ကျိုက်မရောမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကျိုက်​မ​ရော​မြို့
—  မြန်မာ​နိုင်ငံ​ရှိ မြို့​များ  —
ကျိုက်​မ​ရော​မြို့ is located in Burma
ကျိုက်​မ​ရော​မြို့
မြို့တည်နေရာပြ မြန်မာ​နိုင်ငံ​မြေပုံ
Coordinates: 16°4′N 97°34′E / 16.067°N 97.567°E / 16.067; 97.567
နိုင်ငံ​အမည် Template:နိုင်ငံ စာရင်းအင်း မြန်မာ​နိုင်ငံ
ပြည်နယ် Flag of Mon State.svg မွန်
ခ​ရိုင် မော်​လ​မြိုင်
လတ္တီ​ကျု (၁​၆)ဒီ​ဂ​ရီ၊ (၄)မိ​နစ်
လောင်​ဂျီ​ကျု (၉​၇)ဒီ​ဂ​ရီ၊ (၃​၄)မိ​နစ်
မြို့​နယ်​ရုံးစိုက်​ရာ​မြို့ ကျိုက်​မ​ရော​မြို့
Time zone မြန်မာ​စံတော်​ချိန် (UTC+ ၆ နာရီ ၃​၀ မိ​နစ်)


ကျိုက်​မ​ရော​မြို့​သည် မွန်ပြည်နယ် (၁​၀)မြို့​နယ် တွင် ပါဝင်​သော မြို့​တစ်​မြို့ ဖြစ်​သည်။ ကျိုက်​မ​ရော​မြို့​သည် မြန်မာ​နိုင်ငံ အောက်​ပိုင်း တနင်္သာရီတိုင်း ကျိုက္ခ​မီ​ခ​ရိုင်​တွင် ပါဝင်​သော မြို့​ပိုင်​ရုံးစိုက်​ရာ​မြို့ ဖြစ် သည်။ မွန်ပြည်နယ်၏ မြို့တော် ၏ မော်​လ​မြိုင်​မြို့အရှေ့တောင်​ဘက် အတ္ထ​ရံ​မြစ်ကမ်း​န​ဖူးပေါ်​၌ တည်​ရှိ​၍ မော်တော်​ကား​လမ်း​အတိုင်း (၁​၅)မိုင် ကွာဝေး​သည်။ ကျိုက်​မ​ရော​မြို့​ကို အတ္ထ​ရံ​မြစ်ကြောင်း​မှ​လည်း လှေ​သင်္ဘော​များ​ဖြင့် သွား​လာ​နိုင်​သည်။ ကျိုက်​မ​ရော​မြို့​နယ်​၏ အရှေ့​ဘက်​တွင် ကော့​က​ရိတ်​မြို့​နယ်​နှင့် ကြာ​အင်း​ဆိပ်​ကြီး​မြို့​နယ် ၊ အနောက်​ဘက်​တွင် မု​ဒုံ​မြို့​နယ်၊တောင်​ဘက်​တွင် ကြာ​အင်း​ဆိပ်​ကြီး​မြို့​နယ် ၊ မြောက်​ဘက်​တွင် မော်​လြ​မိုင်​နယ်​နှင့် ဘားအံမြို့​နယ်​တို့ ရှိ​ကြ​သည်။


ကျိုက်​မ​ရော​ကို မွန်​ဘာသာ​အား​ဖြင့်၊ ကျော်​မ​ရဟ်ဟု ရေး​၏။ အဓိပ္ပါယ်​မှာ ထင်ရှား​သော ဘုရား​ရှိ​သည့် မြို့ ဖြစ်​၏။ ထို​ထင်ရှား​သော​ဘုရား​ကား ကျိုက်​မ​ရော​မြို့​ရှိ ဆုတောင်းပြည့်​ဘုရား​ကြီး​ပင် ဖြစ်​ပေ​သည်။ ထင်ရှား​သော​ဘုရား​မှာ ကျိုက်​မ​ရော​မြို့​ရှိ ဆုတောင်း​ဝတ်​ကျောင်းတော်​ကြီး​ကို မွန်​ဘုရင်​မ​ကြီး ရှင်​စော​ပု​က သက္ကရာဇ် ၈​၁​၇ ခု​နှစ် ၊ သီတင်းကျွတ် လ​ပြည့်​နေ့​တွင် တည်ထား​ခဲ့​သည်။ ဝတ်​ကျောင်းတော်​ကြီး​အတွင်း​ရှိ ဆင်း​တုတော်​ကြီး​၏ ပုံသဏ္ဍာန်​မှာ အခြား​သော ဆင်း​တုတော်​များ​နှင့်​မ​တူ​ဘဲ တစ်​မူ​ထူးခြား​ပေ​သည်။ ထို​ဝတ်​ကျောင်းတော်​၏ အဝင်ဝ​လက်ဝဲဘက် ၌ မွန်​ကျောက်စာ တစ်​ချပ်​ရှိ​သည်။ နှစ်စဉ်​နှစ်​တိုင်း နှစ်​သစ်​ကူး သင်္ကြန်​အခါ​၌ ရေ​သဘင်​ပွဲ​နှင့်​အတူ ကျိုက်​မ​ရော​မြို့ ဆုတောင်းပြည့် ဘုရား​ပွဲ​ကို​လည်း တစ်​ပြိုင်​တည်း ကျင်းပ​လေ့​ရှိ​၍ အလွန်​စည်ကား​သော ပွဲတော်​တစ်​ရပ် ဖြစ်​ပေ​သည်။ ကျိုက်​မ​ရော​မြို့​နှင့် (၂​၄)မိုင်​ခန့်​ကွာ​သော အတ္တ​ရံ​မြစ်​ကမ်း နဖူး​တွင် ရေပူ​ကျေးရွာ​ရှိ​သည်။ ရေပူ​ကန်​များ​ရှိ​၍ ရေပူ​ကျေးရွာ​ဟု အမည်တွင်​နြေ​ခင်း ဖြစ်​၏။ ထို့​ပြင် ထုံးဖုတ်​သော ထုံးကျောက်​တောင်​ကြီး​များ​လည်း ရှိ​သည်။


ကျိုက်​မ​ရော​မြို့​နယ်​တွင် ကျေးရွာ​အုပ်စု​ပေါင်း ၃​၅ စု ပါဝင်​၍ အကျယ်အဝန်း​မှာ ဧက ၂​၃⁠၃​ဝ⁠ဝ ကျော် ဖြစ်​သည်။ မြို့​နယ်​၏ လူ​ဦးရေ​မှာ ၈​ဝ⁠ဝ​ဝ​ဝ ခန့် ရှိ​၍၊ မွန်၊ မြန်မာ၊ ကရင်၊ ရှမ်း၊ တောင်သူ၊ တရုတ်၊ ကုလား၊ လူ​မျိုး​များ နေထိုင် ကြ​သည်။ မွန်​အမျိုးသား​များ​မှာ လူ​များ​စု ဖြစ်​သည်။ ကျိုက်​မ​ရော​မြို့​နယ်​မှာ တော​တောင်​ထူထပ်​၍ ကော်ဖတ်​ခြံ အမြောက်အမြား​ရှိ​သည်။ လယ်ယာ​ကိုင်းကျွန်း လုပ်ကိုင်​မှု​မှာ အဓိက အသက်မွေး​ဝမ်း​ကျောင်း​လုပ်​ငန်း ဖြစ်​သည်။ ထို​နယ်​မှာ မြေဩဇာ ညံ့​ဖျင်း​သည့်​ပြင် မ​ကြာ​ခဏ ရေ​လွှမ်းမိုး​ခြင်း ခံ​ရသ​ဖြင့် လယ်ယာ​လုပ်​ငန်း​များ မ​ဖွံ့ဖြိုး​ချေ။

ကျိုက်​မ​ရော​မြို့ပေါ်​တွင် အိမ်​ခြေ ၆​၇​ဝ ခန့်​ရှိ​၍ ၁​၉​၅​၃ ခု သန်းခေါင်​စာရင်း​အရ လူ​ဦးရေ ၄​၂​၄​၄ ယောက်​ခန့် ရှိ​သည်။ မြို့ပေါ်​တွင် ရဲ​ဌာန၊ စာပို့​တိုက်၊ ဝတ်ကျောင်း၊ ငွေတိုက်၊ အထက်​တန်း​ကျောင်း၊ မြေစာရင်းရုံး၊ သစ်တော​ဌာန​နှင့် ဆေး​ရုံ​တို့ ရှိ​သည်။ ဝတ်ကျောင်း​မှာ အထင်​ရှား​ဆုံး​သော​မြို့​၏ ကျက်သရေ​ဆောင်​ဖြစ်​၍ သက္ကရာဇ် ၈​၁​၇ ခု​နှစ် သီတင်းကျွတ် လ​ပြည့်​နေ့​တွင် မွန်​ဘုရင်​မ​ကြီး၊ ရှင်​စော​ပု တည်ဆောက် ခဲ့​သည်။ ဝတ်ကျောင်း​အတွင်း​ရှိ ရုပ်​ပွားတော်​၏ ပုံသဏ္ဍာန်​မှာ ထူးခြား​ပေ​သည်။ ဝတ်ကျောင်း​အဝင်ဝ လက်ဝဲဘက်​၌ မွန်​ဘာသာ ကျောက်စာ​တစ်​ချပ် တည်​ရှိ​သည်။

ကျိုက်​မ​ရော​မြို့​နှင့် ၂​၄ မိုင်​ခန့် ကွာ​သော အတ္ထ​ရံ​မြစ်​ကမ်း နဖူး​ရှိ ရေပူ​ကျေးရွာ​တွင် ရေပူ​ကန်​များ​ရှိ​သည်။ ထို့​အပြင် ထုံးဖုတ်​သော ထုံးကျောက်​တောင်​ကြီး ၁​၅ လုံး​ခန့် ရှိ​သည်။ သို့ရာတွင် ကျိုက်​မ​ရော​မြို့မ ပတ်ဝန်းကျင်​၌​သာ ထုံး​လုပ်​ငန်း​ကို လုပ်ကိုင်​ကြ​၍ အခြား​ကျေးရွာ​များ​တွင် မ​လုပ်ကိုင်​ကြ​ချေ။ ထုံး များ​ကို မော်​လ​မြိုင် မြို့​မှ​တစ်​ဆင့် ပို့​ထုတ်​ရောင်းချ​လေ့​ရှိ​သည်။ ကျိုက်​မ​ရော​မြို့​နယ် ကျေးရွာ​များ​တွင် လှည်း​ဘီး​အမြောက် အမြား ပြုလုပ်​ကြ​သည်။ ရက်ကန်း​လုပ်​ငန်း အနည်းငယ်​လည်း ရှိ​သည်။ နှစ်စဉ်​နှစ်​တိုင်း သင်္ကြန်​နှစ်ကူး​အခါ​တွင် ရေ​သဘင် ပွဲတော်​နှင့် ကျိုက်​မ​ရော​မြို့ ဆုတောင်းပြည့်​ဘုရားပွဲတော်​ကို တ​ပြိုင်​တည်း ကျင်းပ​လေ့​ရှိ​၍ အလွန်​စည်ကား​လှ​ပေ​သည်။ [၁]

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၂)


Template:မြန်မာ​တိုင်း​နှင့်​ပြည်နယ်​များ