နယ်ခြားစောင့်တပ်ဖွဲ့

ဝီကီပီးဒီးယား မှ
နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှင့် မရောထွေးပါနှင့်။
နယ်ခြားစောင့်တပ်ဖွဲ့
Border Guard Forces
နယ်ခြားစောင့်တပ်ဖွဲ့ လက်မောင်းတံဆိပ်
တည်ထောင်ဧပြီ ၂၀၀၉ (၂၀၀၉-၀၄)
သစ္စာခံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
အရန်တပ်ဖွဲ့
အခန်းကဏ္ဍနယ်စပ်ဒေသလုံခြုံရေး
တပ်
အရွယ်အစား
၁၈,၉၉၈ (စုစုပေါင်း)
  • ၈,၀၀၀ (ကရင် နယ်ခြားစောင့်)
  • ၄,၀၀၀ (ကယား နယ်ခြားစောင့်)
  • ၂,၀၀၀ (ကချင် KDA+NKA)
  • ၁,၀၀၀ (ကိုးကန့် နယ်ခြားစောင့်)
အစိတ်အပိုင်း တပ်မတော်
ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးစစ်ရုံး၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ
အမည်ပြောင်ဘီဂျီအက်ဖ်
အုပ်ချုပ်သူများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးဗိုလ်ချုပ် အောင်ပိုင်ဦး
အဆောင်အယောင်များ
နယ်ခြားစောင့်တပ်ဖွဲ့ အလံတော်

နယ်ခြားစောင့်တပ်ဖွဲ့ (အင်္ဂလိပ်: Border Guard Forces; အတိုကောက် BGF) သည် တပ်မတော်၏ လက်အောက်ခံ တပ်ဖွဲ့များ ဖြစ်ပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ပြီး တိုင်းစစ်ဌာနချုပ်များ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရသည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် အစိုးရက ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို ဦးတည်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စစ်မက်ဖြစ်ပွားခြင်းကို အဆုံးသတ်ရန် ရည်ရွယ်ပြီး နယ်ခြားစောင့်တပ်များကို ဖန်တီးခဲ့သည်။

သမို်င်းကြောင်း[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် မဖြစ်မနေ အသွင်ကူးပြောင်းရန် တွန်းအားပေးခဲ့သည်။[၁] နယ်ခြားစောင့်တပ်ဖွဲ့စည်းခြင်းအား အစိုးရက ကြေညာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို နယ်ခြားစောင့်တပ်အဖြစ် ၂၀၀၉ ခုနှစ် ဇွန်လနောက်ဆုံးထား၍ ကူးပြောင်းရန် အချိန်သတ်မှတ်ပေးခဲ့သည်။ သို့သော်လည်း အချိန်သတ်မှတ်ချက်အား ၂၀၁၀ ခုနှစ် စက်တင်ဘာလအထိ ငါးကြိမ်တိုင် ရွေ့ပြောင်းခဲ့ရသည်။[၂][၃]

၂၀၀၉ ခုနှစ် ဧပြီလတွင် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ဦးဆောင်ကာ ကိုးကန့်ရှမ်းနှင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး တပ်မတော်၏ လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဖွဲ့စည်းရန် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။[၄] ၂၀၀၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်ကချင်ကာကွယ်ရေးတပ်ဖွဲ့ (ကေအိုင်အေ တပ်မဟာ-၄)၊ ကချင်ဒီမိုကရေစီသစ် တပ်မတော်နှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်/တပ်မတော် တို့သည် နယ်ခြားစောင့်တပ်များအဖြစ် ကူးပြောင်းရန် သဘောတူညီခဲ့သည်။[၅]

၂၀၀၉ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်အသစ်များသည် ကိုးကန့်ဒေသ၊ လောက်ကိုင်တွင် စုစည်းကာ နယ်ခြားစောင့်တပ်များအဖြစ် ကူးပြောင်းရန် ငြင်းဆိုသော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) ထံမှ မြို့အားပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည်။[၆][၇]

ကရင်နယ်ခြားစောင့်တပ်ဖွဲ့[ပြင်ဆင်ရန်]

၂၀၁၀ တွင် ဒီကေဘီအေ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော စောချစ်သူသည် နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းရန် သဘောတူညီခဲ့သည်။[၈]

ကရင်ဘီဂျီအက်ဖ် ခွဲထွက်ခြင်း[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကရင်နယ်ခြားစောင့်တပ်မှ ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူးစောမုတ်သုန်၊ ဗိုလ်မှူးစောတင်ဝင်းတို့အား နုတ်ထွက်ရန် တပ်မတော်က ဖိအားပေးခဲ့သည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ် တပ်နယ် ၄ အမှတ် ၁၀၂၂ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်သည် တပ်ရင်း ၁၃ ခု၊ အရာရှိ ၇၇ ဦးနှင့် တပ်မမှူး ၁၃ ဦးနှင့်အတူ နုတ်ထွက်စာတင်ခဲ့သည်။[၉] အငြင်းပွားဖွယ်ရာများနှင့် ဖိအားပေးမှုများရှိသော်လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်တို့သည် နုတ်ထွက်စာတင်ခဲ့ကြသည်။ သို့သော်လည်း ဗိုလ်မှူးကြီး စောချစ်သူက နုတ်ထွက်ရန် ငြင်းဆိုခဲ့သည်။[၁၀]

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စောချစ်သူက ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဆွေးနွေးကာ ကရင်နယ်ခြားစောင့်တပ်အနေဖြင့် တပ်မတော်ထံမှ လစာနှင့် အထောက်အပံ့များ မယူတော့ဘဲ သီးခြားရပ်တည်မည်ဟု မီဒီယာများအား ပြောကြားခဲ့သည်။[၁၁][၁၂]

မတ်လ ၆ ရက်နေ့တွင် ကရင်နယ်ြခားစောင့်တပ်သည် "ကရင်အမျိုးသားတပ်မတော်"အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။[၁၃]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

နယ်ြခားစောင့်တပ်နှင့် ပတ်သက်၍ အစိုးရအနေဖြင့် တရားဝင်လမ်းညွှန်ချက်များ ထုတ်ပြန်ထားခြင်း မရှိသော်ပေ။[၁၄] အောက်ပါတို့သည် တပ်မတော်က နယ်ခြားစောင့်တပ်များ လိုက်နာရမည်များကို သတ်မှတ်ထားသည်များ ဖြစ်သည်။[၂][၄]

  • နယ်ြခားစောင့်တပ်များသည် အစိုးရက တာဝန်ပေးအပ်ထားသော နေရာတွင်သာ ဆောင်ရွက်ရမည်။
  • နယ်ြခားစောင့်တပ်ဖွဲ့ဝင်များအားလုံးကို တပ်မတော်ရှိ စစ်သားများတန်းတူ လစာပေးအပ်ထားသည်။
  • အရာရှိ အဆင့် ၁၈ ဦး၊ အခြားအဆင့် ၃၀၈ ဦးပါဝင်သော နယ်ခြားစောင့်တပ်တွင် တပ်မှူးမှာ အပစ်ရပ်အဖွဲ့မှ ဖြစ်သော်လည်း မြန်မာ့တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိ တဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးနှင့် အခြားအဆင့်ရှိသူ ၂၇ ဦးတို့ကိုလည်း ထည့်သွင်းရမည်။
  • အရေးပါသော အုပ်ချုပ်ရေးရာထူးများကို တပ်မတော်မှသာ ရယူသည်။

နယ်ခြားစောင့်တပ်ဖွဲ့များ စာရင်း[ပြင်ဆင်ရန်]

လက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့များ[၁၅][ပြင်ဆင်ရန်]

အမည် သက်တမ်း ကူးပြောင်းရက်စွဲ ဌာနချုပ် မြို့နယ် နယ်ခြားစောင့်တပ် အမှတ်စဉ် မှတ်ချက်
ကချင်ဒီမိုကရေစီသစ် တပ်မတော် ၁၉၈၉-၂၀၀၉ ၈ နိုဝင်ဘာ ၂၀၀၉ ပန်ဝါမြို့ ၁၀၀၁-၁၀၀၃ ကေအိုင်အို၏ ကွန်မြူနစ်ဂိုဏ်းအဖြစ် စတင်ခဲ့သည်။
ကချင်ကာကွယ်ရေးတပ်ဖွဲ့ ၁၉၉၀-၂၀၁၀ ဇန်နဝါရီ ၂၀၁၀ ကောင်းခါး M12-M19 ကေအိုင်အေ၏ တပ်မဟာ-၄ အဖြစ် စတင်ခဲ့သည်။
လားဟူဒီမိုကရက်တစ်တပ်ဦး ?-၂၀၁၀ ၃၀ မတ် ၂၀၁၀/၁၈ မေ ၂၀၁၀ မိုင်းတုံမြို့ ၁၀၀၇-၁၀၀၉ ဘီဂျီအက်ဖ် တပ်ရင်း ၁၀၀၈ တွင် လားဟူတပ်အပြင် ဂျာကူနီပြည်သူ့စစ်လည်း ပါဝင်သည်။[၁၅]
ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့[၁၆] ၁၉၉၇-၂၀၁၀ ၂၁-၂၃ ဩဂုတ် ၂၀၁၀ ကော့ကရိတ်မြို့ ၁၀၂၃ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်မဟာအဖြစ် စတင်ခဲ့သည်။

ယခင် နယ်ခြားစောင့်တပ်များ[ပြင်ဆင်ရန်]

အမည် သက်တမ်း ကူးပြောင်းရက်စွဲ နုတ်ထွက်ရက်စွဲ ဌာနချုပ် မြို့နယ် ယခင် နယ်ခြားစောင့်တပ် အမှတ်စဉ် မှတ်ချက်
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၁၉၇၈-၂၀၀၉၊ ၂၀၀၃-လက်ရှိ ၉ နိုဝင်ဘာ ၂၀၀၉ ၁၃ ဇွန် ၂၀၂၃ လွိုင်ကော်မြို့ ၁၀၀၄-၁၀၀၅
  • ကရင်နီတပ်မတော်၏ ကွန်မြူနစ်ဂို်ဏ်းအဖြစ် စတင်ခဲ့ပြီး ၂၀၂၃ ဇွန်တွင် စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့များနှင့် ပူးပေါင်းခဲ့သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (BGF-faction) ၁၉၈၉-၂၀၀၉ ၄ ဒီဇင်ဘာ ၂၀၀၉ ၅ ဇန်နဝါရီ ၂၀၂၄ လောက်ကိုင်မြို့ ၁၀၀၆
ကရင်အမျိုးသားတပ်မတော် (ယခင် ဒီကေဘီအေ) ၁၉၉၄-၂၀၁၀၊ ၂၀၀၄-လက်ရှိ ၁၈-၂၁ ဩဂုတ် ၂၀၁၀ ၁၁ ဇန်နဝါရီ ၂၀၂၄ မြဝတီမြို့ ၁၀၁၁-၁၀၂၂

ရာထူးအဆင့်များ[ပြင်ဆင်ရန်]

အဆင့် အုပ်စု ခေါင်းဆောင်ပိုင်း/ထိပ်တန်း အရာရှိကြီးများ မြေပြင်အမှုထမ်း/အကြီးတန်း အရာရှိများ အရာရှိငယ်များ အလုပ်သင် အရာရှိ
အဆင့်ညီသည့်
နေတိုးကုဒ်
OF-10 OF-9 OF-8 OF-7 OF-6 OF-5 OF-4 OF-3 OF-2 OF-1 OF(D)
နယ်ခြားစောင့်တပ်ဖွဲ့
ဗိုလ်မှူးကြီး ဒုတိယ ဗိုလ်မှူးကြီး ဗိုလ်မှူး ဗိုလ်ကြီး ဗိုလ် ဒုတိယ ဗိုလ်
အဆင့် အုပ်စု ပြန်တမ်းဝင်မဟုတ်သော အရာရှိများ စီနီယာ အခြားအဆင့်များ အခြားအဆင့်များ
အဆင့်အတန်း
ညီမျှသည့်
နေတိုးသင်္ကေတ
OR-9 OR-8 OR-7 OR-6 OR-5 OR-4 OR-3 OR-2 OR-1
နယ်ခြားစောင့်တပ်ဖွဲ့ No insignia
အရာခံဗိုလ် ဒုအရာခံဗိုလ် တပ်ခွဲတပ်ကြပ်ကြီး တပ်ကြပ်ကြီး တပ်ကြပ် ဒုတပ်ကြပ် တပ်သား

ကိုးကား[ပြင်ဆင်ရန်]

  1. Border guard plan could fuel ethnic conflict (29 November 2010)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2016 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Border Guard Force Scheme။ Myanmar Peace Monitor (11 January 2013)။ 15 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2016 တွင် ပြန်စစ်ပြီး။
  3. McCartan၊ Brian။ "Myanmar ceasefires on a tripwire"၊ Asia Times၊ 30 April 2010။ 3 May 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 1 May 2010။ 
  4. ၄.၀ ၄.၁ Wai Moe။ "Border Guard Force Plan Leads to End of Ceasefire"၊ The Irrawaddy၊ 31 August 2009။ 
  5. NDF Report on Ceasefire Groups Resisting SPDC's Pressure and InstabilityNational Democratic Front (Burma) (7 March 2010)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 March 2012 တွင် ပြန်စစ်ပြီး။
  6. Tension sparks people to flee into ChinaShan Herald (24 August 2009)။ 2 September 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2009 တွင် ပြန်စစ်ပြီး။
  7. Dittmer၊ Lowell (30 September 2010)။ Burma Or Myanmar? the Struggle for National Identity။ World Scientific။ ISBN 9789814313643
  8. "Kayin State BGF officers and others collectively resign" (in en)၊ Eleven Media Group၊ 16 January 2021။ 
  9. "BGF ထိပ်သီးခေါင်း‌ဆောင်များ နုတ်ထွက်ခြင်းမပြုရန် တပ်မတော်တိုက်တွန်း" (in my)၊ Myanmar NOW၊ 15 January 2021။ 
  10. "ယူနီဖောင်းချွတ်ရန် အစီအစဉ် မရှိသေးဟု ဗိုလ်မှူးကြီးစောချစ်သူပြော" (in my)၊ Mizzima၊ 12 January 2021။ 
  11. "ကရင်နယ်ခြားစောင့်တပ် သီးခြားရပ်တည်ရေး ဒုတပ်ချုပ်နဲ့ ဗိုလ်မှူးကြီးစောချစ်သူဆွေးနွေး" (in my)၊ Radio Free Asia 
  12. "ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန်သွားရောက်" (in my)၊ BBC News မြန်မာ၊ 23 January 2024။ 
  13. ၁၃.၀ ၁၃.၁ "Karen BGF to rename itself 'Karen National Army'" (in en)၊ Myanmar Now၊ 6 March 2024။ 
  14. 2008 Constitution of Myanmar p. 5, 79, and 155
  15. ၁၅.၀ ၁၅.၁ Militias in Myanmar. John Buchanan. July 2016. The Asia Foundation Archived February 23, 2024, at the Wayback Machine.
  16. "DKBA CONTINUE TO FORCIBLY RECRUIT VILLAGERS WHILE THE KAREN PEACE FORCE JOINS THE BURMA ARMY BORDER GUARD FORCE" (in en)၊ Free Burma Rangers၊ 28 September 2010။ 
  17. https://acleddata.com/dashboard/#/dashboard
  18. "'Business is back': BGF adapts under pressure"၊ Frontier Myanmar၊ 8 April 2024။ 
  19. "Kayin Border Guard Force cuts ties with Myanmar junta"၊ Radio Free Asia၊ 25 January 2024။