖြစ်သည်။ ညောင်ရမ်းခေတ်ဝန်ကြီးပဒေသရာဇာ ရေးသည့် သူဇာပျို့ထဲတွင်မူ ပတ္တလားသည် ထီးသုံးနန်းသုံး ဖြစ်နေကြောင်း တွေ့ရသည်။ နောင်အခါ နန်းတွင်းအငြိမ့်တွင် တီးခတ်ရာ၌ ပတ္တလားပါဝင်လာသည်ကို တွေ့ရသည်။

တည်ဆောက်ပုံ[ပြင်ဆင်ရန်]

ဝါးပတ္တလား[ပြင်ဆင်ရန်]

မြန်မာ့ ဝါးပတ္တလား တွင် အဓိက အားဖြင့် ပတ္တလားအိမ် နှင့် ပတ္တလား အဆံ များ ပါရှိသည်။ ပတ္တလား အဆံ များကို လက်ခတ် နှင့် တီးခတ်ရသည်။

ပတ္တလားအိမ်ကို သစ်သား ဖြင့် ပြုလုပ်သည်။

ပတ္တလားအဆံများကို ဝါးဖြင့် ပြုလုပ်သည်။