ဖရန်စစ် ဘေကွန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Francis Bacon
Somer Francis Bacon.jpg
Portrait of Bacon by Frans Pourbus (1617),
Palace on the Water in Warsaw
မွေးဖွား 22 January 1561
Strand, London, England
ကွယ်လွန် 9 April 1626 (aged 65)
Highgate, Middlesex, England
နိုင်ငံလူမျိုး English
မိခင်ကျောင်း Trinity College, Cambridge
University of Poitiers
ခေတ် English Renaissance, The Scientific Revolution
ဒေသ Western philosophy
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school) Renaissance Philosophy, Empiricism
အဓိက စိတ်ဝင်စားရာ
Natural philosophy
Philosophical logic
လက်မှတ်
Francis Bacon Signature.svg
The Right Honourable
The Viscount St Alban
PC KC
Lord High Chancellor of England
တာဝန်သက်တမ်း
1617–1621
ဧကရာဇ် James I
ယခင်လူ The Viscount Brackley
ဆက်ခံသူ In commission
Attorney General of England and Wales
တာဝန်သက်တမ်း
1613–1617
ဧကရာဇ် James I
ယခင်လူ Sir Henry Hobart
ဆက်ခံသူ Henry Yelverton
ကိုယ်ရေး အချက်အလက်များ
မွေးဖွား 22 January 1561
Strand, London, England
ကွယ်လွန် 9 April 1626 (aged 65)
Highgate, Middlesex, England
လူမျိုး English
မိခင်ကျောင်း University of Cambridge

၁၆ ရာစုအတွင်း ထင်ပေါ်ကျော်ကြားသည့် အင်္ဂလိပ်နိုင်ငံရေးသမား၊ တရားသူကြီး၊ ဒဿနိကပညာရှင်၊ စာရေးဆရာ စသည်ဖြင့် ကျော်ကြားသည့် ဖရန်စစ်ဘေကွန်အား ၁၅၆၁ခုနှစ်က လန်ဒန်မြို့တွင် ဖွားမြင်သည်။ မွေးချင်းများအနက် အငယ်ဆုံးဖြစ်ကာ ဖခင်ဖြစ်သူသည် အဲလိဇဘတ်ဘုရင်မကြီး၏ မင်းမှုထမ်းဖြစ်သည်။ ဘေကွန်အသက် ၁၂နှစ်အရွယ်တွင် ကိန်းဘရစ်ချ်ရှိ ထရီစိုတီကောလိပ်သို့ တက်ရောက်ခွင့်ရခဲ့ပြီး သုံးနှစ်အကြာတွင် မည်သည့်ဘွဲ့မျှမရဘဲ ကျောင်းမှ ထွက်ခဲ့သည်။ အသက်၁၆နှစ်မှစကာ အင်္ဂလန်သံတမန်လောကသို့ ဝင်ရောက်အမှုထမ်းသည်။ အသက်၁၈နှစ်တွင် ဖခင်ကွယ်လွန်သွားသဖြင့် ရရှိသည့်အမွေအနည်းငယ်မျှဖြင့် ဥပဒေကျောင်းတက်ခဲ့သည်။ အသက် ၂၀တွင် ရှေ့နေလိုက်ခွင့်ရသည်။

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

ထိုသို့ငယ်ရွယ်ထက်မြက်သည့် ဘေကွန်သည် အသက် ၂၃နှစ်အရွယ်တွင် ပါလီမန်အောက်လွှတ်တော်အမတ် ဖြစ်လာသည်။ အဆွေအမျိုးဩဇာဖြင့် လစာကောင်းရာထူးကြီးများ ရနိုင်သော်လည်း ကိုယ်တိုင်က ငြင်းပယ်၍သော်လည်းကောင်း၊ ဘုရင်မကထောက်ခံချက် မပေးသောကြောင့်လည်းကောင်း အသုံးအဖြုန်းကြီးသည့် ဘေကွန် ကြွေးပတ်လည်ဝိုင်းသည်။ သူကောင်းမျိုးများထဲမှ သူကဲ့သို့ပင် ငယ်ရွယ်ပြီး ထက်ထက်မြက်မြက်ရှိသည့် အက်ဆက်မြို့စားနှင့် ပနံသင့်ခဲ့သော်လည်း အက်ဆက်မြို့စားက ဘုရင်မအား နန်းလုရန်ကြံစည်မှုကို တားမြစ်သည်။ တားမြစ်၍မအောင်မြင်ဘဲ အက်ဆက်တော်လှန်သော် ရှုံးနှိမ့်ပြီး ခေါင်းဖြတ်စက်ဖြင့် စီရင်ခြင်းခံရသည်။ ထိုသို့အက်ဆက်အား ခေါင်းဖြတ်စက် အရောက်ပို့ရန် တက်တက်ကြွကြွလှုံဆော်သူမှာ ဘေကွန်ဖြစ်သဖြင့် လူအများမှ ကဲ့ရဲ့ခြင်းခံရသည်။ ၁၆၀၃ခုနှစ်တွင် ဘုရင်မ အဲလိဇဘတ်နတ်ရွာစံလျှင် ဘေကွန်သည် နန်းတက်လာသည့် ဘုရင်သစ် မထမဂျိမ်းစ်၏ အကြံပေးဖြစ်လာသည်။ ထိုမှ တရားရေးဖက်တွင်လည်း ရာထူးအဆင့်ဆင့်တက်လာကာ ၁၆၀၇ခုနှစ်တွင် ရှေ့နေချုပ်၊ ၁၆၀၁၃ခုနှစ်တွင် လွှတ်တော်ရှေ့နေချုပ်၊ ၁၆၁၈တွင် ဗြိတိန်တရားသူကြီးချုပ် ဖြစ်လာခဲ့သည်။ တစ်ဆက်တည်းတွင် ဘယ်ရွန်မြို့စားအဖြစ်လည်းကောင်း၊ ၁၆၂၁တွင် ဘိုင်းကောင့်မြို့စားအဖြစ်လည်းကောင်း ချီးမြှောက်ခံရသည်။ ထိုသို့ အတက်များဆက်ပြီးလျှင် အကျသို့ရောက်လေသည်။ မလိုသူတို့က ဘေကွန်အား လာဘ်စားကြောင်း တိုင်တန်းကြသည်။ ထိုခေတ်အချိန်က တရားလာရောက်ပြိုင်ဆိုင်သူတိုင်းက တရားသူကြီးအား တံစိုးလက်ဆောင်များ ပေးအပ်ကြမြဲဖြစ်သည်။ တရားမဝင်သည်မှာ မှန်သော်လည်း ထုံးတမ်းတစ်ရပ်ကဲ့သို့ဖြစ်နေသည်။ သို့သော် ဘေကွန်အား အာဏာလက်လွတ်ဖြစ်ရန် အကွက်ကောင်းစောင့်သူတို့အတွက်မူ မဟာအခွင့်အရေးကြီးဖြစ်သဖြင့် ဘေကွန်တစ်ယောက် ရာထူးမှ ဆင်းရသည်။ လန်ဒန်မျှော်စင်တွင် အချုပ်ခံရပြီး ဒဏ်ငွေကြီးပေးဆောင်ရသည်။ နောက်နောင်တွင် ပြည်သူ့ဝန်ထမ်းမဖြစ်စေရဟု တားမြစ်ခံရသည်။ ဘုရင်ဂျိမ်းစ်က ထောင်မှလွှတ်စေပြီး ဒဏ်ငွေများအား ပြန်ပေးသော်လည်း နိုင်ငံရေးသမားဘဝမှာမူ ရပ်စဲသွားခဲ့ပြီဖြစ်သည်။ အိမ်ထောင်ရှိသော်လည်း သားသမီး မထွန်းကားပေ။

စာပေနှင့် ဒဿနပညာရှင်ဘဝ[ပြင်ဆင်ရန်]

ဘေကွန်သည် သိပ္ပံပညာရှင် မဟုတ်သော်လည်း သိပ္ပံပညာနှင့် ဒဿနပညာရပ်များအတွက် ခေတ်သစ်သို့ ဦးတည်လာစေရန် လှုံဆော်ရေးသားပေးခဲ့သူ၊ ဦးဆောင်လမ်းပြခဲ့သူဖြစ်သည်။ ခေတ်ဟောင်းအစဉ်အလာအတိုင်း ဘာသာရေးယုံကြည်မှု ပြင်းထန်မှုများ ကြွင်းကျန်နေချိန်တွင် ဘေကွန်၏ စာစုများသည် အသစ်ထွင်လိုသူတို့အတွက် အားပေးစကားများ ဖြစ်ခဲ့သည်။ စူးစမ်းလေ့လာမှုများအား စိတ်ကူးယဉ်အနေအထားမှ လက်တွေ့အကျိုးဖြစ်ထွန်းသည်အထိ လုပ်ဆောင်စေရန် တိုက်တွန်းသည်။ ထိုသို့တိုက်တွန်းသည့်အနေဖြင့် ပြန်လည်ဆန်းသစ်ရေး အမည်ဖြင့် ကျမ်းပေါင်း ၆ စောင်တိတိ အတွဲလိုက်ထုတ်ဝေသည်။ ၁၆၀၅ခုနှစ်တွင် အသိပညာတိုးတက်ပုံ နှင့် ၁၆၂၀ခုနှစ်တွင် ကိရိယာသစ်များ အမည်ဖြင့် ကျမ်းနှစ်ကျမ်းကို နောက်ဆက်တွဲအနေဖြင့် ထုတ်ဝေသည်။ ဘေကွန်၏ စာများသည် လောကီထွန်းကားရေးကို အားပေးလွန်းသည်ဟု ဆိုကြသည်။ ဘေကွန်ကိုယ်တိုင်ကလည်း ဘာသာရေးတွင် အယူသည်းသူတစ်ယောက် မဟုတ်ပေ။ အစဉ်အလာအတိုင်း လုပ်ဆောင်မနေမှုများအား ဖောက်ထွက်စူးစမ်းရန်နှင့် လက်တွေ့အကျိုးခံစားရရေးတို့ကို တိုက်တွန်းအားပေးသူဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဘေကွန်ခေတ်နောက်ပိုင်းတွင် သိပ္ပံစမ်းသပ်မှုများနှင့် အခြားအနုပညာရပ်များတွင် အသစ်ဖန်တီးမှုများအား ဆက်ကာပြုလုပ်ကြသလို၊ ဒဿနသမားများကလည်း အတွေးသစ်အမြင်သစ်များဖြင့် ကြိုးပမ်းရှုမြင် တွေးခေါ်လာကြသည်။ သူ၏ဩဇာကို အသိအမှတ်ပြုသည့် အနေဖြင့် ၁၆၆၂ခုနှစ်တွင် လန်ဒန်တော်ဝင်သိပ္ပံအသင်းကြီးက ဘေကွန်အား ၎င်းတို့၏ရှေ့ဆောင်လမ်းပြအဖြစ် အသိအမှတ်ပြုသည်။ ဉာဏ်အလင်းခေတ်တွင် ပြင်သစ်နိုင်ငံမှ စွယ်စုံကျမ်းပြုစုသူများ ဖြစ်ကြသည့် ဒစ်ဒီရော့ (Dide rot) နှင့် ဒလမ်းဘတ်(d’Alenbert) တို့က ၎င်းတို့၏ ကျမ်းပြုစုရေးအား လှုံ့ဆော်သူမှာ ဘေကွန်ဖြစ်သည်ဟု ဂုဏ်ပြုခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်စွာ(၁၀၀)- ဒေါက်တာသန်းထွန်း