နိုက်ထရစ်အက်ဆစ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

နိုက်ထရစ်အက်ဆစ် (အင်္ဂလိပ်: Nitric acid; HNO3) သည် တိုက်စားနှုန်း အလွန်တရာမြင့်သော သတ္တုဓာတ် အက်ဆစ်တစ်မျိုးဖြစ်၍ လက်တင်ဖြင့် အကွာ ဖောတစ် (aqua fortis, ခွန်အားရှိသောရေ) ဟုလည်း ခေါ်ဝေါ်ကြသည်။

သန့်စင်သော အက်ဆစ်ဒြပ်ပေါင်းသည် အရောင်မဲ့သော်လည်း သက်တမ်းကြာသော နမူနာများတွင် နိုက်ထရိုဂျင် အောက်ဆိုဒ်နှင့် ရေအဖြစ်သို့ ပြိုကွဲခြင်းကြောင့် အဝါရောင်သမ်းတတ်သည်။ ဈေးကွက်တွင် ရနိုင်သော နိုက်ထရစ်အက်ဆစ်တွင် ရေ၌ ၆၈% ပြင်းအားပါဝင်သည်။ ပျော်ရည်သည် HNO3 ၈၆% ထက်ပိုမိုပါဝင်သည့်အခါ "အခိုးထွက် နိုက်ထရစ်အက်ဆစ်" (fuming) ဟု ရည်ညွှန်းလေ့ရှိသည်။ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် ပါဝင်မှုအပေါ်မူတည်၍ "အခိုးထွက် နိုက်ထရစ်အက်ဆစ်"ကိုပင် "အနီရောင် အငွေ့ထွက် နိုက်ထရစ်အက်ဆစ်" ဟု ခေါ်ကြပြီး ၈၆% အထက်ပါဝင်ကာ၊ "အဖြူရောင် အငွေ့ထွက် နိုက်ထရစ်အက်ဆစ်" သည် ၉၅% အထက် ပါဝင်သည်။

နိုက်ထရစ်အက်ဆစ်သည် နိုက်ထရိုအုပ်စုကို ဇီဝ(သဘာဝ) မော်လီကျူးတစ်ခုသို့ ပေါင်းစပ်လျှင်ဖြစ်ပေါ်လာသော ဓာတုဖြစ်စဉ် နိုက်ထရေးရှင်း (nitration) အတွက် အဓိက ဓာတ်စမ်းပစ္စည်းဖြစ်သည်။ အချို့သော ရရှိလာသည့် နိုက်ထရိုဒြပ်ပေါင်းများသည် လျှပ်စစ် နှင့် အပူကို လွန်စွာတုံ့ပြန်နိုင်သော ပေါက်ကွဲပစ္စည်းများဖြစ်သော်လည်း အနည်းငယ်သည် လက်နက်ခဲယမ်းနှင့် (အဆောက်အဦ) ဖြိုဖျက်ရာတွင် သုံးနိုင်လောက်သည်အထိ တည်ငြိမ်(တုံ့ပြန်မှုနည်း) သည်။ အခြားပုံစံများလည်းရှိသေးရာ မင်ဆိုးဆေးတို့ကဲ့သော ရောင်ခြယ်များ၌ အသုံးပြုနိုင်သည်အထိ ခိုင်မာသည်။ နိုက်ထရစ်အက်ဆစ်ကို ပြင်းထန်သော ဓာတ်တိုးခြင်း အကူပစ္စည်းအဖြစ်လည်းများစွာ အသုံးပြုကြ၏ ။

ကိုးကား[ပြင်ဆင်ရန်]