မာတိကာသို့ ခုန်သွားရန်

ထန်တလန်မြို့

ဝီကီပီးဒီးယား မှ
(ထန်တလန် မှ ပြန်ညွှန်းထားသည်)
ထန်တလန်မြို့
မြို့
ထန်တလန်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ထန်တလန်မြို့
ထန်တလန်မြို့
ကိုဩဒိနိတ်: 22°41′57″N 93°25′41″E / 22.69917°N 93.42806°E / 22.69917; 93.42806ကိုဩဒိနိတ်: 22°41′57″N 93°25′41″E / 22.69917°N 93.42806°E / 22.69917; 93.42806
နိုင်ငံ မြန်မာ
ပြည်နယ်ချင်းပြည်နယ်
ခရိုင်ဟားခါးခရိုင်
မြို့နယ်ထန်တလန်မြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၇,၅၈၇[]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ထန်တလန်မြို့ သည် မြန်မာနိုင်ငံချင်းပြည်နယ်ဟားခါးခရိုင်တွင် ပါဝင်ပြီး ထန်တလန်မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။

ပထဝီဝင်

[ပြင်ဆင်ရန်]

ထန်တလန်မြို့သည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှ ၂၅ မိုင်အကွာတွင် တည်ရှိသည်။ ကုလားတန်မြစ်သည် ဟားခါးမြို့နှင့် ထန်တလန်မြို့များ အကြားမှ စီးဆင်းကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်းသို့ စီးဝင်သွားပြီး ပလက်ဝမြို့နေရာတွင် မြန်မာနိုင်ငံဖက် ပြန်လည်စီးဆင်းလာကာ ဘင်္ဂလားပင်လယ်အော်တွင်းသို့ စီးဝင်သွားသည်။ ထန်တလန်မြို့သည် အိန္ဒိယနိုင်ငံ နှင့် နယ်နမိတ်ထိစပ်နေသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အေဒီ ၁၄၅၀ ခုနှစ်တွင် လှောင်ဇန်ရွာဟု တည်ရှိခဲ့ရာမှ အေဒီ ၁၅၀၀ ခန့်တွင် လေးမိုင်ခန့်ကွာဝေးသော တထန်တလန်သို့ ပြောင်းရွှေ့ခဲ့သည်။ တထန်တလန် ဟူသည်မှာ သွေး၊ ချွေးဖြင့် တည်ဆောက်သော ရွာ ဟု အဓိပ္ပာယ်ရသည်။ ၁၉၆၁-၆၅ တွင် ယခုနေရာသို့ ထပ်မံပြောင်းရွှေ့ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် တထန်တလန် မှ ထန်တလန် ဟု အမည်ပြောင်းခဲ့သည်။[]

၂၀၂၁ ဖြစ်စဉ်

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ထန်တလန်တိုက်ပွဲ

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် မှ ၂၁ ရက် နေ့အထိ ဟားခါးနှင့် ထန်တလန်မြို့အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်(ထန်တလန်)နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ []

ဩဂုတ်လ ၂၅ ရက်တွင် ပလကရပ်ကွက်ရှိ ရဲစခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားရာ ကလေးတစ်ဦး သေဆုံးပြီး အခြား အရပ်သား ၂ ဦးလည်း ဒဏ်ရာရခဲ့သည်။ []

စက်တင်ဘာလ ၉ ရက်နေ့တွင် ထန်တလန်မြို့တွင်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်တစ်ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထန်တလန်) မှ ရှောင်တခင်ဝင်တိုက်သည်။ နှစ်ဘက်ပစ်ခတ်ကြသည့်နောက်တွင် အရပ်သား ၄ ယောက် ဒဏ်ရာရခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ် ပြန်ဆုတ်သည်တွင် စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းကား ပစ်ခတ်ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။ [][]

မြို့တွင်းတိုက်ပွဲများ ဖြစ်လာသည့်နောက် မြို့ခံအချို့ အိန္ဒိယနိုင်ငံနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်သို့ ဝင်ကြ၏။ အိန္ဒိယဗဟိုအစိုးရ သည် မြန်မာစစ်ဘေးရှောင်တို့ကို လက်မခံ။ သို့သော် မီဇိုရမ်ပြည်နယ်အစိုးရက ကယ်ဆယ်နေရာချရေး မစီစဉ်ပေးသော်လည်း ပြန်မပို့ဟု ကြေညာထားသဖြင့် ထိုသို့ ပြေးကြရခြင်းဖြစ်သည်။ []

စက်တင်ဘာလ ၁၄ ရက်၌ ဂျွန်ဆင်အောက်မေ့ဖွယ်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းသို့ လက်နက်ကြီးကျည်ကျကာ ပျက်စီးမှု ရှိခဲ့၏။ [] ယင်းနောက် စစ်တပ်မှ စစ်ရေးအချက်အချာကျသော နေအိမ်တို့တွင် နေရာယူထားပြီး စစ်ရှောင်နေအိမ်တို့မှ ပုဂ္ဂလိက ပစ္စည်းတို့ကို ၎င်းတို့ သဘောရှိ သုံးစားသည်။ []

စက်တင်ဘာလ ၁၈ ရက်တွင် ထန်တလန်မြို့ PDF နှင့် မြို့ပေါ်တွင် စောင့်ကြပ်နေသော စစ်တပ်မှအဖွဲ့များ ၆ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြို့ပေါ်တိုက်ပွဲ ဖြစ်သောကြောင့် PDF နှင့် စစ်တပ် တစ်ဖက်လုံးက ထန်လန်ပြည်သူတို့၏နေအိမ်များကိုအကာကွယ်ယူပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ စစ်တပ်မှ ၎င်းတို့တပ်များ သေနတ်ခြင်း ယှဉ်ပစ် ရာတွင် ရှုံးသောအခါတွင်မူ တပ်ခွဲအဆင့်လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ လူနေအိမ်ပေါ်ကျ၍ အိမ်များ မီးလောင်ခဲ့သည်။ [][၁၀] မီးလောင်နေသောနေအိမ်များအား မီးငြှိမ်းသတ်ရန်ကြိုးပမ်းသည့် ဒေသခံလူငယ်များကို စစ်တပ်ဘက်က ပစ်ခတ်ခဲ့သဖြင့် ထန်တလန် ရာပြည့်နှစ်ခြင်းခရစ်ယာန် အသင်းတော် (TCBC) ၏ သင်းအုပ် ဆရာ ပါစတာ ကျူံးဗျက်ဟုမ်း (Pastor Cung Biak Hum) ကျည်ထိသေဆုံးခဲ့သည်။[၁၁][၁၂] အဆိုပါမီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၉ လုံး လောင်ကျွမ်းခဲ့သည်။[၁၁][၁၂][၁၃]

နောက်တစ်ရက်တွင် မြို့ပေါ်နေလူထုတို့ နေရပ်စွန့်ကာ အိန္ဒိယနိုင်ငံနယ်စပ်သို့ တိမ်းရှောင်ကြရပြီး မိသားစုတချို့သာ ကျန်ခဲ့၏။ [၁၄][၁၅] [၁၆]


PDF တပ်၏ အလစ်အငိုက်တိုက်ခိုက်မှုများ မကြာခဏ ခံရသည့်နောက် စက်တင်ဘာလ ၂၀ ရက်တွင် စစ်တပ်မှ စခန်းချရာပတ်ဝန်းကျင်ရှိ ထန်တလန်မြို့ရှိ လူထုကို မြို့မှရှောင်ရန် အမိန့်ထုတ်ထားပြီး ၂၁ ရက် နေ့အထိ နောက်ဆုံးအဖြစ် ရက်ချိန်းပေးထားသည်။ [၁၇]

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်မှ စတင်၍ ထန်တလန်မြို့တွင် ဈေးဆိုင်တစ်ခုကို ဖောက်ထွင်းနေသည့် စစ်ကောင်စီ စစ်သားကို ထန်တလန် PDF အဖွဲ့က ပစ်သတ်လိုက်ပြီးနောက်တွင် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး နေအိမ်များကို ဝင်ရောက်မီးရှို့ခြင်းများ[၁၈]ပါလုပ်ဆောင်လာသည်။[၁၉] ထို့ကြောင့် ထန်တလန်မြို့ပေါ်ရှိ Church on the Rock (COTR) ခရစ်ယာန်ဘုရားကျောင်း နှင့် Presbyterian ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အိမ်ခြေ ၁၅၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။[၂၀] ထန်တလန်မြို့ပေါ်တွင် စုစုပေါင်း အိမ်ခြေ ၁၈၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀၀ ကျော် နေထိုင်ကြသည်။ သို့သော်လည်း စစ်တပ်မှ ခြိမ်းခြောက်မှုများကြောင့် မြို့လုံးကျွတ်နီးပါးရှိ ပြည်သူများလည်း အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ [၂၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
  2. ထလန်တလန် သို့မဟုတ် ထန်တလန် သွေး နဲ့ ချွေးနဲ့တည်ထောင်တဲ့မြို့ (in my)။ ၁ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. "အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ထန်တလန်မြို့ခံ ၁၀နှစ်အရွယ် ကလေးငယ်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိ ဟုဆို". Myanmar Peace Monitor. 2021-08-27.
  4. "ထန်တလန်မြို့ ပစ်ခတ်မှုတွင် ၁၀ နှစ်ကလေးတစ်ဦး ကျည်ထိလို့ သေဆုံး Archived 3 November 2021 at the Wayback Machine.". The Chin Journal. 2021-08-25.
  5. "ထန်တလန်မြို့တိုက်ခိုက်မှုတွင် စစ်သား ၂ ဦး သေ၊ အရပ်သား ၄ ဦး ဒဏ်ရာရ". Myanmar Now. 2021-09-10.
  6. "ထန်တလန်မြို့တွင်း တိုက်ခိုက်မှုတွင် အာဏာသိမ်းတပ်က လူနေရပ်ကွက်တွင်း လက်နက်ကြီးပစ်ခတ်၍ အရပ်သား (၄) ဦး ဒဏ်ရာရ". Tachileik News. 2021-09-09.
  7. "၄ ရက်အတွင်း မီဇိုရမ်းဘက်သို့ မြန်မာစစ်ဘေးရှောင် ၁၈၀၀ ကျော်ထွက်ပြေးတိမ်းရှောင် Archived 3 November 2021 at the Wayback Machine.". Zalen Media. 2021-09-15.
  8. ၈.၀ ၈.၁ "ထန်တလန်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲဖြစ်၊ အိမ် ၁၀ လုံးထက်မနည်း မီးလောင်ဆုံးရှုံး". RFA Burmese. 2021-09-18.
  9. "၂။ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များအား ခိုးယူမှုရှိနေသည်ဟုအသံများထွက်နေသည်။". 2021-09-17.
  10. "ထန်တလန်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ၏ နေအိမ်များ မီးလောင်ပျက်စီး". 74 Media. 2021-09-18.
  11. ၁၁.၀ ၁၁.၁ သင်းအုပ်ဆရာ သတ်ဖြတ်ခံရသည့် ထန်တလန်မြို့တိုက်ပွဲ (in my)။ ၁ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  12. ၁၂.၀ ၁၂.၁ ထန်တလန်တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေ၊ သင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ (in en)။ ၁ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  13. "စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထန်တလန်မြို့ မီးလောင်မှုနဲ့ပတ်သက်ပြီး ဒေသခံလူငယ်ခေါင်းဆောင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်". ခေါနုသုန်. 2021-09-21.
  14. "ထန်တလန်ပြည်သူများ မြို့မှစွန့်ခွာပြီး အိန္ဒိယနယ်စပ်သို့ စစ်ရှောင်များလာ". Federal Journal. 2021-09-20.
  15. "ထန်တလန်တစ်မြို့လုံး နီးပါး စစ်ဘေးရှောင်". BBC Burmese. 2021-09-20.
  16. "ချင်း ထန်တလန်မြို့ တမြို့လုံးနီးပါးတိမ်းရှောင်နေရ" VOA News. 2021-09-20.
  17. "အကြမ်းဖက်စစ်တပ်၏ ခြိမ်းခြောက်မှုကြောင့် ထန်တလန်တမြို့လုံးနီးပါး နေရပ်စွန့်ခွာ". DVB Burmese. 2021-09-20.
  18. https://www.youtube.com/watch?v=we7BryLbdv0
  19. စစ်တပ်ရှို့မီးကြောင့် ထန်တလန်မှ အိမ် ၁၆၀ ကျော်မီးလောင်ဟု CDF ပြော (in my)။ ၁ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  20. ထန်တလန်တွင် စစ်ကောင်စီတပ်၏အကြမ်းဖက်မှု အရေးယူမည်ဟု CRPH ပြော (in en) (30 အောက်တိုဘာ 2021)။ ၁ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  21. "[၁]". 2021-09-30.


ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]