ကျောက်တော်မြို့
--49.125.152.18 ၀၉:၃၇၊ ၁၀ ဖေဖော်ဝါရီ ၂၀၁၃ (UTC)--49.125.152.18 ၀၉:၃၇၊ ၁၀ ဖေဖော်ဝါရီ ၂၀၁၃ (UTC)--49.125.152.18 ၀၉:၃၇၊ ၁၀ ဖေဖော်ဝါရီ ၂၀၁၃ (UTC)ကျောက်တော်မြို့ {{Infobox settl--49.125.152.18 ၀၉:၃၇၊ ၁၀ ဖေဖော်ဝါရီ ၂၀၁၃ (UTC)Bold textement |official_name = ကျောက်တော် |pushpin_label_position = bottom |pushpin_map = Myanmar |pushpin_map_caption = ကျောက်တော် တည်နေရာ၊ မြန်မာ။ |pushpin_mapsize = 300 |subdivision_type = Country |subdivision_name =
မြန်မာ |subdivision_type1 = ပြည်နယ် |subdivision_name1 = ရခိုင် |subdivision_type2 = ခရိုင် |subdivision_name2 = Sittwe |subdivision_type3 = မြို့နယ် |subdivision_name3 = Kyauktaw[၁] |latNS = N |latd = 20.843957 |longEW = E |longd = 92.97282 |P-code = MMR012004701 }}
မာတိကာ |
ကိုးကား [ပြင်ဆင်ရန်]
- ↑ GAD, Feb 2011.
| ကျောက်တော်မြို့ | |
|---|---|
| — မြန်မာနိုင်ငံရှိ မြို့များ — | |
|
|
|
| Coordinates: | |
| နိုင်ငံအမည် | |
| ပြည်နယ် | |
| ခရိုင် | စစ်တွေ |
| လတ္တီကျု | (၂၀)ဒီဂရီ၊ (၅၀)မိနစ် |
| လောင်ဂျီကျု | (၉၂)ဒီဂရီ၊ (၅၈)မိနစ် |
| မြို့နယ်ရုံးစိုက်ရာမြို့ | ကျောက်တော်မြို့ |
| Time zone | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ကျောက်တော်မြို့ [ပြင်ဆင်ရန်]
ကျောက်တော်မြို့သည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် မြို့ဟောင်းနယ်တွင် ပါဝင်၍ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ကုလားတန်မြစ်၏ လက်ျာကမ်းပေါ်တွင် တည်ရှိ၍ မြို့၏ အကျယ်အဝန်းမှာ အလျား ၃ မိုင် အနံ ၁/၂ မိုင်မျှ ရှိသည်။ ကျောက်တော်မြို့၏ တစ်ဖက်ကမ်း ကုလားတန်မြစ် ကမ်း ပါးရှိ ကျောက်တော်တောင်ပေါ်တွင် ကျောက်တော်စေတီ တည် ရှိသည်။
မြတ်စွာဘုရားသခင်သည် ဓညဝတီ ရခိုင်ပြည်သို့ ကြွလာတော်မူခဲ့စဉ် ကျောက်တော်ဘုရား တည်ရှိရာ ကျောက် အတိပြီးသော မောရပဗ္ဗတ တောင်ထက်၌ ရပ်တန့်တော်မူပြီး လျှင် နုစဉ်ဘဝတွင် ထိုဒေသ၌ ပန်းပွတ်သမား ဖြစ်ခဲ့ဘူး ကြောင်း၊ ဘုရားသခင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် ကျောက် ရိုးတော်ဓာတ်ကို ဤအရပ်၌ ဌာပနာကျောက်တော်စေတီဟု တွင်လတံ့ဟူ၍ ဗျာဒိတ်ထားတော်မူခဲ့ကြောင်းနှင့် ရခိုင်ရာဇဝင် များတွင် ပါရှိ၏။ ထိုကျောက်တော်စေတီကို အစွဲပြု၍ ကျောက်တော်မြို့ဟု ခေါ်တွင်ခြင်း ဖြစ်သည်။
ကျောက်တော်မြို့တွင် ဈေး၊ ဆေးရုံ၊ စာတိုက်နှင့် ကြေး နန်းရုံးများ ရှိသည့်အပြင် အစိုးရအထက်တန်းကျောင်း တစ်ကျောင်းလည်း ရှိသည်။ မြို့ပေါ်၌ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းရှိရာ ယင်းတို့မှာ ရှမ်းရွာကျောင်း၊ မြို့သစ်ကျောင်း၊ သိမ်ကျောင်းနှင့် ကျောက်တော်ကျောင်းများ ဖြစ်ကြသည်။ မြို့သူမြို့သားများသည် ကျောက်တော်မြို့ ပတ်ဝန်းကျင်ရှိ ကန်များမှ သောက်ရေသုံးရေကို ရရှိကြသည်။ ကျောက်တော်မြို့သည် စစ်တွေမြို့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ သွားရာ မီးသင်္ဘောလမ်းပေါ်တွင် တည်ရှိ၍ တောင်တန်းဒေသမှ ထွက်သော ကုန်များနှင့် ရခိုင်မြေပြန့် ဒေသမှ ထွက်သောကုန်များ ဖလှယ်ရာဒေသ ဖြစ်သည်။ ပလက်ဝမြို့နယ်မှ ထွက်သော နာမည်ကျော် ကုလားတန် ဆေးများကို ကျောက်တော်မြို့တွင် ရောင်းဝယ်ဖောက်ကားကြ သည်။ ကျောက်တော်မြို့အနီးတဝိုက်ရှိ ရွာကြီးများ၌ ရက်သတ္တ တစ်ပတ်လျှင် ဈေးနေ့ ၂ နေ့မျှ ဖွင့်လှစ်လေ့ရှိသည်။
ကျောက်တော်မြို့မှ နှစ်စဉ် စပါးတန်ချိန် ၁၃ဝဝဝ ခန့် ထွက်လေသည်။ ယခုအခါ ပိုလျှံသောစပါးများ ကို နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့မှ တိုက်ရိုက်ဝယ်ယူလျက် ရှိသည်။ ထိုနယ်တွင် ထင်ရှားသော စပါး ၂ မျိုးမှာ ငကြိန်သီး ခေါ် မီးဒုံးစပါးမျိုးနှင့် လက်ရုံးစပါးခေါ် ငစိန်စပါးမျိုး ဖြစ်သည်။ သို့သော် လူကြိုက်အများဆုံးဆန်မှာ 'ငါးရာဗိုလ်' ဆန် ဖြစ်သည်။
ကျောက်တော်မြို့ တစ်ဖက်ကမ်းမှ အရှေ့ဖက် ၅ မိုင်ခန့် အကွာတွင် မန္တလေးမဟာမုနိ ရုပ်ပွားတော် မူလ ကိန်းဝပ်တော် မူရာ နေရာဟောင်းတည်ရှိ၍ ထိုနေရာတွင် သူဌေးဦးရဲကျော်သူ လှူဒါန်းထားသော ရုပ်ပွားတော် တစ်ဆူ ကိန်းဝပ်တော်မူသည်။ ကျောက်တော်မြို့မှ မဟာမုနိတန်ဆောင်းသို့ သွားရာလမ်းစဉ် ဖြင့် မြို့ဟောင်းမြို့သို့ ရောက်နိုင်သည်။
မြို့နယ်လူထုမှာ လယ်ယာကိုင်းကျွန်းပေါ်တွင် အမှီပြု၍ နေထိုင်စားသောက်ကြသည်။ ဆန်စပါး၊ နှမ်း၊ မြေပဲနှင့် ဆေးများကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ နှမ်းနှင့် မြေပဲမှ ဆီကို ကြိတ်ယူသည်။ အချို့မှာ သစ်လုပ်ငန်းများကို လုပ်ကိုင်၍ အသက်မွေးကြသည်။
ပြင်ပလင့်များ [ပြင်ဆင်ရန်]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)အပိုင်း(ခ)
|
||||||||||||||||||||||||||
|
||||||||