ဂျိုးဇက် ပရီးစ်လီ

ဝီကီပီးဒီးယား မှ
Joseph Priestley
FRS
Quarter-length portrait of a man in a black coat against a purple and blue curtain backdrop.
အဲလန် ရှာပဲလ်ဇ်၏ ပရီးစ်တ်လီ လက်ရာပုံ(1794)[၁]
မွေးဖွား24 March [O.S. 13 March] 1733
Birstall, Yorkshire, England
ကွယ်လွန်၆ ဖေဖော်ဝါရီ၊ ၁၈၀၄(1804-02-06) (အသက် ၇၀)
Northumberland, Pennsylvania, U.S.
အလုပ်အကိုင်
  • ဓာတုဗေဒပညာရှင်
  • သဘာဝဒဿနပညာရှင်
  • ဘာသာရေးပညာရှင်
  • သဒ္ဒါပညာရှင်
  • ကျောင်းဆရာ
ကျော်ကြားမှုအရင်းခံ
ရရှိသည့်ဆုများ
  • Fellow of the Royal Society (1766)[၂]
  • Copley Medal (1772)[၃]

ဂျိုးဇက် ပရီးစ်တ်လီ FRS (အင်္ဂလိပ်: Joseph Priestley, /ˈprstli/;[၄]; ၁၇၃၃ မတ် ၂၄ – ၁၈၀၄ ဖေဖော်ဝါရီ ၆) သည် အင်္ဂလိပ် ဓာတုဗေဒပညာရှင်၊ သဘာဝဒဿနပညာရှင်၊ ခွဲထွက်ရေးဝါဒီ၊ ဘာသာရေးပညာရှင်၊ သဒ္ဒါဆရာ၊ ကျောင်းဆရာ၊ လစ်ဘရယ် နိုင်ငံရေးသီအိုရီဆရာဖြစ်၍ လက်ရာပေါင်း (၁၅၀၀) ကျော် ထုတ်ဝေခဲ့သည်။ ၁၇၄၄ တွင် မာကျူရီအောက်ဆိုဒ်ကို သီးခြားခွဲခြားပြီးနောက် အပူပေးပြိုကွဲစေခြင်းဖြင့် အောက်ဆီဂျင်ကို တသီးတခြား ရှာဖွေတွေ့ရှိသူဟု ထင်မှတ်ခံရသူဖြစ်သည်။[၅] သို့သော် ဆွီဒင် ဓာတုဗေဒပညာရှင် ကားလ် ဗီဟိမ်း ရှေးလာသည်လည်း ထိုတွေ့ရှိကြောင်းကို ခိုင်ခိုင်မာမာဆိုခဲ့သော်လည်း ပရီးစ်တ်လီက စော၍ ၎င်း၏တွေ့ရှိချက်များကို ဖြန့်ချိခဲ့သည်။ ရှေးလာက ၁၇၇၂ ၌ ပိုတက်စီယမ် နိုက်ထရိတ်၊ မာကျူရီအောက်ဆိုဒ်၊ အခြားများစွာတို့ကို အပူပေးခြင်းဖြင့် တွေ့ရှိခြင်းဖြစ်သည်။[၆]

၎င်းဘဝတစ်လျှောက် ပရီးစ်တ်လီ၏ သိသာထင်ရှားသော သိပ္ပံဆိုင်ရာ ဂုဏ်ဒြပ်များသည် ၎င်း၏ ကာဗွန်နိတ်ရေ ဖန်တီးခြင်း၊ လျှပ်စစ်အကြောင်း ရေးသားချက်များ၊ ဓာတ်ငွေ့အချို့ကို ရှာဖွေတွေ့ရှိမှုများအပေါ်တွင် တည်မှီခဲ့ကာ နာမည်အကျော်ဆုံးသည်[၇] ထိုဓာတ်ငွေ့များတွေ့ရှိခြင်းဖြစ်ပြီး အောက်ဆီဂျင်ဓာတ်ငွေ့ကို "dephlogisticated air" (လောင်ကျွမ်းမီးလျှံလေ) ဟု အမည်ပေးသတ်မှတ်ခဲ့သည်။ ပရီးစ်တ်လီ၏ phlogiston theory ကို ခုခံကာကွယ်ရန် ခိုင်မာစွာဆုံးဖြတ်ခဲ့မှု၊ ဓာတုဗေဒ တော်လှန်ရေးဖြစ်ပေါ်လာမည့် ကိစ္စကို ငြင်းပယ်မှုများက ၎င်းအား သိပ္ပံဆိုင်ရာ လူမှုအဖွဲ့အစည်းနှင့် ကင်းကွာသွားစေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. McLachlan (1983), 28–30.
  2. List of Fellows of the Royal Society 1660 – 2007, K – Z။ The Royal Society။ 15 August 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 September 2021 တွင် ပြန်စစ်ပြီး။
  3. Copley archive winners 1799–1731။ The Royal Society။ 11 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 August 2019 တွင် ပြန်စစ်ပြီး။
  4. "Priestley" Archived 30 October 2014 at the Wayback Machine.: Collins English Dictionary – Complete & Unabridged 2012 Digital Edition.
  5. H. I. Schlesinger (1950)။ General Chemistry (4th ed.)။ p. 134။CS1 maint: multiple names: authors list (link)
  6. Kuhn, 53–60; Schofield (2004), 112–113. The difficulty in precisely defining the time and place of the "discovery" of oxygen, within the context of the developing chemical revolution, is one of Thomas Kuhn's central illustrations of the gradual nature of paradigm shifts in The Structure of Scientific Revolutions.
  7. Joseph Priestley, Discoverer of Oxygen National Historic Chemical Landmark (in en)။ 2021-05-21 တွင် ပြန်စစ်ပြီး။