ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်

ဝီကီပီးဒီးယား မှ
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်
Arakan Liberation Army
ပြည်တွင်းသောင်းကျန်းမှုသမိုင်းတွင် ပါဝင်
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်၏ အလံတော်
လှုပ်ရှား၂၀ နိုဝင်ဘာ ၁၉၆၈ (၁၉၆၈-၁၁-၂၀)–လက်ရှိ
ခံယူချက်ရခိုင်အမျိုးသားရေး[၁]
ရခိုင်အမျိုးသားလွတ်မြောက်ရေး[၂]
ဦးဆောင်သူများခိုင်ရဲခိုင်(ဥက္ကဋ္ဌ)[၃]
-(ဒုဥက္ကဋ္ဌ)
ခိုင်မိုးလင်း  /ဗိုလ်ချုပ် ခိုင်စိုးမြ(တပ်ချုပ်)/ ဗိုလ်မှူးချုပ် ခိုင်မင်းစိုး(ဒုတပ်ချုပ်)
ဌာနချုပ်ရခိုင် - အိန္ဒိယ နယ်စပ်
လှုပ်ရှားသည့် ဧရိယာကရင်ပြည်နယ်
ရခိုင်ပြည်နယ်
အင်အား၇၀၀-၁,၀၀၀[၃]
တစ်စိတ်တစ်ပိုင်းရခိုင်ပြည်လွတ်မြောက်ရေးပါတီ
မဟာမိတ် ရခိုင်ပြည်တပ်မတော်

ကရင် အမျိုးသား အစည်းအရုံး

ရှမ်းပြည်တပ်မတော်-တောင်ပိုင်း
ပြိုင်ဘက်State opponents

မြန်မာနိုင်ငံ မြန်မာနိုင်ငံ အစိုးရ

ပြည်ထောင်စု မြန်မာနိုင်ငံ (၂၀၁၁ အထိ)
ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ (၁၉၈၈ အထိ)
အိန္ဒိယနိုင်ငံ အိန္ဒိယနိုင်ငံ အစိုးရ (၁၉၇၇ အထိ)

  • အိန္ဒိယစစ်တပ်
Non-state opponents
ရက္ခိုင့်တပ်တော်
တိုက်ပွဲနှင့် စစ်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Arakan Liberation Army; ALA) သည် မြန်မာနိုင်ငံရှိ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။[၁] ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ လက်နက်ကိုင် အဖွဲ့လည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၆၈–၁၉၆၉[ပြင်ဆင်ရန်]

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင် ထူထောင်ခဲ့သည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ALP ၏ ဗဟိုကော်မတီဝင်ဖြစ်သော ခိုင်ရဲခိုင်နှင့် အခြား ၉ ဦးသည် စစ်တွေမြို့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာလတွင် ALP ခေါင်းဆောင်အများအပြား ထပ်မံဖမ်းဆီးခံခဲ့ရခြင်းကြောင့် ALA နှင့် ALP တို့ ပြိုကွဲခဲ့သည်။[၂]

၁၉၇၁–၁၉၇၇[ပြင်ဆင်ရန်]

၁၉၇၁-၇၂ ကာလတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဖြစ်သော ခိုင်မိုးလင်း လွတ်မြောက်လာပြီးနောက် ရခိုင်လွတ်မြောက်ရေးပါတီကို ပြန်လည်စတင်နိုင်ရန်အတွက် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ KNU ၏ အကူအညီဖြင့် ALP ကို ပြန်လည်ထူထောင်ခဲ့ရာတွင် ခိုင်မိုးလင်းသည် ALA ၏စစ်ဦးစီးချုပ်ဖြစ်လာကာ စစ်သည် ၃၀၀ ခန့်ကို သင်တန်းပေးခဲ့သည်။[၂]

၁၉၇၇ ခုနှစ် ဧပြီ-မေလ တွင် ခိုင်မိုးလင်းဦးဆောင်သော ALA စစ်သည် ၁၂၀ ခန့်သည် အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယစစ်တပ်နှင့် တပ်မတော်တို့နှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ခိုင်မိုးလင်းအပါအဝင် ALA တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၇၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။ တိုက်ပွဲမှ ဆုတ်ခွာသွားသော တပ်ဖွဲ့ဝင် ၂၀ ခန့် ပျောက်ဆုံးခဲ့ကာ၊ ဖမ်းဆီးခံခဲ့ရသော တပ်ဖွဲ့ဝင် ၃၀ ခန့်မှာ ပစ်သတ်ခံခဲ့ရသည်။ တပ်ဖွဲ့ဝင် ၅၅ ဦးမှာ ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ယင်းတို့အနက် ၁၁ ဦးမှာ သေဒဏ်ချမှတ်ခံခဲ့ရကာ ကျန်သူများ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။ ယင်းနောက် လှုပ်ရှားရန် အန္တရာယ်ကြီးမားခြင်းကြောင့် အဖွဲ့မှာ ရပ်နားသွားခဲ့သည်။[၂]

၁၉၈၀–လက်ရှိ[ပြင်ဆင်ရန်]

၁၉၈၀ ခုနှစ်တွင် ALA အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြသည်။ ၁၉၈၁ ခုနှစ်တွင် KNU ၏ အကူအညီဖြင့်ပင် ALA ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ပြန်လည်ဖွဲ့စည်းသော ALA ကို ခိုင်ရဲခိုင်က ဦးဆောင်သည်။[၂] လက်ရှိတွင် ALA သည် အမျိုးသားရေးကို အဓိက လှုပ်ရှားကာ ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာလူမျိုးများသည် ရခိုင်ဒေသခံများမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများဖြစ်သည်ဟု ဆိုသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Arakan Liberation Party Homepage။ 6 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 June 2016 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Arakan Liberation Party - About ALP။ 24 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 June 2016 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ Myanmar Peace Monitor - Arakan Liberation Party
  4. Arakan Liberation Party - So-Called Rohingya။ 24 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2022 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]