မဒါသာရွာ၊ ကန်ပက်လက်မြို့နယ်
ပုံပန်းသွင်ပြင်
| မဒါသာ | |
|---|---|
| ရွာ | |
| မဒါသာရွာ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 21°04′47″N 93°35′12″E / 21.079611°N 93.586777°Eကိုဩဒိနိတ်: 21°04′47″N 93°35′12″E / 21.079611°N 93.586777°E | |
| နိုင်ငံ | |
| ပြည်နယ် | |
| ခရိုင် | မင်းတပ်ခရိုင် |
| မြို့နယ် | ကန်ပက်လက်မြို့နယ် |
| ကျေးရွာအုပ်စု | မကြားအိမ်နူး |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မဒါသာရွာ(အင်္ဂလိပ်: Madarthar)သည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ မကြားအိမ်နူးကျေးရွာအုပ်စု၌ တည်ရှိသည်။[၁] ရွာနေရာကုတ်မှာ ၁၆၅၂၄၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မကြားအိမ်နူးကျေးရွာအုပ်စုတွင် ကျား ၃၀၄ ဦး၊ မ ၃၅၁ ဦး၊ လူဦးရေ စုစုပေါင်း ၆၅၅ ဦး နေထိုင်သည်။ [၂]
ကန်ပက်လက်မြို့နယ်၏ နယ်ဖျားအစွန်ဆုံးရွာဖြစ်သည့်အလျောက် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များဖြစ်ကြသော မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ပမြို့နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ တော တောင် အရမ်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည်။ ရွာဟောင်း နှင့် ရွာသစ် ဟူ၍ (၂) နေရာတွင် အခြေချနေထိုင်ကြသည်။ အဓိက အသက်မွေးဝမ်းကျောင်းမှာ ရွှေ့ပြောင်း တောင်ယာ လုပ်ငန်းဖြစ်သည်။ အိမ်ခြေပေါင်း (၅၀)ရှိပြီး လူဦးရေ (၃၀၀)ခန့် ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကန်ပက်လက်မြို့နယ် ကျေးရွာများပြမြေပုံ (PDF)၊ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုအဖွဲ့၊ 3 May 2016၊ 16 July 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ 14 January 2021 တွင် ပြန်စစ်ပြီး
- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
| ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |