လွယ်ဂျယ်မြို့
လွယ်ဂျယ်မြို့ | |
---|---|
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 24°12′0″N 97°43′0″E / 24.20000°N 97.71667°Eကိုဩဒိနိတ်: 24°12′0″N 97°43′0″E / 24.20000°N 97.71667°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကချင်ပြည်နယ် |
ခရိုင် | ဗန်းမော်ခရိုင် |
မြို့နယ် | မိုးမောက်မြို့နယ် |
လူဦးရေ (၂၀၁၄) | ၁၀,၀၃၉[၁] |
• ကိုးကွယ်မှု | ခရစ်ယာန်၊ ဗုဒ္ဓဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
လွယ်ဂျယ်မြို့ သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံးချွန်းကောင်တီနှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။ စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော အိမ်နီးချင်းလေးနိုင်ငံနှင့် ကုန်သွယ်ဂိတ် ၁၀ ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။[၂]
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]၂၀၀၆ ဒီဇင်ဘာလတွင် ပြီးစီးခဲ့သော တရုတ်အကူအညီဖြင့် ခင်းသော မိုးမောက်မြို့နှင့် ဆက်သွယ်ထားသည့် ၇၆ ကီလိုမီတာရှိ ကျောက်ခင်းလမ်းကြောင့် နယ်စပ်ကုန်သွယ်မှုများ သုံးဆခန့် တိုးတက်လာခဲ့သည်။ ထိုလမ်းကြောင့် ဧရာဝတီမြစ်ကမ်းရှိ ဗန်းမော်မြို့မှ တရုတ်နယ်စပ်သို့ ၁၀ နာရီကြာ ခရီးအား ၃ နာရီအထိ လျော့ချနိုင်ခဲ့သည်။[၃]
စီးပွားရေး
[ပြင်ဆင်ရန်]တရုတ်နိုင်ငံသို့ သစ်သီးများ၊ ပဲ၊ ဆန်နှင့် ကြက်သွန်နီများ တင်သွင်းကာ လျှပ်စစ်ပစ္စည်းများ၊ အထည်အလိပ်များနှင့် စားသောက်ကုန်များကို ပြန်လည် တင်သွင်းသည်။ သို့သော်လည်း ရှမ်းပြည်နယ်၊ မူဆယ်မြို့ ကုန်သွယ်မှုနှင့် စာလျှင် အနည်းငယ်မျှသာ ဖြစ်သည်။[၃]
စစ်အစိုးရနှင့် ဝပြည် သွေးစည်းရေး တပ်မတော်၊ ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေးကို ၁၉၈၉ ခုနှစ်တွင် လည်းကောင်း၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို)နှင့် ၁၉၉၄ တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံသို့ သစ်ကုန်သွယ်မှုများ ရုတ်ခြည်းတိုးတက်လာခဲ့သည်။ အစောပိုင်းတွင် သစ်ထုတ်လုပ်ခွင့်ရရှိထားသော ထိုင်းကုမ္ပဏီများအား စည်းကမ်းချိုးဖောက်ကာ သစ်ပိုမိုထုတ်လုပ်မှုကြောင့် ဂေဟစနစ်များ ဆုံးရှုံးပျက်စီးခဲ့သည့်အတွက် ၁၉၉၃ ခုနှစ်တွင် ယင်းကုမ္ပဏီများအား သစ်ထုတ်လုပ်ခွင့် ရုပ်သိမ်းခဲ့သည်။[၄]
လွယ်ဂျယ်ဒေသတွင် ကျောက်မီးသွေးတွင်းများ ရှိနိုင်သည်ဟုလည်း ဆိုသည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
- ↑ "Myanmar opens 10 border trade points"၊ Xinhua News Agency, 2002-07-21။ 2009-01-06 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Aye Lei Tun။ Trade triples through Bhamo။ Myanmar Times, August 20–26, 2007။ 15 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-05 တွင် ပြန်စစ်ပြီး။
- ↑ Navigating the Border: An Analysis of the China-Myanmar Timber Trade။ Forest Trends။ 7 July 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-07 တွင် ပြန်စစ်ပြီး။
- ↑ Location of Major Coal Deposits of Myanmar။ Ministry of Energy။ 31 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-05 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Satellite map at Maplandia.com
- Nine trucks carrying contraband seized on Sino-Burma border Archived 4 February 2009 at the Wayback Machine. Mizzima News, 9 October 2008