ကျင်ဒွေးမြို့

ဝီကီပီးဒီးယား မှ
ကျင်ဒွေးမြို့
ရွာ
ကျင်ဒွေးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျင်ဒွေးမြို့
ကျင်ဒွေးမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°58′23″N 93°50′17″E / 20.9729595184326°N 93.8381729125977°E / 20.9729595184326; 93.8381729125977ကိုဩဒိနိတ်: 20°58′23″N 93°50′17″E / 20.9729595184326°N 93.8381729125977°E / 20.9729595184326; 93.8381729125977
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်မင်းတပ်ခရိုင်
မြို့နယ်ကန်ပက်လက်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကျင်ဒွေးမြို့သည် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်တွင် တည်ရှိသည့် မြို့တစ်မြို့ ဖြစ်သည်။[၁] ၂၀၂၃ နှစ်ကုန်ပိုင်းမှ ၂၀၂၄ မတ်လအထိ AA နှင့် ချင်းကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုခံရသည့် မြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကျင်ဒွေးမြို့သည် ၁၉၇၀ ခုနှစ်ခန့်တွင် မြို့အဆင့်ရှိခဲ့ရာမှ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့အဆင့်မှ ကျေးရွာအုပ်စုအဆင့်သို့ လျော့ကျခဲ့သည်။[၂] ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲပါ ပြည်ထဲရေးဝန်ကြီးဌာန၏ စာအမှတ်(၁၇၃၀/၂၀၁၈) အရ ကျင်ဒွေးကျေးရွာအုပ်စုရှိ ကျင်ဒွေးရွာဟုတ်ပုံကျင်းရွာဖုံးတွီကျင်းရွာနှင့် ဖာဖုတ်ရွာတို့ကို ပေါင်းစည်း၍[၃] မြို့အဆင့်သို့ ပြန်လည်တိုးမြှင့် သတ်မှတ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ကျင်ဒွေးမြို့ဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]