မြန်မာအသင်း၏ အရှေ့တောင်အာရှအားကစားပြိုင်ပွဲရလဒ်

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံသည် အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲကို စတင်ကျင်းပခဲ့သည့် ၁၉၅၉ခုနှစ်မှစ၍ အကြိမ်တိုင်း ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့အပြင် အိမ်ရှင်အဖြစ် ၃ကြိမ်တိုင်တိုင် လက်ခံကျင်းပခဲ့သည်။

အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ မှ မြန်မာနိုင်ငံ အသင်း
မြန်မာနိုင်ငံအလံ
IOC ကုဒ်MYA
NOCမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ
ဝဘ်ဆိုဒ်myasoc.org (မြန်မာ)
ဆုတံဆိပ်များ
အဆင့် ၇th
ရွှေ
၅၉၄
ငွေ
၇၈၄
ကြေး
၁၀၉၅
စုစုပေါင်း
၂၄၇၃

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည်ကား အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံမှတစ်နိုင်ငံဖြစ်သည်။ ထိုပွဲများမတိုင်မီက မြန်မာပြည်မှာထိုင်းနိုင်ငံအားဖိတ်​ခေါ်ကာ အားကစားပွဲများကျင်းပခြင်း​ကြောင့်ထိုင်းနိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်လာမည့် လန် စူကွမ်နိုင်ပရာဒစ်က အကြံရလာပြီး ဤအ​ရှေ့​တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲများကိုစတင်ကျင်းပခဲ့၍ မြန်မာပြည်မှာဤအားကစားပွဲများ၏အစဟုပင်​ခေါ်ဆိုနိုင်သည်။ ထိုင်းနိုင်ငံမှ ပထမဆုံးကျွန်းဆွယ်အားကစားပွဲကိုစတင်ကျင်းပပြီး​​နောက် နိုင်ငံအမည်များဖြင့်အလှည့်ကျကျင်းပခဲ့သည်။ ထိုစဉ်က မြန်မာပြည်မှာ "Burma"ဟူ​သောအမည်ဖြင့်အသုံးပြု၍ကနဦးနိုင်ငံများထဲတွင်အရင်ဆုံးလာ၍ ဒုတိယအကြိမ်​မြောက်ပွဲ​တော်ဖြစ်​သော ၁၉၆၁၊ရန်ကုန်ပွဲ​တော်ကိုလက်ခံကျင်းပခဲ့သည်။ ထိုစဉ်က ကနဦး၆နိုင်ငံတွင် ထိုင်း၊မြန်မာနှင့်မလာယာ(မ​လေးရှား)တို့သာ နိုင်ငံ​ရေး​ပြေလည်​နေချိန်ဖြစ်သည်။ ထို့​ကြောင့်၁၉၆၉ခုနှစ်တွင်ဒုတိယအကြိမ်အိမ်ရှင်အဖြစ် ၁၉၆၉၊ရန်ကုန်ပွဲ​တော်ကို ကျင်းပခဲ့သည်။ နှစ်ကြိမ်စလုံးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် အများဆုံးရရှိခဲ့သည်။ ထို့​နောက်တွင်မူ နိုင်ငံ​ရေးအ​ခြေအ​နေများ​ကြောင့်အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းမရှိ​တော့​ပေ။ အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games)အဖြစ်အမည်​ပြောင်းပြီး​နောက်မှသာ ပထမဆုံးအဖြစ် ၂၀၁၃၊​နေပြည်​တော်ပွဲ​တော်ကိုလက်ခံကျင်းပခဲ့သည်။​နောက်ဆုံးအကြိမ် ၁၉၆၉၊ရန်ကုန်ပွဲ​တော်ကျင်းပပြီး ၄၄နှစ်အကြာမှသာ အိမ်ရှင်အဖြစ်ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့​ကြောင့်စုစု​ပေါင်း၃ကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။

ရပ်တည်မှု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအ​နေဖြင့် အားကစားပွဲ​တော်၏ အ​စောပိုင်းကာလများက ဆုတံဆိပ်ရပ်တည်မှုတွင် ထိပ်ပိုင်းတွင် ရပ်တည်ခဲ့​သော်လည်း ​နောက်ပိုင်းတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၃​နေပြည်​တော်ပွဲ​တော်မှလွဲ၍ ပျှမ်းမျှ အဆင့်၇​နေရာတွင်သာ ဆက်တိုက်ရပ်တည်နိုင်ခဲ့သည်။

မြန်မာအသင်း၏ ဆုတံဆိပ်ပြဂရပ်

ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]

ပွဲ​တော် ရွှေ ​ငွေ ​ကြေး စုစု​ပေါင်း အဆင့် နိုင်ငံအမည်
ထိုင်းနိုင်ငံ၁၉၅၉ ဘန်​ကောက် ၁၁ ၁၅ ၁၄ ၄၀ မြန်မာနိုင်ငံBurma (BIR)
မြန်မာနိုင်ငံ၁၉၆၁ ရန်ကုန် ၃၅ ၂၆ ၄၃ ၁၀၄
မလေးရှားနိုင်ငံ၁၉၆၅ ကွာလာလမ်ပူ ၁၈ ၁၄ ၁၆ ၄၈
ထိုင်းနိုင်ငံ၁၉၆၇ ဘန်​ကောက် ၁၁ ၂၆ ၃၂ ၆၉
မြန်မာနိုင်ငံ၁၉၆၉ ရန်ကုန် ၅၇ ၄၆ ၄၆ ၁၄၉
မလေးရှားနိုင်ငံ၁၉၇၁ ကွာလာလမ်ပူ ၂၀ ၂၈ ၁၃ ၆၁
စင်ကာပူနိုင်ငံ၁၉၇၃ စင်ကာပူ ၂၈ ၂၄ ၁၅ ၆၇
ထိုင်းနိုင်ငံ၁၉၇၅ ဘန်​ကောက် ၂၈ ၃၅ ၃၃ ၉၆ မြန်မာနိုင်ငံ Burma (BIR)
မလေးရှားနိုင်ငံ၁၉၇၇ ကွာလာလမ်ပူ ၂၅ ၄၂ ၄၃ ၁၁၀
အင်ဒိုနီးရှားနိုင်ငံ၁၉၇၉ ​ဂျာကာတာ ၂၆ ၂၆ ၂၄ ၇၆
ဖိလစ်ပိုင်နိုင်ငံ၁၉၈၁ မနီလာ ၁၅ ၁၉ ၂၇ ၆၁
စင်ကာပူနိုင်ငံ၁၉၈၃ စင်ကာပူ ၁၈ ၁၅ ၁၇ ၅၀
ထိုင်းနိုင်ငံ၁၉၈၅ ဘန်​ကောက် ၁၃ ၁၉ ၃၄ ၆၆
အင်ဒိုနီးရှားနိုင်ငံ၁၉၈၇ ဂျာကာတာ ၁၃ ၁၅ ၂၁ ၄၉
မလေးရှားနိုင်ငံ၁၉၈၉ ကွာလာလမ်ပူ ၁၀ ၁၄ ၂၀ ၄၄ မြန်မာနိုင်ငံ Myanmar (MYA)
ဖိလစ်ပိုင်နိုင်ငံ၁၉၉၁ မနီလာ ၁၂ ၁၆ ၂၉ ၅၇
စင်ကာပူနိုင်ငံ၁၉၉၃ စင်ကာပူ ၁၃ ၁၆ ၃၇
ထိုင်းနိုင်ငံ၁၉၉၅ ချင်းမိုင် ၂၁ ၃၇ ၆၂
အင်ဒိုနီးရှားနိုင်ငံ၁၉၉၇ ဂျာကာတာ ၃၄ ၄၄ ၈၆
ဘရူနိုင်းနိုင်ငံ၁၉၉၉ ဘန်ဒါဆရီဘီဂါဝန် ၁၀ ၁၀ ၂၃
မလေးရှားနိုင်ငံ၂၀၀၁ ကွာလာလမ်ပူ ၁၉ ၁၄ ၅၃ ၈၆
ဗီယက်နမ်နိုင်ငံ၂၀၀၃ ဟနွိုင်း/ဟိုချီမင်း ၁၆ ၄၃ ၅၀ ၁၀၃
ဖိလစ်ပိုင်နိုင်ငံ၂၀၀၅ မနီလာ ၁၇ ၃၄ ၄၈ ၉၉
ထိုင်းနိုင်ငံ၂၀၀၇ နခွန်ရတ်ချာစီမာ ၁၄ ၂၆ ၄၇ ၈၇
လာအိုနိုင်ငံ၂၀၀၉ ဗီယက်ကျင်း ၁၂ ၂၂ ၃၇ ၇၁
အင်ဒိုနီးရှားနိုင်ငံ၂၀၁၁ ဖလမ်းပင် ၁၆ ၂၇ ၃၇ ၈၀ မြန်မာနိုင်ငံ Myanmar (MYA)
မြန်မာနိုင်ငံ၂၀၁၃ ​နေပြည်​တော် ၈၄ ၆၃ ၈၄ ၂၃၁
စင်ကာပူနိုင်ငံ၂၀၁၅ စင်ကာပူ ၁၂ ၂၆ ၃၁ ၆၉
မလေးရှားနိုင်ငံ၂၀၁၇ ကွာလာလမ်ပူ ၁၀ ၂၀ ၃၇
ဖိလစ်ပိုင်နိုင်ငံ၂၀၁၉ နယူးကလပ် ၁၈ ၅၁ ၇၃
ဗီယက်နမ်နိုင်ငံ၂၀၂၁ ဟနွိုင်း ၁၈ ၃၅ ၆၂
ကမ္ဘောဒီးယားနိုင်ငံ၂၀၂၃ ဖနွမ်းပင် ၂၁ ၂၅ ၆၈ ၁၁၄
ထိုင်းနိုင်ငံ၂၀၂၅ ဘန်​ကောက် ဇလပုရီ ​ဆောင်ခလာ ကျင်းပရန်ရှိသည့်ပွဲများ
စုစု​ပေါင်း ၅၉၄ ၇၈၄ ၁၀၉၅ ၂၄၇၃

[၁][၂][၃][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. hafiy found guilty doping by Asia sports medical body
  2. Schooling gets his 6th gold for 2013 SEA Games
  3. SEA Games: Three guilty of doping at Myanmar Games။ 6 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 July 2019 တွင် ပြန်စစ်ပြီး။
  4. FINA Announces Two Indonesian Swimmers Banned for Two Years for Doping