စပစ်ဖိုင်းယား လေယာဉ်

Wikipedia မှ
(Supermarine Spitfire မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

Supermarine Spitfire [ပြင်​ဆင်​ရန်​]

ဗြိတိန်နိုင်ငံလုပ် Supermarine Spitfire

Spitfire တိုက်လေယာဉ်များသည် ၁၉၄၀ ပြည့်လွန်နှစ်များ၌ ဂျာမန်တိုက်လေယာဉ်များကို ယှဉ်ရာမှာ အနိုင်ရ အောင်မြင်ခဲ့သော တိုက်လေယာဉ်အဖြစ် ကျော်ကြားပြီး ဂျာမဏီကို အံတုနိုင်သည့်အတွက် ဗြိတိသျှတို့၏အမျိုးသားရေး လက္ခဏာတခု ဖြစ်လာခဲ့သည်။

အခုတွင် ပျံသန်းနိုင်လောက်အောင် အခြေအနေ ရှိနေသော Spitfire တိုက်လေယာဉ် တကမ္ဘာလုံးမှာ ၃၅ စင်းခန့်မျှသာ ကျန်ရှိတော့သည်ဟု ယူဆရပါသည်။

မြန်မာနိုင်ငံရှိ မြုပ်နှံထားသော လေယာဉ်များ [ပြင်​ဆင်​ရန်​]

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံမှ ဗြိတိသျှစစ်တပ်များ ဆုတ်ခွာစဉ် မြန်မာနိုင်ငံ၌ မြှုပ်ဝှက်ထားခဲ့သော ဗြိတိသျှ Spitfire တိုက်လေယာဉ် အစင်း၂၀ ကို မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ပြန်လည် တူးဖေါ်ဖို့ သဘောတူခဲ့သည်။

၁၉၄၅ ခုနှစ်၌ မြန်မာနိုင်ငံကို ဂျပန်ဝင်လာချိန်တွင် ဆုတ်ခွာခဲ့ရသော ဗြိတိသျှစစ်တပ်က ဂျပန်များလက်သို့ ရောက်ရှိသွားပြီး အသုံးချခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းများ ဖြစ်ခဲ့မည်ကို စိုးရိမ်၍ Spitfire တိုက်လေယာဉ် အစင်း ၂၀ ကို မြှုပ်ထားခဲ့ခြင်းဖြစ်သည်။ ထိုလေယာဉ်များသည် တပ်ဆင်ခြင်း မရှိသေးသော လေယာဉ်များဖြစ်ပြီး အစိတ်အပိုင်းများကို သေတ္တာကြီးများနှင့် ထည့်ပြီး မြုပ်ထားခဲ့သည်ဟု သိရသည်။ စစ်ပြီး၍ ဂျပန်များ လက်နက်ချပြီးနောက်မှာ လေယာဉ်​များ ဝှက်ထားခဲ့သည်ကို မေ့နေခဲ့ကြသကဲ့သို့ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ ရာစုနှစ်တဝက်မျှ စစ်တပ်အုပ်ချုပ်မှု အောက်ကို ရောက်နေခဲ့ခြင်းကြောင့် တူးဖေါ်ခွင့်မရခဲ့ပါ။

[၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. http://moemaka.com/2012/04/spitfires-buried-in-burma/