ချောင်းဆုံမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ချောင်းဆုံမြို့
—  မြန်မာနိုင်ငံရှိ မြို့များ  —
ချောင်းဆုံမြို့ is located in Burma
ချောင်းဆုံမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
Coordinates: 16°21′N 97°32′E / 16.35°N 97.533°E / 16.35; 97.533
နိုင်ငံအမည် မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
ပြည်နယ် Flag of Mon State.svg မွန်
ခရိုင် မော်လမြိုင်
လတ္တီကျု (၁၆)ဒီဂရီ၊ (၂၁)မိနစ်
လောင်ဂျီကျု (၉၇)ဒီဂရီ၊ (၃၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ ချောင်းဆုံမြို့
Time zone မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


ချောင်းဆုံမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်း ကျိုက္ခမီခရိုင်ရှိ ဘီလူးကျွန်း တစ်ကျွန်းလုံး အပါအဝင်ဖြစ်သော ချောင်းဆုံမြိုနယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဘီလူးကျွန်း၏ အလယ် ချိုင့်ဝှမ်းတွင် တည်ရှိ၍ ရှေးအခါကပင် အစည်ကား ဆုံးသော ရွာတန်းရှည်ကြီး ဖြစ်သည်။ မြို့ပိုင်ရုံး၊ ရဲဌာန၊ စာပို့ တိုက်၊ ဆေးရုံ၊ ဈေးနှင့် နိုင်ငံတော်အထက်တန်းကျောင်းရှိ၏။ ဘီလူးကျွန်း၏ တောင်ဘက်အစွန်ရှိ မူးရစ်ကလေးရွာသို့၎င်း၊ မြောက်ဘက်အစွန်ရှိ ကလွီရွာသို့၎င်း၊ အရှေ့ဘက်အစွန်ရှိ နတ်မော်သင်္ဘောဆိပ် သို့၎င်း မော်တော်ကားများနှင့် သွား လာနိုင်၍၊ နတ်မော်မှတစ်ဆင့် မော်လမြိုင်သို့ ကူးတို့သင်္ဘော ရှိသည်။

ချောင်းဆုံမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၄၅၇ ဖြစ်သော်လည်း စပါးစိုက်ပျိုးသော ဧရိယာမှာ စတုရန်း မိုင် ၁၉ဝ သာ ဖြစ်သည်။ သို့ရာတွင် မြေဩဇာထက်သန် ကောင်းမွန်၍ မြန်မာနိုင်ငံတွင် အကောင်းဆုံး ဆန်းစပါးထွက် ရာ မြို့နယ်တစ်ခု ဖြစ်သည်။

ချောင်းဆုံမြို့၏ လူဦးရေမှာ ၁၉၅၃ ခု သန်းခေါင်စာရင်း အရ ၃၂၉ဝ ခန့် ဖြစ်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)