Alternative rock

ဝီကီပီးဒီးယား မှ

Alternative rock သည် (alternative music, alt-rock သို့ alternative ဟုလည်းခေါ်သည်) သည် rock ဂီတ၏အမျိုးအစားတစ်ခုဖြစ်ပြီး ၁၉၈၀ တွင် independent music underground မှ ပေါ်ထွက်လာခဲ့သည်။ ၁၉၉၀ တွင် ပို၍ ကျယ်ပြန့်လာခဲ့သည်။ alternative သည် mainstream rock ဂီတမှ ကွဲပြားသော အမျိုးအစားဖြစ်သည်။ အဓိကအားဖြင့် distorted guitar sound, subversive နှင့် transgressive စာသားတို့ဖြင့် ဖော်ပြထားသည်။ ဤစကားရပ်သည် ဂီတမျိုးဆက်သစ်များ၏ စုစည်းထားသော ဂီတပုံစံများဖြင့် ပို၍ ကျယ်ပြန့်လာခဲ့သည်။ ၁၉၇၀ နောက်ပိုင်းတွင် punk rock သည် alternative ဂီတ၏ groundwork အဖြစ် ပေါ်ထွက်လာခဲ့သည်။ underground rock အနုပညာရှင်များမှ alternative သည် ဂီတအတွက် မျက်စိကျစေသော ဖော်ပြချက်ဖြစ်လာခဲ့သည်။ ၎င်းသည် mainstream အသိအမှတ်ပြုခြင်းကို လက်ခံရရှိခဲ့သည်။ punk rock မှ ဆင်းသက်လာခဲ့ပုံပေါ်သည်။ (punk, new wave နှင့် post-punk တို့ပါဝင်သည်)

Alternative rock သည် ဂီတ၏ ကျယ်ပြန့်သော ဝေါဟာရအဖြစ် ပါဝင်သည်။ ဂီတသံ သည် ကွဲပြားခြားနားသည်။ ၁၉၈၀ အကုန်မှ မဂ္ဂဇင်းများနှင့် zine များ၊ college radio အသံလွှင့်ခြင်းများနှင့် ပြောစကားများနှင့် ထင်ရှားလာခဲ့သည်။ alternative rock သည် စိတ်ဝင်စားဖွယ်ရာ အမျိုးကွဲများပြားသည်။ ကွဲပြားသော ပုံစံများ သတ်မှတ်ခြင်းဖြင့် ကူညီစေသည်။ gothic rock, jangle pop, noise pop, indie rock, indie pop, C86, Madchester, industrial rock နှင့် shoegazing စသဖြင့် ဖြစ်သည်။ ဤမျိုးခွဲများသည် mainstream ကြေညာရာတွင် အောင်မြင်မှုရရှိခဲ့သည်။ တီးဝိုင်းအချို့ဖြစ်သော Husker Duနှင့် R.M.E တို့သည် ကိုယ်စားပြု၍ major label တွင် ရေးထိုးခဲ့သည်။ ထိုအချိန်တွင် rock ၏အခြားမျိုးခွဲများနှင့် နှိုင်းယှဉ်လျှင် alternative တီးဝိုင်းအများစုသည် independent label တွင် ရေးထိုးကျန်ရစ်ခဲ့သည်။ mainstream radio, television သို့ သတင်းစာများဖြစ် အနည်းငယ် အာရုံစိုက်ခြင်းခံရသည်။ Nirvana ၏ ထိုးဖောက်ကျော်ဖြတ်ခြင်းနှင့်အတူ ၁၉၉၀ တွင် grunge နှင့် britpop တို့ လူကြိုက်များလာခဲ့သည်။ alternative rock သည် mainstream သို့ဝင်ရောက်လာခဲ့ပြီး တီးဝိုင်းများသည် စီးပွားရေးအရ အောင်မြင်မှုရခဲ့သည်။

ဆယ်စုနှစ်အကုန်တွင် alternative rock ၏ mainstream ထင်ပေါ်ကျော်စောခြင်း ကျဆင်းလာခဲ့ပြီး grunge နှင့် britpop တို့ အရောင်မှိန်လာခဲ့သည်။ Lollapallooza festival ကို ဦးဆောင်ခဲ့သည်။ ၂၁ ရာစု အစတွင် post-grunge သည် Creed, Matchbox Twenty နှင့် Radiohead တို့၏ စီးပွားရေးအောင်မြင်မှုတို့နှင့်အတူ post-britpop အုပ်စု Coldplay ၏ အောင်မြင်မူနှင့်အတူ စီးပွားရေးအရ ဆက်လက်ကျန်ရှိခဲ့သည်။ alternative ကမ္ဘာတွင် Emo ဂီတကို စိတ်ဝင်စားစေခဲ့သည်။ အနုပညာရှင်အများအပြားပေါ်ပေါက်လာခဲ့ပြီး multi-platinum ဖျော်ဖြေတင်ဆက်မူများ ပါဝင်လာခဲ့သည်။ ၁၉၉၀ နောက်ပိုင်းနှင့် ၂၀၀၀ အစောပိုင်းအတောအတွင်း alternative rock တီးဝိုင်းများ ပေါ်ထွက်လာခဲ့သည်။ The Strokes, Franz Ferdinand, Arctic Monkeys နှင့် interpol တို့ပါဝင်ခဲ့သည်။ Modest Mouseနှင့် The Killers ကဲသို့ post-punk revival အနုပညာရှင်များ ၂၀၀၀ ခုနှစ်အစောပိုင်းနှင့် အလယ်တွင် အောင်မြင်မှုရရှိခဲ့သည်။

မူရင်းဝေါဟာရ[ပြင်ဆင်ရန်]

၁၉၉၀ ဝန်းကျင် alternative rock မပေါ်မီ ဂီတကို အမျိုးအစားလိုက်ခွဲခြားသည်။ ၁၉၇၉ တွင် Terry Tolkin သည် alternative ဂီတကို ဖော်ပြရာ၌ ရေးသားခဲ့သည်။ ၁၉၇၉ တွင် Dallas radio ဌာန KZEW သည် new wave ညတွင် Rock and Roll Alternative ဟူသော show ကို ကျင်းပခဲ့သည်။ college rock ဟူသော ဝေါဟာရကို အမေရိကန်တွင် ၁၉၈၀ အတောအတွင်း college radio နှင့် college ကျောင်းသားများဆီသို့ ဖြန်ချီရာ၌ အသုံးပြုခဲ့သည်။ အင်္ဂလန်တွင် do it yourself record label ပေါ်ထွက်လာပြီး punk ယဉ်ကျေးမှုကို မှတ်တမ်းတင်ခဲ့သည်။ Cherry Red, NMEနှင့် sounds မဂ္ဂဇင်းက Alternative သီချင်းစာရင်းကို ဖြန့်ချိခဲ့သည်။ ပထမဆုံးနိုင်ငံတကာသီချင်းစာရင်းတွင် ၁၉၈၀ ဇန်နဝါရီတွင် Indie Chart ကို ဖြန့်ချိခဲ့သည်။ ထို labelများသို့ ကူညီရန် ရည်ရွယ်၍ အောင်မြင်ခဲ့သည်။ ထိုအချိန်တွင် Indie ဟူသော ဝေါဟာရကို ဖြန့်ချိခဲ့သည်။ ၁၉၈၅တွင် indie သည် ထူးခြားသည့် အမျိုးအစားဖြစ်လာခဲ့သည်။

Alternative ဟူသော ဝေါဟာရကို ၁၉၈၀ အလယ် rock ဂီတကို ဖော်ပြရာ၌ အသုံးပြုခဲ့သည်။ ထိုအချိန်တွင် ဂီတစက်မှုဇုံသည် new music နှင့် post modern ဟူသော ဝေါဟာရ အသုံးပြုခဲ့သည်။ ၁၉၈၀ အတောအတွင်းတွင် DJ နှင့် ထောက်ခံသူများသည် ၁၉၇၀ ၏ American FM radioမှ စကားရပ်ကို ထောက်ခံခဲ့ကြသည်။ progressive alternative မှ top 40 radio formats ကို ဆောင်ရွက်ခဲ့ကြသည်။ သီချင်းရှည်များနှင့် Dj များဖြင့် ထူးခြားသည်။ DJ နှင့်ထောက်ခံသူများသည် alternative ဟူသော ဝေါဟာရသည် ၈၀အတောအတွင်းတွင် college radio လူထုများအသုံးပြုခဲ့သည်။ new post-punk indie (သို့) underground စသည့် မည်သည့်ဂီတမဆို ပြန်လည်ရှာဖွေခဲ့သည်ဟု ဆိုသည်။ ပထမဦးစွာ စကားရပ်သည် heavy metal ballads, rarefied new wave နှင့် high-energy dance anthem တို့လွှမ်းမိုးခဲ့သည်။ non-mainstream rock အနုပညာရှင်များကို ရည်ညွန်းခဲ့သည်။ ထိုအသုံးအနှုန်းသည် new wave, pop, punk rock, post-punkနှင့် college/indie တို့အထိကျယ်ပြန့်ခဲ့သည်။ အမေရိကန် commercial alternative radioများဖြစ်သော Los Angeles’ KROQ-FM တွင် တွေ့နိုင်သည်။ Lollapalooza ၏အောင်မြင်မှုအရ alternative ကို အသုံးပြုခဲ့သည်။ ပွဲတော်တည်ဆောက်သူ Jane’s Addiction မှ Perry Furrell သည် Alternative Nationဟူသော ဝေါဟာရကို ဖန်တီးခဲ့သည်။ ၁၉၉၀နောက်ပိုင်းတွင် အဓိပ္ပာယ်သည် ပို၍သီးခြားဖြစ်လာခဲ့သည်။

Alternative သည် ကမ္ဘာကြီး၏ခုခံတိုက်ခိုက်တွန်းလှန်သော လျှောက်လွှာများကြောင့် ခက်ခဲ့သည်။ alternative သည် ဂီတဆိုင်ရာဆိုင်ရာ စိန်ခေါ်မှုများကို တွေ့ရသည်။ သို့သော် ဝေါ်ဟာရကို ဂီတစက်မှုဇုံက ရည်ညွန်းထားသည်မှာ record store များ၊ ရေဒီယို၊ ကြေးနန်းရုပ်မြင်သံကြားများနှင့် အင်တာနက်တို့ဖြစ်သည်။ မည်သို့ပင်ဆိုစေ alternative ဂီတသည် စီးပွားရေးနှင့် ဈေးကွက်အရ mainstream rock နှင့် record companyများက alternative ဟူသော အသုံးအနှုန်းများကို သုံးခဲ့သော်လည်း mainstream ပရိသတ်ဆီသို့ မရောက်ရှိခဲ့ပေ။ အမျိုးအစား၏ အဓိပ္ပာယ် ကို ကျယ်ပြန့်စေခဲ့သည်။ Dave Thompson က သူ၏စာအုပ် Alternative Rock တွင် Sex Pistol ၏ Horses album နှင့် Lou Reed ၏ Metal Machine Music တို့ကို ကိုးကားထားသည်။ အစောပိုင်းတိုင်အောင် indie rock သည် အမေရိကန်တွင် modern pop နှင့် rock ကို ဖော်ပြရန်အသုံးအနှုန်းနှင့်ဆိုင်သော ဝေါဟာရဖြစ်လာခဲ့သည်။ indie rockနှင့် alternative rock ကို မကြာခဏ အပြန်အလှန် သုံးထားခြင်းဖြစ်သည်။ indie rock သည် ဗြိတိန်အခြေစိုက် ဝေါဟာရဖြစ်သော်လည်း alternative rockမှ အမေရိကန် အသုံးအနှုန်းဖြစ်သည်။

ဝိသေသလက္ခဏာ[ပြင်ဆင်ရန်]

Alternative rock ဟုသော နာမည်သည် underground ဂီတ၏မရှိမဖြစ်လိုအပ်သော umbrella ​ေဝါဟာရ ဖြစ်ပြီး ၁၉၈၀အလယ် punk rock ၏နိုးကြွမှုနှင့်အတူ ပေါ်ထွက်လာခဲ့သည်။ သမိုင်းကြောင်းကို ဖြတ်လျက် alternative rock သည် mainstream ယဉ်ကျေးမှု၏ငြင်းပယ်မှုကြောင့် ကျယ်ပြန့်စွာ အဓိပ္ပာယ်သတ်မှတ်ကြသည်။ alternative တီးဝိုင်းများသည် ၁၉၈၀ အတောအတွင်းတွင် ကလပ်ငယ်များ၊ indie label များတွင် တီးခတ်ခြင်းနှင့် သူတို့၏ ကျော်ကြားမှုသည် စကားပြောသံများဖြင့် ကျယ်ပြန့်လာသည်။ ၁၉၈၉ တွင် The New York Times တွင် အမျိုးအစားနှင့်ပတ်သက်၍ ထုတ်ဖော်ကြားသော်လည်း alternative rock အတွက် ဂီတဆိုင်ရာပုံစံတစ်ခုလုံးမဟုတ်ပေ။ သီချင်းသံများသည် gothic rock မှ ဆူညံသော guitar မှ Britpop ၏ ၆၀/၇၀ ပြန်လည်ရှင်သန်ခြင်းအထိ စီစဉ်ထားသည်။ ၁၉၇၀ mainstreaming rock ဂီတ စတင်ကတည်းက အခြား rock ပုံစံများထက်ပို၍ ပါဝင်သည်။ alternative rock စာသားများသည် လူမှုရေး၊ မူးယစ်ဆေးဝါးအသုံးပြုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို သတ်သေခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာများကို ရည်ညွန်းသည်။ စာသားများသည် ၁၉၈၀နှင့် ၁၉၉၀အစောပိုင်းတွင် အမေရိကန်နှင့် အင်္ဂလန်မှ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အားစိုက်မှု၏ ရောင်ပြန်ဟပ်မှု ဖြစ်လာခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၀[ပြင်ဆင်ရန်]

၁၉၈၄ တွင် rock အမျိုးမျိုးနှင့် အထူးသဖြင့် ၁၉၆၀ rock လွှမ်းမိုးမှုမှ အုပ်စုအများစုသည် independent record label များတွင် လက်မှတ်ရေးထိုးခဲ့သည်။ အနာဂတ်ကို ရည်မှန်းထားခြင်းမှ ကိုယ်စားပြုခြင်းဖြစ်သည်။

၁၉၈၀တစ်လျှောက် underground တွင် alternative rock သည် ဆက်လက်ကျန်ရှိခဲ့သည်။ သီချင်းများသည် စီးပွားရေးအရ အောင်မြင်မှု (သို့) album များ Rolling Stone ကဲ့သို့ ဝေဖန်ရေးအရ ချီးမွန်းမှုများ လက်ခံရရှိစဉ်တွင် alternative rock သည် ၁၉၈၀ တွင် independent record labels, fanzines နှင့် college radio ဌာနများတွင် အရင်းခံ၍ ထူးခြားခဲ့သည်။ alternative တီးဝိုင်းများသည် ခရီး များလှည့်လည်ခြင်းနှင့် low-budget album များပြုလုပ်ခြင်းဖြင့် underground တွင် တည်ထောင်ခဲ့သည်။ အမေရိကန်အဖြစ်အပျက်တွင် ကခင်တီးဝိုင်းများထဲမှ တီးဝိုင်းသစ်များပါဝင်လာခဲ့သည်။ အမေရိကတွင် ကျယ်ပြန့်သော underground လှည့်ပတ်ခြင်းများဖန်တီးခဲ့သည်။ နိုင်ငံ၏အစိတ်အပိုင်းများတွင် ကွဲပြားသောဖြစ်ရပ်များဖြင့် ဖြည့်စွက်ခဲ့ကြသည်။ ၁၉၈၀ ၏ အမေရိကန် alternative အနုပညာရှင်များသည် album များကို ခင်းကျင်းပြသခဲ့သော်လည်း သူတို့သည် နောက်ပိုင်း alternative ဂီတအနုပညာရှင်များနှင့် သူတို့၏ အောင်မြင်မှုဆီသို့လွှမ်းမိုးခဲ့သည်။ ၁၉၈၉ တွင် အမျိုးအစားသည် ထူးခြားသော ခရီးစဉ်များမှာ New Order, Public Image Limited နှင့် The Sugarcubes ၏ အမေရိကန်၏ပြိုင်ပွဲများကျင်းပရာ နေရာ ဌာနခရီးစဉ်ဖြစ်သည်။ ကွဲပြားမှုမှာ အမေရိကန်တွင် ဗြိတိန်တွင် သီးခြားအလေးထားသည်။ ရလဒ်အနေဖြင့် ဗြိတိန် alternative တီးဝိုင်းများသည် စီးပွားရေးအရ အမေရိကန်တွင် အောင်မြင်မှုရရှိခဲ့သည်။ ၁၉၈၀ တွင် alternative rock သည် အင်္ဂလန်တွင် radio ဖြင့် ချဲ့ထွင်လာခဲ့သည်။ အထူးသဖြင့် disc jokeys, Richard Skinner နှင့် Annie Nightingaleတို့ဖြစ်သည်။ weekly music press နှင့် ဗြိတိန် national radio တစ်လျှောက် အမေရိကန်တွင် ကျယ်ပြန့်လာခဲ့သည်။ alternative တီးဝိုင်းများသည် သီချင်းစါရင်းတွင် အောင်မြင်မှုရရှိခဲ့သည်။

၁၉၈၀ မှ American Underground[ပြင်ဆင်ရန်]

အစောပိုင်းအမေရိကန် alternative တီးဝိုင်းများဖြစ်သော Dream Syndicate, R.E.M, The Feelies and Violent Femes တို့သည် punk ၏လွှမ်းမိုးမှုကို folk ဂီတနှင့် mainstream ဂီတလွှမ်းမိုးမှုနှင့် ပေါင်းစပ်ခဲ့သည်။ R.E.M သည် ချက်ချင်းဆိုသလို အောင်မြင်ခဲ့သည်။ သူတို့၏ပွဲဦးထွက် album Murmur (၁၉၈၃) သည် Jangle popသည် Top 40 သို့ ရောက်ရှိခဲ့သည်။ ၁၉၈၀အစောပိုင်း jangle pop ဖြစ်ရပ်များထဲမှ လော့စ်အိန်ဂျယ်မှ Paisley Underground သည် ၁၉၆၀မှ အသံများကို ရှင်သန်စေခဲ့သည်။ Psychedelia နှင့် မြင့်မားသော vocal ဟာမိုနီများနှင့် ပေါင်းစပ်ခဲ့သည်။

အမေရိကန်indie record labels SST Record, Twin/Tone Records, Touch and Go Records နှင့် Dishord Records များသည် အမေရိကန် underground မှ ဖြစ်ရပ်မှ စိုးမိုးထားသည့် hardcore punk သည် alternative rock ၏ ကွဲပြားသောပုံစံများသို့ စီစဉ်ခဲ့သည်။ Minneapolis မြို့မှ တီးဝိုင်းများဖြစ်သည့် Husker Du and The Replacements တို့သည် ထို အပြောင်းအရွေ့ကို ညွန်ပြခဲ့သည်။ punk rock တီးဝိုင်းများကဲ့သို့ သူတို့၏အသံများကို သုံးလေးမျိုးခွဲခဲ့သည်။ Michael Azerrad (အမေရိကန်စာရေးဆရာ)က Husker Du တီးဝိုင်းသည် college rock ၏ ကွဲပြားသောဂီတနှင့် hardcore punk ထဲတွင် ရှိသည်ဟု အခိုင်အမာပြောကြားသည်။ တီးဝိုင်းသည် အမေရိကန် indie ဖြစ်ရပ်ထဲမှ major record labelသို့ လက်မှတ်ရေးထိုးရန် ပထမဆုံးအုပ်စုဥပမာဖြစ်သည်ဟု ဆိုသည်။ College rock လို စီးပွားရေးအရ အလားအလာရှိစေရန် စီမံချက်အဖြစ် ထူထောင်ခဲ့သည်။ Azerrad က "R.E.M သည် underground တီးဝိုင်းအနည်းစုမှ တစ်ခုဖြစ်သည်"ဟု ရေးမှတ်ခဲ့သည်။

၁၉၈၀နောက်ပိုင်းတွင် အမေရိကန် alternative ဖြစ်ရပ်သည် alternative pop မှ noise rock ပုံစံများမှ စိုးမိုးခဲ့သည်။ ထိုအချိန်တွင် Seattle, Washington တွင် grunge မျိုးခွဲ ပေါ်ထွက်လာခဲ့သည်။ အစ၌ The Seattle sound ဟု ရည်ညွန်းခဲ့သည်။ ၁၉၉၀အစောပိုင်းတွင် ကျော်ကြားလာခဲ့သည်။ Grunge ၏ထူးခြားချက်မှာ heavy metal နှင့် punk rock တို့ပေါင်းစပ်ထားခြင်းဖြစ်သည်။ Sub Pop indie label ဖြင့် ထောက်ကူးအားပေးခဲ့သည်။ grunge တီးဝိုင်းများသည် flannel shirts များနှင့် combat ဖိနပ်များဝတ်ဆင်ကြသည်။ အစောပိုင်း grunge တီးဝိုင်းဖြစ်သည့် Soundgarden နှင့် mudhoney တို့သည် U.Sနှင့် UK အသီးသီးတွင် ချီးကျူးခြင်းခံခဲ့ရသည်။

ဆယ်စုနှစ်အဆုံးတွင် alternative တီးဝိုင်းများသည် major label များသို့ လက်မှတ်ရေးထိုးခဲ့သည်။ R.E.M နှင့် Jane’s Addiction တို့သည် ရွှေနှင့် platinum မှတ်တမ်းများရရှိခဲ့သည်။ Pixels တီးဝိုင်းသည် နိုင်ငံခြားတိုင်းပြည်များသို့ ထူးခြားစွာ အောင်မြင်မှုရရှိခဲ့သည်။ ဆယ်စုနှစ်အလယ်တွင် Husker Du ၏ album Zen Arcade သည် hardcore များလွှမ်းမိုးခဲ့သည်။ Rites of Spring ကို ပထမဆုံး emo တီးဝိုင်းဟု ဖော်ပြခဲ့သည်။ Minor Threat အဆိုတော် Ian Mackaye သည် Dischord Record ကို တည်ထောင်ခဲ့သည်။

British အမျိုးအစားများနှင့် ၁၉၈၀[ပြင်ဆင်ရန်]

Gothic rock သည် ၁၉၈၀နောက်ပိုင်း british post punk မှ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ Underground rock ၏ မှောင်မှောက်သောပုံစံမျိုးဖြစ်သည်။ gothic rock သည် post-punk မှ synthesizer နှင့် guitar ပုံစံမျိုးဖြစ်သည်။ gothic ပုံစံများကို အသုံးပြုထားသည်။ စာသားများသည် စိတ်ကူးညဏ်ကွန့်မြူးခြင်းနှင့် ထူးခြားနက်နဲမှုများပါရှိသည်။ ထိုအမျိုးအစားများနှင့် ပတ်သက်သောတီးဝိုင်းများ ၁၉၇၀ နောက်ပိုင်း ဗြိတိန် post-punk အုပ်စုများ ညဏ်ကွန့်မြူးမှုများကို ယူသုံးထားသည်။ Joy Division နှင့် Sioucsie and the Banshees တို့ဖြစ်သည်။ Bachaus ၏ ပွဲဦးထွက် album Bela Lugasi’s Dead သည် ၁၉၇၉ တွင် ဖြန့်ချိခဲ့သည်။ gothic rock အမျိုးအစား၏အစပိုင်းဟုလည်း ယူဆနိုင်သည်။ The Cure ၏ album များဖြစ်သည့် Seventeen Seconds (၁၉၈၀), Faith (၁၉၈၀), Pornography (၁၉၈၂)နှင့် Disintegration (၁၈၈၉) တွင် ဤအမျိုးအစားကို အခြေခံထားသည်ဟုဆိုသည်။

၁၉၈၀ အတောအတွင်းတွင် ဗြိတိန် alternative တီးဝိုင်း ပေါ်ထွက်လာခဲ့သည်။ မန်ချက်စတာမှ The Smiths ဖြစ်သည်။ ဂီတဂျာနယ်လစ် Simon Reynolds က The Smith နှင့် သူ၏ အမေရိကန် ပြိုင်ဘက် R.E.M သည် ယနေ့၏ အရေးပါဆုံးသော alt-rock တီးဝိုင်းနှစ်ခုဖြစ်သည်။ Smith သည် Synthesizer လွှမ်းမိုးသည့်ဂီတပုံစံဖြစ်သည်။ အင်္ဂလန်မှ alternative rock ဖြစ်သည်။ The Smiths သည် ဆယ်စုနှစ်အဆုံးဖြတ်လျက် ဗြိတိန် Indie ဖြစ်ရပ်ကို လွှမ်းမိုးခဲ့သည်။ ၁၉၈၆တွင် New Musical Express (NME)ကဖြန့်ချိသည့် C86 album တွင် Primal Scream, The Wedding Present တို့ပါဝင်ပြီး indie pop နှင့် ဗြိတိန် indie ၏ဖွံ့ဖြိုးတိုးတက်မှုမှ အဓိကလွှမ်းမိုးမှုဖြစ်သည်။

၁၉၈၀ အတောအတွင်းတွင် alternative rock ၏ အခြားပုံစံများသည် အင်္ဂလန်တွင် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ The Jesus and Marry Chain ၏ အသံများသည် Velvet Underground မှ Beach Boys နှင့် Phil Spector နှင့် ပေါင်းစပ်ထားသည်။ post-punk တီးဝိုင်း Jay Division သည် techno နှင့်house ဂီတကို စမ်းသပ်လေ့လာပြီး New Order ပေါ်ထွက်လာခဲ့သည်။ The Mary Chain, Dinosaur Jr, C86 နှင့် Cocteau Twins သည် ၁၉၈၀ နောက်ပိုင်း shoegazing လှုပ်ရှားမှုအတွက် ပုံသွင်း လွှမ်းမိုးခဲ့သည်။ Shoegazing တီးဝိုင်းများသည် မန်ချက်စတာဖြစ်ရပ်နှင့်အတူ ဆယ်စုနှစ်အဆုံးတွင် ဗြိတိန် ဂီတကို လွှမ်းမိုးခဲ့သည်။ New Order နှင့် Factory Records ပိုင်ဆိုင်ထားသော မန်ချက်စတာမှ nightclub The Haciendaတွင် မန်ချက်စတာတီးဝိုင်းများဖြစ်သော Happy Mondays နှင့် The Stone Roses တို့ဖျော်ဖြေခဲ့ကြသည်။

၁၉၉၀ ခုနှစ်တွင် ​ကျော်ကြားခြင်း[ပြင်ဆင်ရန်]

၁၉၉၀ အစတွင် ဂီတစက်မှုဇုံသည် alternative rock ၏ စီးပွားရေးနှင့် major label များကာရံထားသော တီးဝိုင်းများဖြစ်သည့် Jane’s Addiction, Red Hot Chilli Peppers, Dinosaur Jr, Firehose နှင့် Nivana တို့၏သွေးဆောင်ခြင်းခံခဲ့ရသည်။ အထူးသဖြင့် R.E.M ၏အောင်မြင်မှုသည် ၁၉၈၀ နောက်ပိုင်းနှင့် ၁၉၉၀ မှ alternative တီးဝိုင်းများအတွက် အသေးစိတ်စီမံချက်ဖြစ်လာခဲ့သည်။ အုပ်စုသည် ၁၉၉၀ သူတို့၏ ပြိုင်ဘက်များထက်ပို၍ တာရှည်ခံကာ ကမ္ဘာအကျော်ကြားဆုံးတီးဝိုင်းများမှ တစ်ခုဖြစ်လာခဲ့သည်။ Nirvanaတီးဝိုင်း၏အောင်မြင်မှုသည် ၁၉၉၀တွင် alternative rock ကို ကျယ်ပြန့်၍ကျော်ကြားလာစေခဲ့သည်။ တီးဝိုင်း၏ Nevermind (၁၉၉၁)album မှ single Smells Like Teen Sprit သီချင်း ထူးခြားဆန်းကျယ်သော grunge ဂီတ၏ လှုံဆော်ချက်ဖြစ်လာခဲ့သည်။ ထိုသီချင်း၏ music video ကို MTV တွင် လွင့်တင်ရာတွင် ၁၉၉၁ ခရစ်စမတ်တွင် အချပ်ရေ ၄၀၀၀၀၀ရောင်းချနိုင်ခဲ့သည်။ Nevermind သည် grunge တွင် ကျော်ကြားရုံသာမက alternative rock ၏ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ တည်ထောင်နိုင်ခဲ့သည်။ Michael Azerraed သည် Nevermind သည် rock ဂီတကို ကြီးမားစွာပြောင်းလဲခဲ့သည်ဟုဆိုသည်။

Nirvana သည် Nevermind ၏အောင်မြင်မှုကို အံဩခဲ့သည်။ alternative တီးဝိုင်းများအတွက် တံခါးဖွင့်ပေးနိုင်ခဲ့သည်။ Nevermind ၏နိုးကြားမှုနှင့်အတူ alternative rock သည် record company နှင့်mainstream သို့စူးရှစွာ ဝင်ရောက်လာခဲ့သည်။ အမျိုးအစား၏အောင်မြင်မှုသည် ရှုပ်ထွေးစေခဲ့သည်။ The New York Times သည် ၁၉၉၃တွင် “Alt-rock သည် ပြောင်းလဲပုံမပေါ်ဟု ကြေညာခဲ့သည်။ major label တိုင်းတွင် noise နှင့် နားဝင်ချိုလွယ်သော တီးလုံး များကို ထိန်းသိမ်းထားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Mitchell၊ Tony (2002)။ Global Noise: Rap and Hip Hop Outside the USA။ Wesleyan University Press။ p. 105။ ISBN 0-8195-6502-427 November 2012 တွင် ပြန်စစ်ပြီး
  2. Whiteley၊ Sheila; Bennett၊ Andy; Hawkins၊ Stan (2004)။ Music, Space And Place: Popular Music And Cultural Identity။ Ashgate Publishing, Ltd.။ p. 84။ ISBN 0-7546-5574-127 November 2012 တွင် ပြန်စစ်ပြီး
  3. AllMusic Neo-psychedelia essay