ဗိုလ်အောင်ကျော်လမ်း
ဗိုလ်အောင်ကျော်လမ်း(ယခင် စပတ်လမ်း)သည် အဓိကလမ်းမတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တောင်ပိုင်းတွင်တည်ရှိကာ တောင်မှ မြောက်သို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တို့ကို ဖြတ်ကာတည်ရှိနေသည်။ ရန်ကုန်မြစ်နှင့် ကမ်းနားလမ်းဆုံရာမှ ဗိုလ်အောင်ကျော်လမ်းစတင်ခဲ့ပြီး မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းတို့ကိုဖြတ်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆုံသည်။[၁][၂]
ဗိုလ်အောင်ကျော်လမ်းပေါ်တွင် ရှေးဟောင်းအဆောက်အဦများ အတိုင်းအတာတစ်ခုထိရှိပြီး ထိုအထဲတွင် စိန့်မေရီဘုရားရှိခိုးကျောင်းနှင့် ဟိန္ဒူဘုရားရှိခိုးကျောင်းတခုလည်း ပါဝင်သည်။ ဗိုလ်အောင်ကျော်လမ်းသည် စီးပွားရေးအချက်အခြာကျသော လမ်းဖြစ်ကာ ထိုလမ်းပေါ်တွင် မြန်မာနိုင်ငံမှ လေကြောင်းလိုင်းကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများတို့၏ ရုံးချုပ်များသည် ထိုလမ်းပေါ်တွင် တည်ရှိသည်။ မြန်မာတိုင်း(မ်)သတင်းစာတိုက်နှင့် မြန်မာနိုင်ငံ ဗဟိုစာတိုက်ကြီးသည်လည်း ထိုလမ်းပေါ်တွင်ပင် တည်ရှိသည်။
ဗိုလ်အောင်ကျော်လမ်းကို ယခင်က စပတ်လမ်း အဖြစ် ရန်ကုန် အရေးပိုင် တီပီစပတ် Captain T.P. Sparks ကို အစွဲပြု၍ ပေးထားခဲ့သည်။ [၃][၄]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Google Maps (မြေပုံ)။ Google။
|access-date=
က|url=
ကို လိုအပ်သည် (အကူအညီ) - ↑ Bing Maps (မြေပုံ)။ Microsoft and Harris Corporation Earthstar Geographics LLC။
|access-date=
က|url=
ကို လိုအပ်သည် (အကူအညီ) - ↑ နဂါးဗိုလ် ထိပ်တင်ဒွေး၊ ရန်ကုန်ရာဇဝင်၊ စာမျက်နှာ ၆၉
- ↑ မကြန် ၊ မြန်မာ့သမိုင်းနှင့် ဆက်နွယ်သော အနောက်နိုင်ငံသားများ၊ ၂၀၀၅၊ ဒီဇင်ဘာ၊ စာ-၂၃၂
![]() | ဤ မြန်မာနိုင်ငံရှိ လမ်းမများ၊ လမ်းများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |