ရန်ဝင်း

ဝီကီပီးဒီးယား မှ

ဦးရန်ဝင်း
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူဦးဇော်မိုး (NLD)
မဲဆန္ဒနယ်ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ် အမှတ်(၁)
အနိုင်ရမဲ အရေအတွက်၆၇၅၈၀မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၁
ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်လွင်လွင်ဝေ
သားသမီးစိုးမြင့်ဆွေ+ရည်ဝိုင်းဦး[၁]
အာကာကြိုင်+သိင်္ဂီလင်း
အလုပ်အကိုင်A1ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်

ဦးရန်ဝင်း(၁၉၅၁ ဖွား) သည် မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။[၂] သူသည် A1ဆောက်လုပ်ရေးကုမ္ပဏီ[၃] ကို ထူထောင်ထားသူဖြစ်သည့်အပြင် နိုင်ငံရေးသမားတစ်ဦး လည်းဖြစ်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တွင် မွေးဖွားသည်။ရန်ကုန်စက်မှုတက္ကသိုလ် မှ အင်ဂျင်နီယာဘွဲ့ အား ၁၉၇၃ ခုနှစ်တွင် ရရှိသည်။[၄]

စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

ဆောက်လုပ်ရေးဝန်ကြီးဌာန တွင် အင်ဂျင်နီယာအဖြစ် နှစ် ၂၀ တာဝန်ထမ်းဆောင်ပြီး ဝန်ထမ်းဘဝအား အဆုံးသတ်ကာ ၁၉၉၀ ခုနှစ် တွင် A1ဆောက်လုပ်ရေးကုမ္ပဏီ အား ထူထောင်သည်။ သူ၏ ကုမ္ပဏီသည် နေပြည်တော် တည်ဆောက်ရေးအား တာဝန်ယူရသည့် ကုမ္ပဏီထဲပါသည်။[၅] သူသည် ယခင်တပ်မတော်အစိုးရအဖွဲ့ မှ ဝန်ကြီးဦးအောင်သောင်း နှင့် အထူးနီးကပ်သည့် ဆက်ဆံရေးရှိသည်။ယင်းနောက် သတ္တုတူးဖော်ရေး၊ ဟိုတယ်နှင့် အပန်းဖြေစခန်းများ[၆]၊ ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှုနယ်ပယ်များအား တိုးချဲ့ဆောင်ရွက်သည်။[၇] သူသည် ရန်ကုန်မြို့ပါတ်ရထားလမ်း လမ်းပိုင်ပြင်ဆင်မှု[၈] [၉] အပါအဝင် အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားတည်ဆောက်ရေး[၁၀] စသည့် လုပ်ပိုင်ခွင့်များရရှိသည်။၎င်းဆောင်ရွက်သည့် ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်း ကမ်းခြေဒေသရှိ အမေရိကန် ဒေါ်လာ ၁ ဘီလီယံတန် ကျောက်မီးသွေး စွမ်းအင်သုံးစီမံကိန်း[၁၁] နှင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ကြီမ်ချောင်းကျေးရွာ ရှိ ခဲမဖြူနှင့်အဖြိုက်နက် အလတ်စား တူးဖော်ခြင်းလုပ်ငန်း တို့သည် ဒေသခံတို့၏ ကန့်ကွက်ခြင်းကိုခံရသည်။ [၁၂] သူသည် မြန်မာ့ခရီးသွားဘဏ် အား ၂၀၁၈ ခုနှစ် တွင် တည်ထောင်သည်။[၁၃] ၂၀၁၁ခုနှစ် မေလ ၅ရက်နေ့တွင် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် က သူ့ကို အဖွဲ့ချုပ် ဥက္ကဋ္ဌ [၁၄]အဖြစ် တင်မြှောက်ထားသည်။ [၁၅]

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံရာမှတဆင့် တိုင်းလွှတ်တော်အမတ် ဖြစ်လာသည်။[၁၆] ထိုတာဝန် ကို ၂၀၁၆ခုနှစ် အထိ တာဝန်ထမ်းသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင်လည်း ဧရာဝတီတိုင်းဒေသကြီး အမှတ်(၈) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် မိခင်ပါတီမှနေ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[၁၇] ထိုနောက်ပိုင်း သူသည် မအူပင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နာယက အဖြစ် တာဝန်ယူသည်။[၁၈]

မိသားစုဘဝ[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကုမ္ပဏီအုပ်စုရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါ်ရည်ဝိုင်းဦး နဲ့ မိတ်ဖက်စကားDVB (၂၂ ဧပြီ ၂၀၁၇)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. U Yan WinChairman,Myanmar Tourism Federation (MTF): InterviewInterviewOxford Business Group။ 28 December 2023 တွင် ပြန်စစ်ပြီး။
  3. ကုမ္ပဏီများအဆင့်သတ်မှတ်ချက်ထုတ်ပြန်ကြေညာခြင်းမြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (၉ ဇူလိုင် ၂၀၁၈)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. Top interview Vol.52: U YAN WIN, Chairman, A1 Group of CompaniesMyanmar Japon Online။ 28 December 2023 တွင် ပြန်စစ်ပြီး။
  5. နေပြည်တော်မှာ ထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်BNI (၁၅ ဇူလိုင် ၂၀၁၁)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. စစ်ခေါင်းဆောင်တည်သည့် ဘုရားကို ခရိုနီများ စုပေါင်း၍ ငွေကျပ် ၁၆ ဘီလျံကျော်လှူMyanmar Now (၃၀ ဇွန် ၂၀၂၃)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. Message From the ChairmanA1 Group of Companies။ 28 December 2023 တွင် ပြန်စစ်ပြီး။
  8. ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု ပထမအဆင့် စီမံကိန်းဖြစ်သည့် အင်းစိန်-တညင်းကုန်း ရထားလမ်းပိုင်း ပြုပြင်မှု စက်တင်ဘာကုန်တွင် ပြီးစီးမည်Eleven Media Group (၁၉ စက်တင်ဘာ ၂၀၁၈)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. မြို့ပတ်ရထားလမ်း အလုပ်ကြမ်းသမားများဘဝFrontier Myanmar (၃၁ ဒီဇင်ဘာ ၂၀၁၉)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. မြန်မာ့မီးရထား၏ ကြီးကြပ်မှုဖြင့် A1 ဆောက်လုပ်ရေးမှ တည်ဆောက်နေသည့် အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားတည်ဆောက်မှု ယခုလအတွင်းပြီးစီးမည်Eleven Media Group (၈ ဒီဇင်ဘာ ၂၀၂၀)။ ၂၉ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ဧရာဝတီတိုင်း ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်း ဒေသခံများ ကန့်ကွက်The Irrawaddy (၁၆ စက်တင်ဘာ ၂၀၁၄)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. အေဝမ်းသတ္တုတွင် ကုမ္ပဏီလီမီတက်၏ တင်္နဿာရီတိုင်းဒေသကြီးရှိ ခဲမဖြူ၊ အဖြိုက်နက် အလတ်စားသတ္တုတူးဖော်ရေးလုပ်ကွက်အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာဆန်းစစ်ခြင်းအစီရင်ခံစာOpenDevelopmentမဲခေါင် (၂၀၁၉)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. မြန်မာ့ ခရီးသွားလုပ်ငန်းတွေအတွက် ချေးငွေ ထုတ်ပေးနေတဲ့ မြန်မာ့ခရီးသွားဘဏ်The Irrawaddy (၁၉ ဩဂုတ် ၂၀၁၉)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  14. ကုန်သည်စက်မှုအသင်းချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တေ့ွဆုံVOA Burmese (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၀ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယအကြိမ်နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပMOI Myanmar (၁၅ အောက်တိုဘာ ၂၀၂၃)။ ၂၉ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  16. တိုင်းဒေသကြီးသို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ မဲရလဒ်UEC Myanmar (၇ နိုဝင်ဘာ ၂၀၁၀)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  17. အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် မအူပင်က အစိမ်းနဲ့အနီ ပြိုင်ပွဲThe Irrawaddy (၇ နိုဝင်ဘာ ၂၀၁၅)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  18. မြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက အထက(၁)ကျောင်းသို့ ငွေလှူဒါန်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (January 2024)။ ၂၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။