ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏အလံ | |
အတိုကောက် | ULA |
---|---|
ဖွဲ့စည်းခြင်း | ၂၀၁၂ |
အမျိုးအစား | နိုင်ငံရေးအဖွဲ့ |
အဖွဲ့ဝင်များ | ၃၀၀၀၀၀+ |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်ထွန်းမြတ်နိုင်[၁] |
အတွင်းရေးမှူး | ဒေါက်တာညိုထွန်းအောင်[၂] |
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ | ခိုင်သုခ |
နှီးနွယ်အဖွဲ့အစည်း | ရက္ခိုင့်တပ်တော် |
ဝက်ဘ်ဆိုဒ် | ulaparty.com// |
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (အင်္ဂလိပ်: United League of Arakan; အတိုကောက် ယူအယ်လ်အေ) သည် ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ တာဝန်ကို ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် မှ တာဝန်ယူပြီး အတွင်းရေးမှူး တာဝန်ကို ဒေါက်တာညိုထွန်းအောင် မှ တာဝန်ယူသည်။
၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် United League of Arakan (ULA)/AA လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၀ ဖြင့် ကြေညာခဲ့သည်။[၃]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှ ၂၁ရက်အထိ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးအား နယ်စပ်တစ်နေရာတွင် ပြုလုပ်ပြီး ထူထောင်ခဲ့သည်။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အား ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူး ၁၊ ၂ ၊ ၃ အပါအဝင် ဗဟိုကော်မတီဝင် ၂၁ ဦးနှင့် ဖွဲ့စည်းခဲ့သည်။[၄][၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ULA Leadership"၊ ULA၊ 5 September 2018။ 8 November 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 5 September 2018။
- ↑ "ULA Leadership"၊ ULA၊ 5 September 2018။ 8 November 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 5 September 2018။
- ↑ AA အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ကြေညာ။ Eleven Media Group (၂၃ မတ် ၂၀၂၀)။ ၂၄ မတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ မြောက်ဦးစစ်တမ်းစာအုပ်
- ↑ "Organization"၊ ULA၊ 5 September 2018။ 8 November 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 5 September 2018။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- www.ulaparty.com Archived 30 November 2020 at the Wayback Machine.
- (1)United League of Arakan's Old Website