စစ်တက္ကသိုလ် (ပြင်ဦးလွင်)

Wikipedia မှ
(စစ်တက္ကသိုလ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စစ်တက္ကသိုလ် (ပြင်ဦးလွင်)
DSA
DSA.jpg
ဆောင်ပုဒ် နောင်တစ်ခေတ်၏ အောင်စစ်သည်
တည်ထောင်ခုနှစ် ၁၉၅၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄)ရက်
ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြတ်ထွန်းဦး
ဒုကျောင်းအုပ် ဗိုလ်မှူးကြီးမျိုးနောင်
ဝန်ထမ်း {{{ဝန်ထမ်း}}}
ဆရာ {{{ဆရာ}}}
ဘွဲ့ကြိုကျောင်းသား အပတ်စဉ်တစ်ခုလျှင် ပျှမ်းမျှ ၂၀၀၀ ခန့်
ဘွဲ့လွန်ကျောင်းသား မရှိ
တည်နေရာ မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့
အကျယ်အဝန်း
ပိုင်ဆိုင်မှု
ရန်ပုံငွေ
အဖွဲ့အစည်း
သတင်းစာ
အထိမ်းအမှတ်အရောင်
အထိမ်းအမှတ်သတ္တဝါ
အားကစားအမည်
အားကစားအသင်း
ကွန်ယက် ကာကွယ်ရေး ဝန်ကြီးဌာန ၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး


Defence Services Academy (DSA) စစ်တက္ကသိုလ် သည် အရှေ့တောင်အာရှတွင် စစ်ပညာနှင့် တက္ကသိုလ်ပညာ ကိုပူးတွဲသင်ကြားကာ အရာရှိများအားမွေးထုတ်ပေးသည့် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ လက်ရှိ ကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးချုပ် မြတ်ထွန်းဦး ဖြစ်ပြီး နည်းပြပေါင်း (၃၀၀) ခန့်နှင့် သင်တန်းသားပေါင်း (၇၅၀၀) ခန့် ရှိသည်။ ဆောင်ပုဒ်မှာ `နောင်တစ်ခေတ်၏ အောင်စစ်သည် ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အမှတ်စဉ် (၅၃) သင်တန်းအား ကျောင်းဆင်း ပေးနိုင်ခဲ့သည်။ သင်တန်း ကာလကို ယခင်က (၄) နှစ် သင်ကြားခဲ့ရာမှ ၁၉၉၈ ခုနှစ်၊ သင်တန်း အမှတ်စဉ် (၄၂) မှစတင် ၍ သင်တန်းကာလ (၃) နှစ် သတ်မှတ်ခဲ့သည်။ ဝိဇ္ဇာဘွဲ့ ၊ သိပ္ပံဘွဲ့နှင့် ကွန်ပျူတာ သိပ္ပံဘွဲ့များ အတွက် သင်ကြားပေးသည်။ ယခုBAဘွဲ့သင်တန်းများကို မသင်ကြားတော့ပေ။ မဟာဘွဲ့ သင်တန်းများလည်း ဖွင့်လှစ်လျက် ရှိသည်။ အမျိုးသမီး သင်တန်းသားများ လက်ခံခြင်း မရှိပေ။ ၄င်းအပြင် လက်နက်ကိုင်ပညာ၊တိုက်ခိုက်ရေး၊ဗျူဟာ၊စစ်ရေးပြ စသော စစ်ပညာကိုလဲ ပူးတွဲ သင်ကြားပေးသည်။ အနော်ရထာ(အနီ)၊ဘုရင့်နောင်(အပြာ)၊အောင်ဇေယျ(အဝါ)ဟူသော ဗိုလ်လောင်းတပ်ရင်း ၃ရင်း တပ်ခွဲ ၄၂ခွဲ(တစ်ရင်းလျှင် ၁၄ခွဲ)ဖြင့် ဗိုလ်လောင်းများကို Senior-Juniorစနစ်ဖြင့် စစ်စည်းကမ်းများဖြင့် တင်းကျပ်စွာ အုပ်ချုပ်ကွပ်ကဲသည်။ယခုကျောင်းအုပ်ကြီးမှာ ၂၃ဆက်မြောက်ဖြစ်သည်။ စစ်တက္ကသိုလ် တက်ရောက်မည့် ဗိုလ်လောင်းများကို နှစ်စဉ် သတင်းစာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လူငယ်လူရွယ်များကို ခေါ်ယူပြီး ဝင်ခွင့်စာမေးပွဲများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များတွင်ပြုလုပ်ကာ ဗိုလ်ရွေးအဖွဲ့မှတဆင့် ခေါ်ယူခြင်းဖြစ်သည်။ထို့နောက်ဗိုလ်လောင်းများကို ဆေးစစ်ခြင်းပြုလုပ်ကာ ဆန်ကာတင်ရွေးချယ်ကာ ဆေးအောင်ဗိုလ်လောင်းများကိုသာအတည်ပြုရွေးချယ်ပါသည်၊၊ ဗိုလ်လောင်း သင်တန်းမှာ ၃နှစ်ကာလကြာမြင့်ပြီး စစ်ပညာကိုသာမက တက္ကသိုလ်ပညာကိုပါ သင်ကြားပေးသည်။သင်တန်းဆင်းသည်နှင့် တပ်မတော်(ကြည်း၊ရေ၊လေတစ်ခုခုတွင်)ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ် အဖြစ်ခန့်အပ်ပေးသည်။

[ပြင်​ဆင်​ရန်​] သမိုင်းကြောင်း

စစ်တက္ကသိုလ်ကို ကို ၁၉၅၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးတပ်မြို့၌ စတင် တည်ထောင်ခဲ့သည်။ ၁၉၅၇ ဇွန်လ (၁) ရက်နေ့တွင် မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ပထမဆုံးကျောင်းအုပ်ကြီးမှာ ဒုတိယ ဗိုလ်မှူးကြီး ခွန်နောင် ဖြစ်သည်။

[ပြင်​ဆင်​ရန်​] သင်တန်းဆင်းများထဲမှလက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသူများ

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး သည် စစ်တက္ကသိုလ် အမှတ်စဉ် (၁)သင်တန်းဆင်းဖြစ်ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်း(DSA-1 အောင်စစ်သည်) ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း (DSA-11)၊ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး (DSA-12)နှင့်ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်(DSA-18) ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်(DSA-19)ကစထမှူးများ အရာရှိချုပ်များ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊စာရင်းစစ်ချုပ်နှင့် တိုင်းမှူး တပ်မမှူး စသောတပ်မတော်အရာရှိကြီးအများစုမှာ သည် စစ်တက္ကသိုလ် ဆင်းများ ဖြစ်ကြသည်။


ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်