လူဝီ ခလို့ဒ် ကာဒဲ ဒေ ဂလက်ရှီခို
| Louis Claude Cadet de Gassicourt | |
|---|---|
| မွေးဖွား | ၂၄ ဇူလိုင်၊ ၁၇၃၁ Paris, France |
| ဆုံးပါး | ၁၇ အောက်တိုဘာ၊ ၁၇၉၉ (အသက် ၆၈) ပြင်သစ်၊ ပဲရစ်မြို့ |
| နေထိုင်ရာ | ပြင်သစ် |
| နိုင်ငံလူမျိုး | ပြင်သစ် |
| နယ်ပယ် | ဓာတုဗေဒ |
| အဖွဲ့အစည်းဌာန | Hotel Royal des Invalides in Paris |
| မိခင်ကျောင်း | Collège des Quatre-Nations |
| ကျော်ကြားမှုအရင်းခံ | ပထမဆုံး အော်ဂန်နိုမက်တဲလစ်ဒြပ်ပေါင်းကို ဓာတုနည်းဖြင့် လုပ်ဆောင်နိုင်ခြင်း |
လူဝီ ခလို့ဒ် ကာဒဲ ဒေ ဂလက်ရှီခို (ပြင်သစ်: Louis Claude Cadet de Gassicourt) သည် ပြင်သစ် ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ပထမဆုံး အော်ဂန်နိုမက်တဲလစ်ဒြပ်ပေါင်းကို ဓာတုနည်းဖြင့် လုပ်ဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။
ပိုတက်စီယံ အက်စီတိတ်ကို အာဆန်းနစ် ထရွိုင်အောက်ဆိုဒ်နှင့် ဓာတ်ပြု၍ အနီရောင်အရည်ကို ရယူနိုင်ခဲ့သည်။ ထိုအရည်သည် Cadet's fuming liquid ဟု အသိများကာ ကာကိုဒိုင်းလ် (cacodyl; ကာကိုဒီလ်) ဒြပ်ပေါင်းနှင့် ကာကိုဒိုင်းလ်အောက်ဆိုဒ်တို့ ပါဝင်သည်။
လူဝီ ၁၅ ဘုရင်၏ (တရားဝင်မဟုတ်သော)ကိုယ်လုပ်တော်ဖြစ်သည့် Marie Thérèse Françoise Boisselet နှင့် ၁၇၇၁တွင် အိမ်ထောင်ပြုခဲ့သည်။
ကာဒဲသည် Collège des Quatre-Nations ကောလိပ်တွင် ပညာဆည်းပူးခဲ့ပြီး ပဲရစ်မြို့ရှိ Hotel Royal des Invalides (အဆောက်အအုံစုကြီး) တွင် ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာခဲ့သည်။ ၁၇၈၇ တွင် အမေရိကန် ဒဿနပညာရှင်များအဖွဲ့တွင် ရွေးချယ်ခံခဲ့ရသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Louis C. Cadet-Gassicourt။ American Philosophical Society။ 11 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 December 2020 တွင် ပြန်စစ်ပြီး။
| ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |