ဧရာဝတီဘဏ်
ပုံပန်းသွင်ပြင်
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၁၁ ဩဂုတ် ၂၀၁၀ |
ဌာနချုပ် | ရန်ကုန်၊ မြန်မာ |
အရေးပါ ပုဂ္ဂိုလ်များ | ဦးဇော်ဇော် |
အလုပ်သမားဦးရေ | ၈၅၀၀[၁] (၂၀၂၀) |
ဝက်ဘ်ဆိုက် | ayabank.com |
ဆောင်ပုဒ် | စိတ်ချယုံကြည် ဧရာဝတီ |
ဧရာဝတီဘဏ် (Ayeyarwady Bank) သည် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၂ ဇူလှိုင်လ ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် တည်ထောင်ခဲ့သည်။ ဦးဆောင်တည်ထောင်ခဲ့သူမှာ ဦးဇော်ဇော်ဖြစ်သည်။ ဧရာဝတီဘဏ် ရန်ကုန်ရုံးချုပ်သည် အမှတ်(၁၆၄)၊ မဟာဗနွုလလမ်းမကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး နေပြည်တော်ရုံးချုပ်မှာ ၁၁၀-၁၁၂၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိသည်။ ယခုအခါ ဘဏ်ခွဲပေါင်း ၂၆၁ ခုထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။[၂] ဆောင်ပုဒ်မှာ "စိတ်ချယုံကြည် ဧရာဝတီ" ဟူ၍ဖြစ်သည်။
ဘဏ်သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဧရာဝတီဘဏ်ကို ၂ ဇူလှိုင် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုမိန့် ရရှိခဲ့ပြီး ၁၁ ဩဂုတ်လ ၂၀၁၀ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။
မတည်ရင်းနှီးငွေ
[ပြင်ဆင်ရန်]ခွင့်ပြုပြီး မတည်ရင်းနှီးငွေမှာ မြန်မာကျပ်ငွေ ၇၅ ဘီလီယံဖြစ်ပြီး ၅၅ ကျပ်ဘီလီယံ ထည့်ဝင်ပြီးဖြစ်သည်။
ဝန်ဆောင်မှုများ
[ပြင်ဆင်ရန်]- ငွေစုဘဏ်လုပ်ငန်း
- ချေးငွေလုပ်ငန်း
- ငွေလွဲလုပ်ငန်း
- Card Mangement
- လစာပေးခြင်း
- ငွေကောက်ခံပေးခြင်း
- အခြားဝန်ဆောင်မှုများ
- လုံခြုံမှုသေတ္တာငှားရမ်းခြင်း
- ဘဏ်အာမခံ
- Electronic Banking
- International Banking
- Internet Banking
- Mobile Banking
- Mobile Wallet
ဆုတံဆိပ်များ
[ပြင်ဆင်ရန်]- ၂၀၁၃
- Best Private Bank Myanmar 2013 by World Finance
- ၂၀၁၄
- Best Private Bank Myanmar 2014 by World Finance
- Best Retail Bank Myanmar 2014 by World Finance
- Global Banking & Finance Review Awards 2014 – Fastest Growing Retail Bank Myanmar 2014
- Global Banking & Finance Review Awards 2014 – Most Innovative Banking Services (AYA iBanking) Myanmar 2014
- “Banker of the Year 2014” by the Myanmar Times.
- ၂၀၁၅
- Best Private Bank, Myanmar 2015 by World Finance
- Best Banking Group, Myanmar 2015 by World Finance
- Most Sustainable Bank, Myanmar 2015 by World Finance [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "The Myanmar Times Bank Survey 2014"၊ Myanmar Times၊ 15 July 2014။ 8 February 2015 တွင် ပြန်စစ်ပြီး။
- ↑ ဘဏ်ခွဲများ။ ဧရာဝတီဘဏ်။ ၂၀၁၅-၀၃-၃၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ awards – AYA Bank Archived 20 March 2016 at the Wayback Machine.
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |