ဓာတုဗေဒ အချိန်ပြမျဉ်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဂျွန် ဒေါလ်တန်ဓာတုဗေဒ အတွေးခေါ်ဆိုင်ရာ စနစ်သစ်စာအုပ်တွင် "အက်တမ်သီအိုရီကို ခေတ်သစ်ပုံစံဖြင့် ပထမဆုံးရှင်းလင်းပြသခြင်း။ ယင်းစာအုပ်ထဲကပုံတစ်ခု။

ဓာတုဗေဒ အချိန်ပြမျဉ်းတွင် အရေးပါအရာရောက်သော စိတ်ကူးအယူအဆများ၊ တီထွင်မှုများ၊ လက်ရာများ၊ စမ်းသပ်ချက်များကို ဖော်ပြထားသည်။ အထက်ပါဆိုခဲ့သည့်အရာများသည် ဒြပ်ဝတ္ထုပစ္စည်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အချင်းချင်း အပြန်အလှန်အကျိုးပြု၊ တုံ့ပြန်မှုများအား လေ့လာသော သိပ္ပံနည်းကျဘာသာရပ်ဖြစ်သည့် ဓာတုဗေဒအဖြစ် သိရှိကြသော ​ခေတ်သစ်သိပ္ပံပညာရပ်အပေါ် လူသားတို့၏ နားလည်မှုအား သိသိသာသာ ပြောင်းလဲစေခဲ့သည်။

အချက်အချာသိပ္ပံဘာသာရပ်ဟုလည်း သိရှိကြသည့် ဓာတုဗေဒဘာသာရပ်ကို အခြားသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ နယ်ပယ်များစွာက ဩဇာညောင်းစေသကဲ့သို့ ထိုပညာရပ်ဆိုင်ရာများစွာအပေါ်တွင်လည်း ဓာတုဗေဒသည်လည်း လွှမ်းမိုးနိုင်စွမ်းရှိလေသည်။ သမိုင်းဝင် ဖွံ့ဖြိုးတိုးတက်လာမှုများစွာသည် ဓာတုဗေဒအပေါ် ကျွန်ုပ်တို့၏ မျက်မှောက်ခေတ်နားလည်နိုင်စွမ်းရှိခြင်းအပေါ်၌ သိသာထင်ရှားစွာ အကျိုးသက်ရောက်မှုရှိသည်ဟု ယူဆနိုင်ပြီး ထိုဖွံ့ဖြိုးတိုးတက်မှုများသည် ဒြပ်ဝတ္ထုပစ္စည်းသိပ္ပံ၊ ဘူမိဗေဒနက္ခတ္တဗေဒဇီဝဗေဒရူပဗေဒ ကဲ့သို့သော နယ်ပယ်များစွာတွင် အဓိကသော့ချက် ရှာဖွေတွေ့ရှိမှုများဟု မှတ်ယူနိုင်ပေသည်။[၁]

၁၇ ရာစုအကြို[ပြင်ဆင်ရန်]

အရစ္စတိုတယ် (၃၈၄–၃၂၂ ခရစ်ကြို)
ပေါင်းခံကိရိယာ၊ ဘူးသီးခြောက်ပုံထည့်စရာနှင့် မီးဖို၊ ဇော့ဆီမပ်စ်၏ အဂ္ဂိရတ်ကိရိယာတန်ဆာပလာများ၊ ပြင်သစ်ဓာတုဗေဒဆရာ မာဆီလင် ဘားတလို၏ စာအုပ်တစ်ခုမှပုံ (ခရစ်နှစ် ၃၀၀ခန့်) ၊ (အတွဲ ၃ ၊ ပဲရစ်မြို့၊ ၁၈၈၇-၈၈)
အာရပ်မှ ဂျားဘီရဘင် ဟိုင်းယန်၏ စဉ်းစားတွေးခေါ်နေပုံ (လက်တင်: ဂျီဘားအတု)

သမိုင်းဝင် တီထွင်ဖွံ့ဖြိုးတိုးတက်လာမှုများ၏ အောက်ပါ "၁၇ ရာစုအကြို"ပြ စာရင်းတွင် ခေတ်သစ်ဥရောပတိုက်တွင် လက်ခံကျင့်သုံးခဲ့သော ဓာတုဗေဒအပေါ် ရိုက်ခတ်မှုရှိသည့် သူများကိုသာ အကန့်အသတ်ဖြင့် ပြဆိုထားသည်။ ထိုသို့ ကျင့်သုံးခဲ့သော (ခေတ်သစ်)ဓာတုဗေဒသည် ၁၉ ရာစုမှစတင်ကာ ကမ္ဘာလုံးဆိုင်ရာ ဓာတုဗေဒသိပ္ပံပညာရပ်တစ်ခုအတွက် နမူနာပုံစံဖြစ်လာခဲ့သည်။ ထို့ကြောင့် တရုတ်၊ အိန္ဒိယတို့၏ အဂ္ဂိရတ်၊ ဓာတုဗေဒရိုးရာသဘောများကို ပါဝင်ခြင်းမရှိစေဘဲ ထူးခြားစွာ ဖယ်ရှားထားသည်။

ခရစ်ကြို ၄၅၀
အမ်ပဲဒါကလီးဇ်က အရာရာသည် မူလဓာတ်လေးပါးဖြင့် တည်ဆောက်ထားရာ ၎င်းတို့မှာ: မြေ၊ ရေ၊ လေ၊ မီးတို့ဖြစ်ကြ၍ စကြဝဠာ၏ အကြွနှင့် အတိုက်အားနှစ်ပါးဖြစ်သော ချစ်ခြင်းမေတ္တာနှင့် ပဋိပက္ခတို့သည် ထိုဓာတ်လေးပါးအပေါ် သက်ရောက်မှုရှိကာ ထိုသို့အားဖြင့် အတိုင်းအဆမဲ့ပုံသဏ္ဌာန်အမျိုးမျိုးကို ခွဲခြား ကွဲပြားစေသည်၊ ပေါင်းစပ် ညီညွတ်စေသည်ဟု အခိုင်မာဆိုခဲ့သည်။[၂]
ခရစ်ကြို ၄၄၀
လူးဆစ်ပပ်စ် နှင့် ဒစ်မောခရစ်တပ်စ်တို့နှစ်ဦးက အရာအားလုံးကို ပြုလုပ်ဖွဲ့စည်းထားသော မမြင်နိုင်သည့် အက်တမ်၏ အယူအဆကို အဆိုတစ်ခုပြုခဲ့ကြရာ ထိုအယူအဆကို အရစ္စတိုတယ်၏ အယူအဆကို နှစ်သက်ထောက်ခံကြသော သဘာဝဒဿနပညာရှင်များက ငြင်းပယ်ခဲ့ကြလေသည်။[၃][၄]
ခရစ်ကြို ၃၆၀
ပလေတိုသည် ဂန္ထဝင်ဒြပ်စင်များ (stoicheia) ဝေါဟာရကိုတီထွင်သည်။ စကားအချီအချဟန်ဖြင့် ရေးစပ်ထားသော တိုင်းမီးယပ်စ်ကျမ်းစာတွင် ဇီဝ (သဘာဝ) နှင့် အဇီဝ (သဘာဝမဟုတ်သော, inorganic) ရုပ်ဝတ္ထုများအကြောင်း ဆွေးနွေးချက်များပါဝင်ကာ ဓာတုဗေဒ၏ အခြေခံကျမ်းစာတစ်ခုဖြစ်သည်။ ပလေတိုယူဆသည်မှာ ဒြပ်စင်တစ်ခု၏ အလွန်သေးငယ်သောအမှုန်လေးများ၌ အထူး ဂျီဩမေတြီပုံစံရှိမည်ဖြစ်ပြီး ထိုပုံစံများမှာ မီး (tetrahedron, တြိဂံပုံစံ မျက်နှာလေးခုရှိပစ္စည်းပုံ) ၊ လေ (octahedron, စိန်ပွင့်ပုံစံ မျက်နှာရှစ်ခုရှိပစ္စည်းပုံ) ၊ ရေ (icosahedron, မျက်နှာနှစ်ဆယ်ရှိပစ္စည်းပုံ) ၊ မြေ (cube, လေးထောင့်ပုံစံ မျက်နှာခြောက်ခုပစ္စည်းပုံ) တို့ဖြစ်ကြသည်။[၅]
ခရစ်ကြို ၃၅၀
အရစ္စတိုတယ်သည် အမ်ပဲဒါကလီးဇ်၏ အယူအဆကို ချဲ့ထွင်လျှက် အရာဝတ္ထုတစ်ခုသည် ဒြပ်နှင့် ပုံစံတို့၏ ပေါင်းစပ်မှုဖြစ်သည်ဟု အဆိုပြုကာ ဓာတ်ငါးပါးဖြစ်သော မြေ၊ ရေ၊ လေ၊ မီး၊ အီသာ ဆိုသော သဘောတရားကို ဖော်ပြခဲ့သည်။ ဤအယူအဆကိုပင် အနောက်ကမ္ဘာ၌ နှစ်ပေါင်းတစ်ထောင်ကျော်သည်အထိ အများအားဖြင့် လက်ခံခဲ့ကြပေသည်။[၆]
ခရစ်ကြို ၅၀
ကဗျာဆရာ လူးခရီးရှပ်စ်က အရာဝတ္ထုများ၏ သဘောသဘာဝ (De Rerum Natura) ကို ထုတ်ဝေခဲ့ဖူးရာ ကဗျာဆရာတစ်ဦး၏ စိတ်ကူးဖြင့် အက်တမ်တို့နှင့်ပတ်သက်သော စိတ်ကူးအယူအဆကို ဖော်ထုတ်ထားသည်။[၇]
ခရစ်နှစ် ၃၀၀
ပါနော့ပေါလစ်မြို့မှ ဇော့ဆီမော့စ်သည် အဂ္ဂိရတ်ပညာအကြောင်း အစောဆုံးသိရှိရသမျှ ကျမ်းစာများကို ရေးသားခဲ့၍ ၎င်းက ရေ၏ဖွဲ့စည်းပုံ၊ ရွေ့လျားမှု၊ တိုးပွားခြင်း၊ ဝိညာဉ်ကို ခန္ဓာကိုယ်မှ ဆွဲထုတ်ခြင်း၊ ခန္ဓာကိုယ်ထဲတွင် ပေါင်းစည်းချည်နှောင်ခြင်း စသည်တို့ကို လေ့လာသောဘာသာရပ်ဟု အနက်ယူခဲ့သည်။[၈]
ခရစ်နှစ် ၈၀၀
ဖန်တီးခြင်းဆိုင်ရာ လျှို့ဝှက်ချက် (အာရပ်:Sirr al-khalīqa) ကျမ်းစာသည် သဘာဝဒဿနအပေါ် ရေးသားထားသည့် စွယ်စုံကျမ်းလက်ရာတစ်ခုဖြစ်ကာ တိယန်နာမြို့မှ အပေါလိုနိယပ်စ် ရေးသည်ဟု မှားယွင်းစွာ သတ်မှတ်ခဲ့ဖူးသည်။ ထိုကျမ်းစာက သတ္တုအားလုံးသည် ဆာလဖာနှင့် ပြဒါးဓာတ်များကို အချိုးအစားအမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည်ဟု ကာလရှည်ကြာ ယူစွဲခဲ့သော အစောဆုံးသိရသမျှ မူပုံစံကို မှတ်တမ်းပြုစုထားသည်။[၉] ထိုကျမ်း၌ပင် မြစိမ်းရောင် ကမ္ပည်းကျောက်စာချပ်၏ အစောဆုံးမူပါရှိခဲ့ရာ[၁၀] ကျစ်လျစ်၍ နားလည်ရခက်ခဲသော ဂန္ဓာရီဆိုင်ရာစာသားများကို အိုက်ဆက် နယူတန်က ထင်မြင်သုံးသပ်ချက်ပေးခဲ့ဖူးသည်။[၁၁]
ခရစ်နှစ် ၈၅၀-၉၀၀
ဂျဲ့ဘား အီဘင်း ဟိုင်းယန် ရေးသည်ဟု မှတ်ယူဖွယ်ရှိသော အာရပ်စာပေလက်ရာများသည် ဓာတုဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်းများအပေါ် စနစ်တကျသရုပ်ခွဲခြင်းများကို စတင်မိတ်ဆက်ပေးခဲ့ပြီး ဆာလာအမိုးနိယက် (sal ammoniac) (သို့) အမိုးနီယမ် ကလိုရိုက် (ဇဝက်သာ) တို့ကဲ့သို့ အဇီဝ (inorganic) များကို ဇီဝပစ္စည်းများ (organic) ဖြစ်သည့် ဆံပင်၊ သွေး၊ အပင်များမှ ဓာတုနည်းဖြင့် မည်သို့ ထုတ်ဖော်ရကြောင်း လမ်းညွှန်ချက်များလည်း ပါဝင်ပေသည်။[၁၂]
ခရစ်နှစ် ၉၀၀
ပါရှားအဂ္ဂိရတ်ပညာရှင် မိုဟာမက် အီဘင်း ဇာကာရီးယာ အယ်လ် ရာဇီသည် ဆာလာအမိုးနိယက် (အမိုးနီယမ် ကလိုရိုက်) ၊ ဗစ်ထရီယော (Vitriol) ၊ ဆားတို့ကို သုံးစွဲ၍ ပေါင်းခံခြင်း စမ်းသပ်မှုများ ဆောင်ရွက်ခဲ့သည်။[၁၃] ကာလရှည်ကြာသော ဖြစ်စဉ်ထဲက ပထမအဆင့်ဟု ဆိုနိုင်ကာ ၁၃ ရာစု 'သတ္တုဓာတ် အက်ဆစ်များ' (mineral acids) ရှာဖွေတွေ့ရှိခြင်းကို ဦးဆောင်လမ်းပြနိုင်ခဲ့သည်။[၁၄]
ခရစ်နှစ် ၁၀၀၀
ပါရှားဒဿနဆရာများဖြစ်သော အယ်လ်ဘီရူနီ[၁၅] နှင့် အာဗီဆန်နာ[၁၆] တို့နှစ်ဦးသည် သတ္တုများအသွင်ပြောင်းခြင်း (သတ္တုတစ်မျိုးမှ အခြားတစ်မျိုးသို့ ပြောင်းသွားခြင်း) ဖြစ်နိုင်ချေရှိမှုကို ငြင်းပယ်ခဲ့ကြသည်။
ခရစ်နှစ် ၁၁၀၀-၁၂၀၀
ဝိုင် (အရက်) ကို ဆားနှင့်အတူ ပေါင်းခံခြင်းဖြင့် အီသနောလ် (aqua ardens; ​လောင်ကျွမ်းတတ်သောရေ) ထုတ်လုပ်ရန်အတွက် ပါဝင်ပစ္စည်းများသည် လက်တင် အဂ္ဂိရတ်စာပေများတွင် စတင်ပါဝင်လာခဲ့သည်။[၁၇]
ခရစ်နှစ် ၁၂၂၀
ရောဘတ် ဂရိုစတေးသည် အရစ္စတိုတယ်ဝါဒဆိုင်ရာ ရှင်းလင်းချက်မှတ်စုအချို့ကို ထုတ်ဝေခဲ့ရာ သိပ္ပံနည်းကျ နည်းလမ်း၏ အစောပိုင်းအခြေခံပုံစံကို ချမှတ်တင်ဆက်ခဲ့သညါ။[၁၈]
ခရစ်နှစ် ၁၂၅၀
တက်ဒေယို အာလ်ဒဲရော့တီက ခွဲထုတ်ပေါင်းခံစနစ် (fractional distillation) ကို စတင်ဖွဲ့ဖြိုးစေခဲ့၍ ၎င်းမတိုင်မီ ပုဂ္ဂိုလ်များထက် ပို၍ အကျိုးထိရောက်မှု ရှိခဲ့လေသည်။[၁၉]
ခရစ်နှစ် ၁၂၆၀
အဲလ်ဘာ့တပ်စ် မာ့ဂ်နပ်စ်သည် အာဆန်းနစ်ဓာတ်နှင့်[၂၀] ငွေနိုက်ထရိတ်ဓာတ်တို့ကို ရှာဖွေတွေ့ရှိခဲ့၏ ။[၂၁] ထို့အပြင် ဆာလဖျူရစ်အက်ဆစ်နှင့်ပတ်သက်၍လည်း အစောပိုင်း ရည်ညွှန်းကိုးကားစရာ စာပေများထဲက တစ်ခုကို ပြုစုခဲ့သေးသည်။[၂၂]
ခရစ်နှစ် ၁၂၆၇
ရော်ဂျာ ဘေကန်သည် အိုပပ်စ် မေးယပ်စ်ကို ထုတ်ဝေခဲ့ကာ အခြားအကြောင်းအရာများစွာထဲက သိပ္ပံနည်းကျ နည်းလမ်း၏ အစောဆုံးပုံစံတစ်ခုကို အဆိုပြုခြင်းပါဝင်၍ ယမ်းမှုန့် စမ်းသပ်ခြင်းဆိုင်ရာ ၎င်းတွေ့ရှိခဲ့သော ရလဒ်များလည်း ပါဝင်နေလေသည်။[၂၃]
ခရစ်နှစ် ၁၃၁၀
ဂျီဘာအမည်ခံယူ၍ ရေးသားသော အမည်မသိ အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်သော ဆူဒို ဂျီဘာသည် ဒြပ်၏ အလွန်သေးငယ်သော အခြေခံအမှုန် သဘောသဘာဝဆိုင်ရာ သရုပ်ပြဖော်ထုတ်ခြင်းများပါဝင်သော Summa perfectionis magisterii ဟူသော ကျမ်းကို ဖြန့်ချိခဲ့၍ ၁၇ ရာစုက ဒါနီယယ် ဇဲနတ်ကဲ့သို့သော ဓာတုဗေဒပညာရှင်များက ၎င်းတို့ခေတ်တွင် သုံးစွဲနေဆဲဖြစ်သည့် ကျမ်းစာတစ်စောင်လည်းဖြစ်သည်။[၂၄] ၎င်းသည် နိုက်ထရစ်အက်ဆစ်၊ အကွာ ရေးဂျီယာ (aqua regia, နိုက်ထရစ်အက်ဆစ်နှင့် ဟိုက်ဒရိုကလိုရစ်အရော) ၊ အကွာ ဖောတစ် (aqua fortis) တို့ကို ပထမဆုံး ဖော်ပြသူများထဲက တစ်ဦးဖြစ်သည်။[၂၅]
ခရစ်နှစ် ၁၅၃၀
ပါရာဆဲလ်ဆပ်စ်သည် အဂ္ဂိရတ်ပညာ၏ ဘာသာရပ်ခွဲဖြစ်သောဓာတုဆေးပညာကို ဖော်ထုတ်ခဲ့ကာ ဘဝသက်တမ်းကို ရှည်စေရန် ရည်ရွယ်ခဲ့ပြီး ခေတ်သစ်ဆေးဝါးလုပ်ငန်း၏ ဇာစ်မြစ်ဖြစ်လာခဲ့သည်။ ၎င်းသည် chemistry ဟူသော စကားလုံးကို စတင်သုံးစွဲသူဟုလည်း အများကဆိုကြသည်။[၈]
ခရစ်နှစ် ၁၅၉၇
အန်ဒရီးယတ်စ် လီဘာဗီရော့စ်သည် ဓာတုဗေဒ သင်ရိုးရှေ့ပြေးမူဖြစ်သည့် Alchemia ကို ထုတ်ဝေဖြန့်ချိခဲ့သည်။[၂၆]

၁၇-၁၈ ရာစုများ[ပြင်ဆင်ရန်]

၁၆၀၅
ဆာ ဖရန်စစ် ဘေကွန်သည် ပညာ ကျွမ်းကျင်တိုးတက်မှု ကျမ်းကို ထုတ်ဝေခဲ့ရာ နှောင်းကာလတွင် သိပ္ပံနည်းကျ နည်းလမ်းအဖြစ် သိရှိလာမည့် အကြောင်းအရာတို့၏ ဖော်ပြချက်ပါဝင်ခဲ့သည်။[၂၇]
၁၆၀၅
မိုက်ကယ် ဆန်ဒီဗိုးဂျီးယပ်စ်က အဂ္ဂိရတ်ပညာ အလင်းသစ် အမည်တွင်သည့် ကျမ်းသာကို ရေးသားပြုစုထုတ်ဝေခဲ့ပြီး ယင်းကျမ်းစာ၌ အောက်ဆီဂျင်ဟု နောက်ပိုင်းတွင် သတ်မှတ်ခဲ့သော လေထဲတွင် အသက်(ရှင်သန်ခြင်း)၏ အစာ ပါဝင်ကြောင်း အဆိုပြုခဲ့၏ ။[၂၈]
၁၇၁၅
ယွန်း ဘေ့ဂန်က အစောပိုင်းကျသော ဓာတုဗေဒ ပြဋ္ဌာန်းစာအုပ် Tyrocinium Chymicum ကို ဖြန့်ချိခဲ့၍ ပထမဆုံးသော ဓာတုဗေဒ ညီမျှခြင်းတစ်ခုကို ဆွဲသားတင်ပြထားခြင်း ပါဝင်ခဲ့လေသည်။[၂၉]
၁၆၃၇
ရနေး ဒေးကာ့ထုတ်ဝေသော နည်းလမ်းဆိုင်ရာကျမ်းစာ (Discours de la méthode) တွင် သိပ္ပံနည်းကျနည်းလမ်းဆိုင်ရာ အကြမ်းဖော်ပြထားမှုတစ်ခု ပါဝင်လာခဲ့သည်။[၃၀]
၁၆၄၈
ယန် ဘပ်တစ် ဗန် ဟဲလ်မွန့်Ortus medicinae စာအုပ်ကို ၎င်းသေလွန်ပြီးသောအခါ ထုတ်ဝေခဲ့ကြာရာ အချို့က အဂ္ဂိရတ်ပညာမှ ဓာတုဗေဒတို့ကြား အကူးအပြောင်းစာအုပ်၊ ရောဘတ် ဘွိုင်းလ် အပေါ် အလွန်တရာ ဩဇာသက်သော စာအုပ်တစ်အုပ် အဖြစ် ရည်ညွှန်းပြောဆိုခဲ့ကြပြီး စာအုပ်၌ ဒြပ်ထု တည်မြဲမှု နိယာမ၏ အစောပိုင်းမူတစ်ခုကို တည်ဆောက်ထားကာ အမျိုးမျိုး အစားစားသော လက်တွေ့စမ်းသပ်ချက်များ၏ ရလဒ်များလည်း ပါဝင်ခဲ့ပေ၏ ။[၃၁]
Title page of The Sceptical Chymist by Robert Boyle (1627–91)
၁၆၆၁
ရောဘတ် ဘွိုင်းလ်က The Sceptical Chymist ကို ဖြန့်ချိခဲ့သည်။ ထိုစာအုပ်သည် အဂ္ဂိရတ်ပညာနှင့် ဓာတုဗေဒတို့ကြား ကွဲပြားခြားနားမှုတို့ကို တင်ဆက်ရေးသားထားသည့် ကျမ်းစာအုပ်ဖြစ်သည့်အပြင် အက်တမ်မော်လီကျူးဓာတုဓာတ်ပြုမှုတို့နှင့် စပ်လျဉ်းသော ခေတ်သစ်အတွေးအခေါ် အယူအဆအချို့ပါဝင်ခဲ့ပြီး ခေတ်သစ်ဓာတုဗေဒဘာသာရပ် သမိုင်း၏ အစအဖြစ် အမှတ်သညာပြုသည့် စာအုပ်ပင်ဖြစ်သည်။[၃၂]
၁၆၆၂
ရောဘတ် ဘွိုင်းကပင် ဘွိုင်းလ်၏ နိယာမကို တင်ပြခဲ့၏ ။ ယင်းအဆိုသည် ဖိအားနှင့် ထုထည်တို့ကြား ဆက်သွယ်ပုံ၊ ဓာတ်ငွေ့တို့၏ လက်တွေ့စမ်းသပ်ချက် အခြေပြု သဘောသဘာဝများကို ဖော်ပြထားသည်။[၃၂]
၁၇၃၅
ဆွီဒင်ဓာတုဗေဒပညာရှင် ဂျော့ဂျ် ဘရန့်ဒ်က ကြေးနီသတ္တုရိုင်းတွင် နက်ပြာရောင်ချယ်ဆေးကို အသေးစိတ်လေ့လာမှုပြုခဲ့ကာ ထိုရောင်ချယ်ပစ္စည်းတွင် ဒြပ်စင်အသစ် ကိုဘော့လ်တ် ဟု နောင်တွင် အမည်တွင်လာမည့်အရာ ပါဝင်ကြောင်း တွေ့ရှိခဲ့သည်။[၃၃][၃၄]
၁၇၅၄
ဂျိုးဇက် ဘလက်သည် ကာဗွန်ဒိုင်အောက်ဆိုက်ကို သီးသန့်ခွဲခြားခဲ့ပြီး "လေသေ"ဟု ၎င်းက ခေါ်ဆိုခဲ့သည်။[၃၅]
၁၈ ရာစုက စံပြဓာတုဗေဒ ဓာတ်ခွဲခန်းတစ်ခု
၁၇၅၇
လူဝီ ခလို့ဒ် ကာဒဲ ဒါ ဂလက်ရှီခိုသည် အာဆန်းနစ်ဒြပ်ပေါင်းများကို လေ့လာမှုပြုစဉ် "ကာဒဲ အငွေ့ထွက် အရည်" (Cadet's fuming liquid) ကို ဖန်တီးခဲ့ပြီး ထိုအရာသည် နောင်တွင် ကာကိုဒိုင်းလ် (ကာကိုဒီလ်) အောက်ဆိုက်အဖြစ် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအောက်ဆိုက်သည် ပထမဆုံးအတုလုပ် အော်ဂန်နိုမက်တဲလစ် (organometallic) ဒြပ်ပေါင်းအဖြစ် ယူဆကြလေသည်။[၃၆]
၁၇၅၈
ဂျိုးဇက် ဘလက်ကပင် အဆင့်ကူးပြောင်းခြင်းနှင့် ပတ်သက်သော အပူဓာတုဗေဒကို ရှင်းလင်ပြသရန် အောင်းပူ အယူအဆကို ထုတ်ဖော်ပြသခဲ့သည်။[၃၇]
၁၇၆၆
ဟန်နရီ ကာဗန်ဒစ်ရှ်သည် မီးလောင်ကျွမ်းတတ်၍ လေတွင် ပေါက်ကွဲသတ္တိအဖြစ် ဖွဲ့စည်းထားသော အရောင်မဲ့၊ အနံ့မဲ့သည့် ဟိုက်ဒရိုဂျင်ကို ရှာဖွေနိုင်ခဲ့သည်။[၃၈]
၁၇၇၃–၁၇၇၄
ကားလ် ဗီဟိမ်း ရှေးလာနှင့် ဂျိုးဇက် ပရီးစ်လီတို့နှစ်ဦးသည် အောက်ဆီဂျင်ကို တသီးတခြား ရှာဖွေတွေ့ရှိနိုင်ခဲ့၍ ပရီးစ်လီက မီးမလောင်တတ်သောလေ (dephlogisticated air) ဟုခေါ်ဆိုကာ ရှေးလာကမူ မီးလေ ဟု ခေါ်ခဲ့ကြ၏ ။[၃၉][၄၀]

ကိုးကား[ပြင်ဆင်ရန်]

  1. Chemistry – The Central ScienceThe Chemistry Hall of Fame။ York University။ 28 August 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2021 တွင် ပြန်စစ်ပြီး။
  2. Kingsley, K. Scarlett and Richard Parry, "Empedocles" Archived 4 September 2021 at the Wayback Machine., The Stanford Encyclopedia of Philosophy (Summer 2020 Edition), Edward N. Zalta (ed.).
  3. Berryman၊ Sylvia (2004-08-14)။ "Leucippus"Stanford Encyclopedia of Philosophy။ Metaphysics Research Lab, CSLI, Stanford University။ 22 April 2012 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 2007-03-11 တွင် ပြန်စစ်ပြီး
  4. Berryman၊ Sylvia (2004-08-15)။ "Democritus"Stanford Encyclopedia of Philosophy။ Metaphysics Research Lab, CSLI, Stanford University။ 30 August 2006 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 2007-03-11 တွင် ပြန်စစ်ပြီး
  5. Hillar၊ Marian (2004)။ The Problem of the Soul in Aristotle's De anima။ NASA WMAP။ 9 September 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2021 တွင် ပြန်စစ်ပြီး။
  6. HISTORY/CHRONOLOGY OF THE ELEMENTS။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2021 တွင် ပြန်စစ်ပြီး။
  7. Sedley၊ David (2004-08-04)။ "Lucretius"Stanford Encyclopedia of Philosophy။ Metaphysics Research Lab, CSLI, Stanford University။ 27 August 2008 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 2007-03-11 တွင် ပြန်စစ်ပြီး
  8. ၈.၀ ၈.၁ Strathern၊ Paul (2000)။ Mendeleyev's Dream – The Quest for the Elements။ Berkley Books။ ISBN 978-0-425-18467-7
  9. Kraus, Paul 1942-1943. Jâbir ibn Hayyân: Contribution à l'histoire des idées scientifiques dans l'Islam. I. Le corpus des écrits jâbiriens. II. Jâbir et la science grecque. Cairo: Institut français d'archéologie orientale, vol. II, p. 1, note 1; Weisser, Ursula 1980. Das Buch über das Geheimnis der Schöpfung von Pseudo-Apollonios von Tyana. Berlin: De Gruyter, p. 199. On the dating and historical background of the Sirr al-khalīqa, see Kraus 1942−1943, vol. II, pp. 270–303; Weisser 1980, pp. 39–72. On the further history of this theory up to the eighteenth century, see Norris, John 2006. “The Mineral Exhalation Theory of Metallogenesis in Pre-Modern Mineral Science” in: Ambix, 53, pp. 43–65.
  10. Weisser 1980, p. 46.
  11. Isaac Newton. "Keynes MS. 28". The Chymistry of Isaac Newton. Ed. William R. Newman. June 2010.
  12. Stapleton, Henry E. and Azo, R. F. and Hidayat Husain, M. 1927. "Chemistry in Iraq and Persia in the Tenth Century A.D" in: Memoirs of the Asiatic Society of Bengal, vol. VIII, no. 6, pp. 317-418, pp. 338–340; Kraus, Paul 1942-1943. Jâbir ibn Hayyân: Contribution à l'histoire des idées scientifiques dans l'Islam. I. Le corpus des écrits jâbiriens. II. Jâbir et la science grecque. Cairo: Institut français d'archéologie orientale, vol. II, pp. 41–42.
  13. Multhauf၊ Robert P. (1966)။ The Origins of Chemistry။ London: Oldbourne။ pp. 141-142.
  14. Multhauf 1966, pp. 162-163.
  15. "An Introduction to Islamic Cosmological Doctrines. Conceptions of Nature and Methods Used for Its Study by the Ikhwan Al-Safa'an, Al-Biruni, and Ibn Sina by Seyyed Hossein Nasr" (1965). Speculum 40 (4): 744–746. doi:10.2307/2851429. 
  16. Robert Briffault (1938). The Making of Humanity, p. 196-197.
  17. Multhauf 1966, pp. 204-206.
  18. Herbermann၊ Charles, ed. (1913)။ "Robert Grosseteste" Catholic Encyclopedia။ New York: Robert Appleton Company။
  19. Holmyard၊ Eric John (1990)။ Alchemy။ Courier Dover Publications။ p. 288ISBN 978-0-486-26298-7
  20. Emsley၊ John (2001)။ Nature's Building Blocks: An A-Z Guide to the Elements။ Oxford: Oxford University Press။ pp. 43, 513, 529။ ISBN 978-0-19-850341-5
  21. Davidson၊ Michael W. (2003-08-01)။ Molecular Expressions: Science, Optics and You — Timeline — Albertus Magnus။ The Florida State University။
  22. Vladimir Karpenko, John A. Norris(2001), Vitriol in the history of Chemistry, Charles University
  23. Roger BaconMacTutor။ School of Mathematics and Statistics University of St Andrews, Scotland (2003)။ 7 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2021 တွင် ပြန်စစ်ပြီး။
  24. Newman, William R. 1985. “New Light on the Identity of Geber” in: Sudhoffs Archiv, 69(1), pp. 76-90; Newman, William R. 2001. "Experimental Corpuscular Theory in Aristotelian Alchemy: From Geber to Sennert" in: Christoph Lüthy (ed.). Late Medieval and Early Modern Corpuscular Matter Theories. Leiden: Brill, 2001, pp. 291-329; Newman, William R. 2006. Atoms and Alchemy: Chymistry and the Experimental Origins of the Scientific Revolution. Chicago: University of Chicago Press.
  25. Wikisource-logo.svg Ross၊ Hugh Munro (1911)။ "Alchemy § Literature of Alchemy" ။ in Chisholm၊ Hugh (ed.)။ Encyclopædia Britannica1 (11th ed.)။ Cambridge University Press။ p. 520။ Cite has empty unknown parameters: |HIDE_PARAMETER15=|HIDE_PARAMETER14c=|HIDE_PARAMETER14=|HIDE_PARAMETER9=|HIDE_PARAMETER3=|separator=|HIDE_PARAMETER4=|HIDE_PARAMETER2=|HIDE_PARAMETER8=|HIDE_PARAMETER20=|HIDE_PARAMETER14b=|HIDE_PARAMETER10=|HIDE_PARAMETER13=|HIDE_PARAMETER6=|HIDE_PARAMETER7=|HIDE_PARAMETER11=, နှင့် |HIDE_PARAMETER12= (အကူအညီ)
  26. From liquid to vapor and back: originsSpecial Collections Department။ University of Delaware Library။
  27. Asarnow၊ Herman (2005-08-08)။ Sir Francis Bacon: EmpiricismAn Image-Oriented Introduction to Backgrounds for English Renaissance Literature။ University of Portland။ 1 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 September 2021 တွင် ပြန်စစ်ပြီး။
  28. Sedziwój, Michalinfopoland: Poland on the Web။ University at Buffalo။ 2 September 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 September 2021 တွင် ပြန်စစ်ပြီး။
  29. Crosland, M.P. (1959). "The use of diagrams as chemical 'equations' in the lectures of William Cullen and Joseph Black". Annals of Science 15 (2): 75–90. doi:10.1080/00033795900200088. 
  30. Herbermann၊ Charles, ed. (1913)။ "René Descartes" Catholic Encyclopedia။ New York: Robert Appleton Company။
  31. Johann Baptista van HelmontHistory of Gas Chemistry။ Center for Microscale Gas Chemistry, Creighton University (2005-09-25)။
  32. ၃၂.၀ ၃၂.၁ You must specify title = and url = when using {{cite web}}.။ Chemical Achievers: The Human Face of Chemical Sciences။ Chemical Heritage Foundation (2005)။
  33. Georg Brandt first showed cobalt to be a new metal in: G. Brandt (1735) "Dissertatio de semimetallis" (Dissertation on semi-metals), Acta Literaria et Scientiarum Sveciae (Journal of Swedish literature and sciences), vol. 4, pages 1–10.
    See also: (1) G. Brandt (1746) "Rön och anmärkningar angäende en synnerlig färg — cobolt" (Observations and remarks concerning an extraordinary pigment — cobalt), Kongliga Svenska vetenskapsakademiens handlingar (Transactions of the Royal Swedish Academy of Science), vol.7, pages 119–130; (2) G. Brandt (1748) "Cobalti nova species examinata et descripta" (Cobalt, a new element examined and described), Acta Regiae Societatis Scientiarum Upsaliensis (Journal of the Royal Scientific Society of Uppsala), 1st series, vol. 3, pages 33–41; (3) James L. Marshall and Virginia R. Marshall (Spring 2003) "Rediscovery of the Elements: Riddarhyttan, Sweden," Archived 2010-07-03 at the Wayback Machine. The Hexagon (official journal of the Alpha Chi Sigma fraternity of chemists), vol. 94, no. 1, pages 3–8.
  34. Wang, Shijie (2006). "Cobalt—Its recovery, recycling, and application". Journal of the Minerals, Metals and Materials Society 58 (10): 47–50. doi:10.1007/s11837-006-0201-y. Bibcode2006JOM....58j..47W. 
  35. Cooper၊ Alan (1999)။ Joseph BlackHistory of Glasgow University Chemistry Department။ University of Glasgow Department of Chemistry။ 10 April 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2021 တွင် ပြန်စစ်ပြီး။
  36. Seyferth, Dietmar (2001). "Cadet's Fuming Arsenical Liquid and the Cacodyl Compounds of Bunsen". Organometallics 20 (8): 1488–1498. doi:10.1021/om0101947. 
  37. Partington၊ J.R. (1989)။ A Short History of Chemistry။ Dover Publications, Inc။ ISBN 978-0-486-65977-0
  38. Cavendish, Henry (1766). "Three Papers Containing Experiments on Factitious Air, by the Hon. Henry Cavendish". Philosophical Transactions 56: 141–184. The University Press. doi:10.1098/rstl.1766.0019. Bibcode1766RSPT...56..141C. 
  39. You must specify title = and url = when using {{cite web}}.။ Chemical Achievers: The Human Face of Chemical Sciences။ Chemical Heritage Foundation (2005)။
  40. Carl Wilhelm ScheeleHistory of Gas Chemistry။ Center for Microscale Gas Chemistry, Creighton University (2005-09-11)။