မောင်တောမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို မောင်းတောမြို့ နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)

မောင်တောမြို့

မောင်တော
မောင်တော is located in မြန်မာ
မောင်တော
မောင်တော တည်နေရာ၊ မြန်မာ။
Coordinates: 20°49′08″N 92°22′04″E / 20.818966°N 92.36776°E / 20.818966; 92.36776
Country မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
ပြည်နယ် ရခိုင်
ခရိုင် Maungdaw
မြို့နယ် Maungdaw[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. GAD, Feb 2011.
မောင်တောမြို့
—  မြန်မာနိုင်ငံရှိ မြို့များ  —
မောင်တောမြို့ is located in Burma
မောင်တောမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
Coordinates: 20°49′N 92°22′E / 20.817°N 92.367°E / 20.817; 92.367
နိုင်ငံအမည် မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
ပြည်နယ် Flag of Rakhine.svg ရခိုင်
ခရိုင် မောင်တောခရိုင်
လတ္တီကျု (၂၀)ဒီဂရီ၊ (၄၉)မိနစ်
လောင်ဂျီကျု (၉၂)ဒီဂရီ၊ (၂၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ မောင်တောမြို့
Time zone မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


မောင်တောမြို့

သမိုင်းအကျဉ်း[ပြင်​ဆင်​ရန်​]

ယခင်ဗြိတိသျှအစိုးရလက်ထက်တွင် ဦးမောင်တောဆိုသူအား မြို့ဝန်အဖြစ်ခန့်ထားအုပ်ချုပ်ခဲ့ရာမှ မောင်တောမြို့ဟု ခေါ်တွင်သည်ဟုလည်းကောင်း၊ နတ်မြစ်အတွင်းသို့စီးဝင်လျက်ရှိသည့် တပ်ချောင်းအနီး စစ်ရေးစစ်ရာအချက်အချာကျသည့် မုံတောအရပ်တွင်တပ်ချခဲ့ပြီး အဆိုပါဒေသသို့ လူများအခြေချနေထိုင်လာကြသဖြင့် မုံတောမှ မောင်တောဟု အမည်တွင်လာသည်ဟုလည်းကောင်းဆိုကြသည်။

တည်နေရာနှင့် အကျယ်အဝန်း[ပြင်​ဆင်​ရန်​]

မောင်တောမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိတည်ရှိပြီး မောင်တောခရိုင်၏ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မိုင်ပေါင်း (၁၆၈)မိုင် ထိစပ်နေသော နယ်စပ်မြို့ဖြစ်သည်။ နတ်မြစ်မြစ်သည် မြောက်မှတောင်သို့ နယ်ခြားမြစ် အဖြစ်စီးဆင်းလျက်ရှိသည်။ အရှေ့လောင်ဂျီတွဒ် ၉၂ံ ၂၂'၀" မှ မြောက်လတ္တီတွဒ် ၂ဝံ ၄၉' ၀" အကြား တည်ရှိသည်။ မောင်တောမြို့၏ အရှေ့ဘက်တွင် ဘူးသီးတောင်မြို့၊ တောင်ဘက်တွင် ရသေ့တောင်မြို့ နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် နတ်မြစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရှိကြသည်။ ဧရိယာစတုရန်းမိုင်ပေါင်း(၅၈၂.၉၂)မိုင် ကျယ်ဝန်းသည်။ အရှေ့အနောက် (၈.၁၄)မိုင်ကျယ်ပြန့်ပြီး တောင်မြောက် (၇၂)မိုင်ရှည်လျားသည်။ ၂၀၀၈ခုနှစ်တွင် လူဦးရေ လေးသိန်းနီးပါး ရှိနေပြီ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ (၁၀)ပေခန့် မြင့်သည်။ မောင်တောမြို့တွင် ရခိုင်ဒိုင်းနက်မြိုသက်မရမာကြီးကမန်ဟိန္ဒူဗမာချင်းနှင့် ဘင်္ဂလီလူမျိုးများနေထိုင်လျက်ရှိသည်။ [၁] [၂] [၃]

ရာသီဥတု[ပြင်​ဆင်​ရန်​]

မောင်တောမြို့သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုးရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အပူဆုံးလမှာ မေလဖြစ်ပြီး အအေးဆုံးလမှာ ဇန်နဝါရီလဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

  • ၁ မောင်တော-ဘူးသီးတောင်လမ်း

မောင်တောမြို့ မှ ဘူးသီးတောင်မြို့ သို့ (၁၆)မိုင်ကွာဝေးပြီး ရာသီမရွေးသွားလာနိုင်သည်။ ဘူးသီးတောင်မြို့ မှတဆင့် စစ်တွေမြို့သို့​သ​ဘောင်္၊ အမြန်လျှပ်ပြေးရေယာဉ်ဖြင့်သွားလာနိုင်သည်။ မောင်တောမြို့ မှ စစ်တွေမြို့ သို့ (၉၆)မိုင်ကွာဝေးသည်။

  • ၂ မောင်တော-အလယ်သံကျော်-အငူမော်လမ်း

မောင်တော မှ အလယ်သံကျော်သို့ (၁၂)မိုင် (၆)ဖာလုံရှိပြီး ရာသီမရွေးသွားလာနိုင်သည်။ အလယ်သံကျော် မှ အငူမော်သို့ (၄၉)မိုင် (၂)ဖာလုံရှိပြီး မြေသားလမ်းဖြစ်သည်။ အငူမော်မှာ စစ်တွေမြို့၏တစ်ဖက်ကမ်း မေယုမြစ်၀တွင်ရှိသည်။ စစ်တွေ မှ အငူမော်သို့ ကူးတို့မော်တော်ငယ်များဖြင့် သွားလာနိုင်သည်။

  • ၃ မောင်တော-ကြိမ်ချောင်း-အောင်သပြေလမ်း

မောင်တော မှ ကြိမ်ချောင်း သို့ (၂၀)မိုင် (၃)ဖာလုံရှိပြီး ရာသီမရွေးသွားလာနိုင်သည်။ ကြိမ်ချောင်း မှ အောင်သပြေသို့ (၂၃)မိုင် (၅)ဖာလုံရှိသည့် မြေသားလမ်းဖြစ်သည်။

  • ၄ မောင်တော-ကြိမ်ချောင်း-တောင်ပြိုလမ်း

မောင်တော မှ ကြိမ်ချောင်း၊ ကြိမ်ချောင်း မှ တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့ (၂၀)မိုင် (၅)ဖာလုံ ရှိသည်။

မြို့တွင်းအဓိကလမ်းများမှာ လမ်းမကြီး(မင်းဗာကြီးလမ်း)၊ ဦးဥတ္တမလမ်း တို့ဖြစ်သည်။

ဒေသထွက်ကုန်များနှင့်စီးပွားရေး[ပြင်​ဆင်​ရန်​]

မောင်တောမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အမျှ တစ်ဘက်နိုင်ငံနှင့် ကုန်သွယ်ရောင်းဝယ်မှု စည်ကားသောမြို့ဖြစ်သည်။ မြို့နယ်လူများမှာ စိုက်ပျိုးရေးလုပ်ငန်း၊ကုန်သည်ပွဲစားလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ရေငံပုစွန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ဒေသထွက်ကုန်များမှာ ငါး၊ငါးပိ ငါးခြောက်၊ စပါး၊ သီဟိုသရက်၊ သရက်၊ တညင်း၊ ရော်ဘာ၊ ငရုတ်၊ ငရုတ်ကောင်း၊ ကျွန်းသစ်၊ ရော်ဘာ၊ မဟော်ဂနီ၊ ပျဉ်းကတိုးနှင့် သစ်အမျိုးမျိုးတို့ဖြစ်သည်။ ဒေသထွက်ကုန်များကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချသည်။

ထင်ရှားသောနေရာများ[ပြင်​ဆင်​ရန်​]

မဟာကျန်ဘုရား (မြို့မကျောင်းတိုက်)
နန်းဦးဘုရား (မြို့ဦးကျောင်းတိုက်)
မြို့ဦးရွှေစည်းခုံစေတီတော်
မောင်တောကုန်သွယ်ရေးစခန်း
အလယ်သံကျော်ကမ်းခြေ

ပြင်ပလင့်များ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မောင်ကောက်စံ - ရခိုင်ပြည်နယ်လူမှုစီးပွားပထဝီဝင် ၂၀၀၈
  2. စွယ်စုံကျမ်း အတွဲ (၉)
  3. ကြေးမုံသတင်းစာ