အူဇီ
အူဇီ(အစ္စရေးဘာသာဖြင့်= עוזי ) စက်ကလေးသည် ၄င်း၏ သေးငယ် ပေါ့ပါးပြီး ပစ်အား ကောင်းမွန်ခြင်းကြောင့် ကမ္ဘာကျော်ခဲ့ သောသေနတ် ဖြစ်သည်။ အစ္စရေး နိုင်ငံမှ Uziel Gal က ၁၉၄ဝနှောင်းပိုင်း တွင် ဒီဇိုင်း ထုတ်ခဲ့ပြီး ၁၉၄၈တွင် အစ္စရေး ကာကွယ်ရေး ပစ္စည်းစက်ရုံက ထုတ်လုပ်ခဲ့သည်။
မာတိကာ |
[ပြင်ဆင်ရန်] နောက်ခံသမိုင်း
အူဇီအား ဗိုလ်ကြီး(နောင်တွင် ဗိုလ်မှူး) Uziel Galမှ ၁၉၄၈ အာရပ်-အစ္စရေး စစ်ပွဲ အပြီးတွင် စတင် ဒီဇိုင်း ဆွဲခဲ့သည်။ ထို့နောက် အရည်အသွေးအား အကဲဖြတ်ရန် အစ္စရေးစစ်တပ်သို့ တင်သွင်းခဲ့ သည်။ အူဇီ၏ ရိုးရှင်းသော ဒီဇိုင်းနှင့် ထုတ်လုပ်မှု စရိတ် သက်သာမှု တို့ကြောင့် အခြားသော ရှေးရိုး ဒီဇိုင်းများအား ကျော်ဖြတ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ Galသည် ထိုစက်ကလေးအား သူ၏ အမည် မပေးရန် တောင်းပန်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။ မကြာမီ ရှေးဦး မော်ဒယ်အား ၁၉၅၁တွင် လက်ခံခဲ့ပြီး ၁၉၅၆မှ စတင်ကာ အသုံးပြုခဲ့ရာ အောင်မြင်မှု များစွာ ရရှိခဲ့သည်။
[ပြင်ဆင်ရန်] အစ္စရေးစစ်တပ်တွင်းအသုံးပြုမှု
အစ္စရေးစစ်တပ်တွင် ရှေ့တန်းထွက်ရန် မလိုသော တပ်များ၊ အရာရှိများ၊ အမြှောက်တပ်သားများ၊ တင့်ကားတပ်သားများ အပြင် ရှေ့တန်းရောက် ချေမှုန်းရေး အထူးတပ်ဖွဲ့များ ပါအသုံးပြုသည်။ ၁၉၆ရခု ၆ရက်စစ်ပွဲအတွင်း အူဇီ၏ သေးငယ်ပေါ့ပါးမှု နှင့် ပစ်အားကောင်းမှု တို့ကြောင့် ဂျော်ဒန် တပ်များ၏ ဘန်ကာများနှင့် ဆီးရီးယားတို့၏ ခံစစ်စခန်း များကို ထိရောက်စွာ ဝင်ရောက်ရှင်းလင်း နိုင်ခဲ့သည်။ အစ္စရေးတပ်တွင် ၂၀၀၃ခုနှစ် မှစ၍ အူဇီ အသုံးပြုမှု ရပ်ဆိုင်းလိုက် သော်လည်း ပြည်တွင်း ပြည်ပအသုံးပြုမှု အတွက် ဆက်လက်ထုတ်လုပ် လျှက်ရှိသည်။
[ပြင်ဆင်ရန်] အူဇီမျိုးကွဲများ
- Mini Uzi
- Carbine
- Micro Uzi
- Micro Uzi Para
- Micro Uzi Pro
-
Uzi with suppressor.
-
Uzi and MP 40.
[ပြင်ဆင်ရန်] အသုံးပြုသည့်နိုင်ငံများ
အယ်ဂျီးရီးယား
အန်ဂိုလာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘယ်ဂျီယမ်
ဘူဂေးရီးယား
ချီလီ
ကိုလံဘီယာ
ကွန်ဂို
ခရိုအေးရှားနိုင်ငံ
ကျူးဘား
တရုတ်
အီကွေဒေါ
အယ်ဆာဗေဒိုး
အက်စ်တိုးနီးယား
အီသီရိုးပီးယား
ပြင်သစ်
ဂျာမနီနိုင်ငံ
ဂရိနိုင်ငံ
ဂွါတီမာလာ
ဟေတီ
အိန္ဒိယနိုင်ငံ
အင်ဒိုနီးရှားနိုင်ငံ
အိုင်ယာလန်သမ္မတနိုင်ငံ
အီရန်နိုင်ငံ
အစ္စရေးနိုင်ငံ
မက္ကဆီကို
မြန်မာနိုင်ငံ
နယ်သာလန်နိုင်ငံ
နီဂရားဂွား
နိုင်ဂျာ
နိုင်ဂျီးရီးယား
ပါရာဂွေးနိုင်ငံ
ပီရူး
ပေါ်တူဂီနိုင်ငံ
ဖိလစ်ပိုင်နိုင်ငံ
ရဝမ်ဒါ
တောင်အာဖရိကနိုင်ငံ
သီရိလင်္ကာနိုင်ငံ
ဆူဒန်နိုင်ငံ
ဆူရီနမ်
တိုင်ဝမ်
ထိုင်းနိုင်ငံ
တူရကီနိုင်ငံ
ယူဂန်းဒါး
ယူနိုက်တက်ကင်းဒမ်း
အမေရိကန်ပြည်ထောင်စု
ဥရုဂွေးနိုင်ငံ
ဗင်နီဇွဲလား
ဗီယက်နမ်နိုင်ငံ
[ပြင်ဆင်ရန်] အူဇီနှင့်မြန်မာ့တပ်မတော်
မြန်မာနိုင်ငံတွင် IMI၏ တရားဝင် လိုင်စင် ရယူကာ ကာကွယ်ရေး ပစ္စည်း စက်ရုံများ၌ BA 94 စက်ကလေးအမည်ဖြင့် ထုတ်လုပ်သည်။ အူဇီအား အထူးတပ်ဖွဲ့များ အစောင့်တပ်များ နှင့်ကိုယ်ရံတော်တပ်များ တွင်သာ အသုံးပြုလေ့ရှိသည်။