တပ်တောင်မြို့

ဝီကီပီးဒီးယား မှ
(တပ်တောင်ရွာ မှ ပြန်ညွှန်းထားသည်)
တပ်တောင်မြို့
တပ်တောင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တပ်တောင်မြို့
တပ်တောင်မြို့
တပ်တောင်မြို့ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 19°34′06″N 93°56′09″E / 19.5682°N 93.9358°E / 19.5682; 93.9358
နိုင်ငံ မြန်မာ
ပြည်နယ် ရခိုင်
ခရိုင်အမ်းခရိုင်
မြို့နယ်အမ်းမြို့နယ်
ဧရိယာ
 • စုစုပေါင်း၁.၉၇ စတုရန်းကီလိုမီတာ (၀.၇၆ စတုရန်းမိုင်)
လူဦးရေ (မတ် ၂၀၁၈)
 • စုစုပေါင်း၇၉၁၇

တပ်တောင်မြို့သည် မြန်မာနိုင်ငံရခိုင်ပြည်နယ်အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

တပ်တောင်မြို့ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၉၉/၂၀၁၅ ဖြင့် ဖွဲ့စည်းခဲ့သည်။ မြို့ဝန်ခေတ်က တပ်စွဲခဲ့၍ တပ်တောင်ဟု အမည်တွင်ခဲ့သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

တပ်တောင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၂၀ တွင် တည်ရှိသည်။ အမ်းချောင်းသည် တပ်တောင်မြို့အတွင်းတွင် အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဆင်းသည်။

တည်နေရာ[ပြင်ဆင်ရန်]

တပ်တောင်မြို့သည် အမ်းမြစ်ဝမှ ၇ မိုင်အကွာ လက်ဝဲကမ်းတွင် တည်ရှိသည်။ အမ်းမြို့မှ တောင်ဘက် ၂၆ မိုင်အကွာတွင် တည်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ်မှ ၂၀ ဒီဂရီ ၃၀ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၀ မိနစ်မှ ၉၃ ဒီဂရီ ၂၂ မိနစ်တို့အကြားတွင် တည်ရှိသည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

တပ်တောင်မြို့သည် အရှေ့မှ အနောက်သို့ ၂ မိုင်နှင့် တောင်မှ မြောက်သို့ ၁.၅ မိုင် ရှည်လျားသည်။ အကျယ်အဝန်းအနေဖြင့် ၀.၇၆၂ စတုရန်းမိုင် (၁.၉၇ စတုရန်း ကီလိုမီတာ) ရှိသည်။

နယ်နမိတ်[ပြင်ဆင်ရန်]

တပ်တောင်မြို့၏ အရှေ့ဘက်တွင် အမ်းမြို့နယ်ရှိ လောင်းဒုံကွင်းအုပ်စု၊ တောင်ဘက်တွင် ဖက်ချောင်းအုပ်စုတို့နှင့် လည်းကောင်း၊ အနောက်ဘက်တွင် ကင်းခြေအုပ်စုနှင့် မြောက်ဘက်တွင် တိုက်မော်အုပ်စုတို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

တပ်တောင်မြို့သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး ၃၈ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံး ၇ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။

လူနေမှု[ပြင်ဆင်ရန်]

တပ်တောင်မြို့၏ လူဦးရေမှာ ၂၀၁၈ မတ်လ စာရင်းအရ ၇၉၁၇ ဦးဖြစ်ပြီး ရခိုင်လူမျိုး အများစု ဖြစ်ကာ ချင်းနှင့် ကရင်လူမျိုးများလည်း နေထိုင်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

တပ်တောင်မြို့သည် စီးပွားရေးအချက်အချာကျသော ဒေသတွင် တည်ရှိသည်။ စီးပွားရေးအနေဖြင့် ကုန်ရောင်းကုန်ဝယ်၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။

ပညာရေး[ပြင်ဆင်ရန်]

တပ်တောင်မြို့တွင် အခြေခံပညာအထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၁ ကျောင်းနှင့် မူလတန်းကြိုကျောင်း ၁ ကျောင်းတို့ တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တပ်တောင်မြို့၏ ဒေသဆိုင်ရာ အချက်အလက်များတပ်တောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။ စက်တင်ဘာ ၂၀၁၈။ ၁၀ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး