မာတိကာသို့ ခုန်သွားရန်

ဟဲဟိုး လေဆိပ်

ဝီကီပီးဒီးယား မှ
(ဟဲဟိုးလေဆိပ် မှ ပြန်ညွှန်းထားသည်)
ဟဲဟိုး လေဆိပ်
အင်္ဂလိပ်:  Heho Airport
  • IATA: HEH
  • ICAO: VYHH
    HEH သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
    HEH
    HEH
    ဟဲဟိုးလေဆိပ် တည်နေရာ
အချက်အလက်များ
အမျိုးအစားပြည်သူပိုင်
စီမံကွပ်ကဲသူအစိုးရ
ဝန်ဆောင်မှု ဧရိယာဟဲဟိုးမြို့၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ
ပင်လယ်မျက်နှာပြင် အထက်၃,၈၅၈ ပေ / ၁,၁၇၆ မီတာ
ကိုဩဒိနိတ်20°44′49″N 096°47′31″E / 20.74694°N 96.79194°E / 20.74694; 96.79194
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
ပေ မီတာ
18/36 8,500 2,591 နိုင်လွန်ကတ္တရာ
ရင်းမြစ်: [][]

ဟဲဟိုးလေဆိပ်သည် မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ကြီးခရိုင်ကလောမြို့နယ်တွင် တည်ရှိသည်။ အဓိက နိုင်ငံခြားသားခရီးသည် များ လာရောက်လည်ပတ်ကြသည့် အင်းလေးကန်ဒေသတဝိုက် ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

သမိုင်း

[ပြင်ဆင်ရန်]

ဟဲဟိုးလေဆိပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်အဖွဲ့များနှင့်သာမက ဂျပန်တို့၏ လေကြောင်းအခြေစိုက်စခခန်းအဖြစ် အသုံးပြုခြင်း ခံရခဲ့သည်။ မဟာမိတ်အဖွဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရသည်။ လေယာဉ်အပျက်အစီး အပိုင်းအစများနှင့် ဗုံးခွံများကို လေယာဉ်ကွင်း၏ တောင်ဘက်တွင် တွေ့ရှိသည်။

ဝန်ဆောင်မှု

[ပြင်ဆင်ရန်]

လေဆိပ်သည် ပင်လယ်ပြင်မျက်နှာပြင်အထက် ၂၈၅၈ ပေ (၁၁၇၆ မီတာ) အမြင့်တွင် တည်ရှိသည်။ လေယာဉ်ပြေးလမ်းကို နိုင်လွန်ကတ္တရာ ခင်ထားပြီး အရှည်အားဖြင့် ၈၅၀၀ ပေ ရှိသည်။ ယခင်က ၅၅၀၀ ပေသာ ရှိခဲ့ရာ ဂျက်လေယာဉ်များ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ပြေးလမ်းကို တိုးချဲ့ခဲ့သည်။

လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ

[ပြင်ဆင်ရန်]
လေကြောင်းလိုင်းများပျံသန်းရာနေရာRoute
အဲပုဂံ မန္တလေးသံတွဲရန်ကုန် ပြည်တွင်း
အဲကေဘီဇက် မန္တလေးရန်ကုန် ပြည်တွင်း
အေးရှန်းဝင်း လေကြောင်းလိုင်း မန္တလေးရန်ကုန် ပြည်တွင်း
မန်းရတနာပုံ လေကြောင်းလိုင်း မန္တလေးရန်ကုန်ပုဂံညောင်ဦးသံတွဲကျိုင်းတုံ တာချီလိတ် မြစ်ကြီးနား ပြည်တွင်း
မြန်မာအမျိုးသား လေကြောင်းလိုင်း ကျိုင်းတုံလားရှိုးမိုင်းဆတ်ပုဂံညောင်ဦး တာချီလိတ်ရန်ကုန် ပြည်တွင်း
ရန်ကုန် လေကြောင်းလိုင်း မန္တလေးရန်ကုန် ပြည်တွင်း
အက်ဖ်အမ်အိုင် လေကြောင်းလိုင်း ရန်ကုန် ပြည်တွင်း

မတော်တဆဖြစ်ပွားမှု

[ပြင်ဆင်ရန်]
  • ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် အဲပုဂံ လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၁ သည်  ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ချိန်တွင် မတော်တဆ ဖြစ်ခဲ့သည်။ လေယာဉ်အတွင်း ပါရှိသော ခရီးသည် (၁) ဦး နှင့် မြေပြင်ပေါ်ရှိ ဆိုင်ကယ်မောင်းနေသူတစ်ဦး သေဆုံးခဲ့ရသည်။[]
  • ၁၉၈၇ ခုနှစ် ဇွန် ၂၁ ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်းမှ Fokker F-27 Friendship 200 အမျိုးအစားလေယာဉ်သည် ဟဲဟိုးလေဆိပ်မှ ထွက်ခွာစဉ် တောင်နှင့် ဝင်တိုက်မိပြီး လေယာဉ်ပေါ်ပါသူ ၄၅ဦးလုံး သေဆုံးခဲ့ရသည်။[]
  • ၁၉၈၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် ဗမာ့လေကြောင်းလိုင်းပိုင် Fokker F-27 Friendship 500 အမျိုးအစားလေယာဉ်သည် အမြင့်ပေ ၁၅၀၀ရှိ တောင်တစ်လုံးနှင့် ဝင်တိုက်မိကာ လေယာဉ်ပေါ်ပါသူ ၄၉ဦးလုံး သေဆုံးခဲ့ရသည်။၎င်းအဖြစ်အပျက်သည် မြန်မာ့လေကြောင်းသမိုင်းတွင် ဒုတိယအသေအပျောက်အများဆုံး လေကြောင်းမတော်တဆမှုဖြစ်သည်။ သေဆုံးသူများထဲမှ ၃၆ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး အမေရိကန်နိုင်ငံသား ၁၄ဦး၊ ဆွစ်ဇာလန်နိုင်ငံသား ၇ဦး၊ ဗြိတိန်နိုင်ငံသား ၅ဦး၊ ဩစတြေးလျနိုင်ငံသား ၄ဦး၊ အနောက်ဂျာမနီနိုင်ငံသား ၃ဦး၊ ပြင်သစ်နိုင်ငံသား ၂ဦး နှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ပါဝင်သည်။[] []

ကိုးကား

[ပြင်ဆင်ရန်]
  1. Airport information for VYHH Archived 4 March 2016 at the Wayback Machine. from DAFIF (effective October 2006)
  2. Airport information for HEH at Great Circle Mapper. Source: DAFIF (effective October 2006).
  3. https://aviation-safety.net/database/record.php?id=20121225-0
  4. https://aviation-safety.net/database/record.php?id=19870621-1
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 13 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 August 2020 တွင် ပြန်စစ်ပြီး။
  6. "CRASH OF AIRLINER IN BURMA KILLS 49, 14 FROM U.S."New York Times. 12 October 1987. Retrieved 13 March 2016.