လူးခရီးရှပ်စ်

ဝီကီပီးဒီးယား မှ
တိုက်တပ်စ် လူးခရီးရှပ်စ် ကေးရပ်စ်
လူးခရီးရှပ်စ်၏ ကိုယ်တစ်ပိုင်းရုပ်တု
မွေးဖွားဘီစီ ၉၉ ဝန်းကျင်
ကွယ်လွန်ဘီစီ ၅၅ ဝန်းကျင်(အသက် ၄၄ ခန့်)
ခေတ်ဟဲလင်နစ်စတစ်ခေတ် ဒဿန
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)အဲပစ်ခယူးရပ်စ်ဝါဒ
အက်တမ်သဘောတရား
ရုပ်ဝါဒ
အဓိက စိတ်ဝင်စားရာ
ကိုယ်ကျင့်တရား၊ ရုပ်လွန်ပညာ၊ အက်တမ်သီအိုရီ[၁]

တိုက်တပ်စ် လူးခရီးရှပ်စ် ကေးရပ်စ် (အင်္ဂလိပ်: Titus Lucretius Carus /ˈttəs lˈkrʃəs/; ဘီစီ ၉၉-၅၅ ဝန်းကျင်) သည် ရှေးခေတ် ရောမကဗျာဆရာ၊ အတွေးခေါ်ပညာရှင်တစ်ဦးဖြစ်သည်။ ၎င်း၏တစ်ခုတည်းသော သိရသည့်လက်ရာမှာ ဒဿနဆိုင်ရာကဗျာဖြစ်သော "De rerum natura" ဖြစ်၍ ကဗျာသည် အဲပစ်ခယူးရပ်စ်ဝါဒ၏ ဒဿန၊ ယုံကြည်မှုနှင့်ဆိုင်သော ပညာပေးစာပေလက်ရာတစမခုဖြစ်သည်။ ထိုကဗျာကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြန်ဆိုမှုများကာ အမည်မှာ On the Nature of Things ဖြစ်သည်။ လူးခရီးရှပ်စ်ကို ခေတ်သုံးပိုင်းစနစ် (ကျောက်တေခ်၊ ကြေးခေတ်၊ သံခေတ်) ကို စတင်ခဲ့သောသူအဖြစ် ဂုဏ်ပြုကြပြီး ၁၈၃၆ ၌ စီ. ဂျေ. တောမ်ဆန်က တရားဝင် ဖြစ်စေခဲ့သည်။

လူးခရီးရှပ်စ်ဘဝနှင့်ပတ်သက်၍ သိရှိမှုကား မရှိသလောက်ပင်ဖြစ်ကာ တစ်ခုတည်းသော သေချာသည့်အချက်မှာ ၎င်းသည် ကဗျာဆရာ ဂေးယပ်စ် မမ်းမိယပ်စ် (Gaius Memmius) ၏ မိတ်ဆွေသော်လည်းကောင်း လူးခရီးရှပ်စ်ကို ကူညီစောင့်ရှောက်အားပေးသူသော်လည်းကောင်း ဖြစ်ခဲ့သည်။ လူးခရီးရှပ်စ်က ကဗျာကို ဂေယပ်စ် အမည်တပ်၍ ရည်ညွှန်းမှုပြုပေးခဲ့သည်။[၂]

De rerum natura သည် ဩဂတ်စတန်းခေတ် ကဗျာဆရာများအပေါ် ဩဇာညောင်းစေခဲ့ကာ အထူးသဖြင့် ဗားဂျစ်လ် နှင့် ဟောရစ် (Horace) တို့အပေါ်တွင်ဖြစ်လေသည်။[၃] အလယ်ခေတ်ကာလတွင် ထိုလက်ရာစာပေ ပျောက်ဆုံးခဲ့သည်။ သို့သော် ၁၄၁၇ ၌ ဂျာမနီရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် အီတလီပညာရှင် ပိုဂျို ဘရာလျိုလီနီက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အက်တမ်သဘောတရားဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အရေးပါသောကဏ္ဍမှပါဝင်ခဲ့သည့်အပြင်[၄] ခရစ်ယာန် မနုဿဝါဒသစ်တစ်ခုကို တည်ဆောက်ရန် ဉာဏ်ကွန့်မြူးသောခေတ် (Enlightenment era) ၏ အထင်ကရပုဂ္ဂိုလ်များစွာတို့၏ အားထုတ်ဆောင်ရွက်မှုအပေါ်တွင်လည်း အရေးပါအရာရောက်ခဲ့လေသည်။ လူးခရီးရှပ်စ်၏ သိပ္ပံဆိုင်ရာကဗျာ On the Nature of Things ၌ မြေမှုန်ကလေးများ၏ ဘရောင်နီယန်ရွေ့လျားမှု (Brownian motion) အကြောင်းကို စာအုပ်အမှတ် (၂) ပါ ကဗျာအပိုဒ် ၁၁၃-၁၄၀ တွင် သိသာသော ဖော်ပြထားချက်ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. LucretiusDe rerum natura, Book V, around Line 1200 ff.
  2. Melville & Fowler (2008), p. xii.
  3. Reckford, K. J. Some studies in Horace's odes on love
  4. Fisher၊ Saul (2009)။ "Pierre Gassendi"Stanford Encyclopedia of Philosophy။ 1 May 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 3 September 2021 တွင် ပြန်စစ်ပြီး