အီကွေဒေါနိုင်ငံ
| အီကွေဒေါ သမ္မတနိုင်ငံ | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - ဘုရားသခင်၊ ဇာတိမြေနှင့် လွတ်လပ်မှု | |||||
| နိုင်ငံတော်သီချင်း - Hail, Oh Homeland | |||||
| ပထဝီ |
|||||
| မြို့တော် | ကွီတိုမြို့ | ||||
| အကြီးဆုံးမြို့ | မြို့တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC -၅ နှင့် -၆ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတအုပ်ချုပ်ရေးစနစ် | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၁၁၉.၉၆၃ ဘီလီယံ [၁] (အဆင့် - ) | ||||
| GDP(PPP) | $၈,၃၂၇[၁] (အဆင့် - ) | ||||
| HDI | ▲၀.၆၉၅ (အမြင့်) (အဆင့် - ၇၇) | ||||
| ငွေ | အမေရိကန်ဒေါ်လာ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .ec | ||||
| Calling code | +51 | ||||
အီကွေဒေါနိုင်ငံ (တရားဝင်အခေါ်အားဖြင့် အီကွေဒေါသမ္မတနိုင်ငံ) သည် အီကွေတာ သမ္မတနိုင်ငံဟု အဓိပ္ပာယ်ရှိသော တောင်အမေရိကရှိ ကိုယ်စားပြု ဒီမိုကရက်တစ် သမ္မတနိုင်ငံ တစ်ခု ဖြစ်သည်။ မြောက်ဘက်တွင် ကိုလံဘီယာနိုင်ငံ၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် ပီရူးနိုင်ငံ နှင့် အနောက်ဘက်တွင် ပစိဖိတ် သမုဒ္ဒရာ တို့ ရှိကြသည်။ ထိုနိုင်ငံ နှင့် ချီလီနိုင်ငံ နှစ်နိုင်ငံသာလျှင် တောင်အမေရိတွင် ဘရာဇီးနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်မနေပဲ ရှိသည်။ ကုန်းမကြီး၏ အနောက်ဘက် ပစိဖိတ် သမုဒ္ဒရာ အတွင်း ကီလိုမီတာ ၁၀၀၀ခန့် (၆၂၀ မိုင်ခန့်) အကွာတွင် တည်ရှိသောသော ဂါလာပါဂိုး ကျွန်းများသည်လည်း နိုင်ငံ၏ နယ်နိမိတ် အတွင်းတွင် ပါဝင်သည်။
အီကွေဒေါနိုင်ငံသည် တောင်အမေရိကတိုက်၏ အနောက်ဘက်ကမ်းခြေတွင် မြောက်ဘက်၌ ကိုလုံးဗီးယားသမ္မတနိုင်ငံနှင့် တောင်ဘက်တွင် ပီရူးသမ္မတနိုင်ငံ များအကြား၌တည်ရှိသော သမ္မတနိုင်ငံဖြစ်သည်။ အီကွေတာ သည် ထိုနိုင်ငံကိုဖြတ်သွားခြင်းကြောင့် စပိန်လူမျိုးတို့က ထိုအမည်ကို ပေးထားခဲ့ခြင်းဖြစ်သည်။ အက်ကွာဒေါနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁ဝ၅၆၈၅ ခန့်ရှိ၍၊ လူဦးရေမှာ ၁၉၇၃ ခုနှစ် ခန့်မှန်းခြေအရ ၆၇၃ဝဝဝဝ ယောက်ဖြစ် လေသည်။
အီကွေဒေါနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဂွာယာကီးမြို့မှ အရှေ့မြောက်ဘက်သို့ မီးရထားဖြင့် ခရီးမိုင် ပေါင်း ၂၈၇ မိုင်သွားလိုက်လျှင် ထိုနိုင်ငံ၏မြို့တော်ဖြစ်သော ကီတိုးမြို့သို့ ရောက်ရှိသည်။ ထိုမြို့သည် အန်းဒီးတောင်တန်း၌ ပေ ၉ဝဝဝ အမြင့်တွင်တည်ရှိသည်။ အီကွေတာနှင့် ၁၅မိုင်ပင် မဝေးသော်လည်း တောင်မြင့်ပေါ်တွင်တည်ရှိခြင်းကြောင့် ထိုမြို့ သည် နွေကူးရာသီဥတုမျိုးကို အစဉ်ရရှိ သည်။ အီကွေဒေါနိုင်ငံကို ပထဝီဝင်သဘောအရ သုံးပိုင်းခွဲ ခြားနိုင်ရာ၊ (၁) ကမ်းမြောင်မြေနိမ့်ပိုင်း၊ (၂) အန်းဒီးကုန်းမြင့် များနှင့် (၃) အရှေ့ဘက်မြေနိမ့်ပိုင်းတို့ဖြစ်သည်။ ကမ်းမြောင်မြေနိမ့်ပိုင်းတွင် စိမ့်မြေအမြောက်အမြားနှင့် တောင်ကုန်းနိမ့်များရှိသည်။ ထိုမြေနိမ့်ပိုင်းတွင် ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့စီးဝင်သည့် မြစ်သုံးသွယ်ရှိရာ ဂွာယားမြစ်သည် အရေးအပါဆုံးမြစ် ဖြစ်လေသည်။
အင်ဒီးကုန်းပြင်မြင့်သည် အီကွေဒေါနိုင်ငံ၏အလယ် ပိုင်းတွင်တည်ရှိ၏။ အန်ဒီးတောင်တန်း နှစ်သွယ်ရှိရာ အရှေ့နှင့် အနောက်ဘက်တို့တွင် တောင်နှင့်မြောက်ယှဉ်ပြိုင်သွယ်တန်း တည်ရှိ၍ ထိုတောင်တန်းနှစ်သွယ်ကို ဆက်သွယ်ပေးထားသည့် တောင်ရိုးများတွင် မြေဩဇာကောင်းသော ချိုင့်ဝှမ်းများရှိသည်။ အရှေ့ဘက်မြေနိမ့်ပိုင်းသည် အန်ဒီးတောင်တန်း၏ တောင်ခြေများဖြစ်သည်။ ထိုမြေနိမ့်ပိုင်းတွင် မြစ်ချောင်း အမြောက်အများရှိ၍ ယင်းတို့သည် အမ္မဇုန်မြစ်ကြီးအတွင်းသို့ စီးဝင်ကြသည်။
အီကွေဒေါနိုင်ငံ၏ မြေဆီလွှာသည် ယေဘုယျအား ဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် သင့်လျော်သည်။ နိုင်ငံ၏အဓိကလုပ် ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ သို့သော် နိုင်ငံတစ်ဝန်း လုံး၏ ငါးဆယ်ရာခိုင်နှုန်း လျော့လျော့တွင်သာ စိုက်ပျိုးလုပ် ကိုင်လေသည်။ မြေဩဇာကောင်းမွန်သော ကမ်းမြောင်မြေနိမ့် ပိုင်းတွင် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် ကကေးအိုး၊ ကော်ဖီ၊ ကြံ၊ ဝါဂွမ်း၊ ငှက်ပျောနှင့်စပါး စသည်တို့ စိုက်ပျိုး သည်။ ပြည်တွင်းသုံးအတွက် ကောက်သီးကောက်နှံများကို လည်း ထိုကမ်းမြောင်မြေနိမ့်ပိုင်းတွင်လည်းကောင်း၊ အန်းဒီး ကုန်းပြင်မြင့်တွင်လည်းကောင်း၊ စိုက်ပျိုးလုပ်ကိုင်ရာ ယင်းတို့ အထဲတွင် ဂျုံ၊ မြင်းစားဂျုံ၊ ပြောင်း၊ မုယော၊ အာလူးနှင့် အခြားဟင်းသီးဟင်းရွက်ပင်များ ပါဝင်လေသည်။ အရှေ့ဘက် မြေနိမ့်ပိုင်းရှိ သစ်တောများမှထွက်သော ပစ္စည်းများတွင် ဖော့ အမြောက်အမြား၊ ကြက်ပါင်စေး၊ စင်ကိုးနား သစ်ခေါက်စသည် တို့ပါဝင်လေသည်။ သို့သော်လည်း စံနစ်တကျထုတ်လုပ်ခြင်း မပြုနိုင်သေးချေ။
အီကွေဒေါနိုင်ငံတွင် ရွှေ၊ ရေနံ၊ ငွေ၊ ကြေးနီ၊ ကန့် နှင့် ခဲ စသောတွင်းထွက်သတ္တု အခြေအမြစ်များရှိသည်။ သို့ သော် ရွှေနှင့် ရေနံတို့ကိုသာ အတော်အသင့် တူးဖော်လုပ်ကိုင် လျက်ရှိသည်။ သတ္တုတူးဖော်ခြင်းနှင့် စိုက်ပျိုးလုပ်ကိုင်ခြင်းတို့ ကို တိုးချဲ့မလုပ်ကိုင်နိုင်သေးခြင်းမှာ ကူသန်းသွားလာရေးတွင် ခက်ခဲခြင်းကြောင့်ဖြစ်သည်။ အီကွေဒေါနိုင်ငံလုံးတွင် မီး ရထားလမ်းမိုင်ပေါင်း ၈ဝဝကျော်နှင့် လမ်းကောင်းမိုင်ပေါင်း ၁၅ဝဝ ခန့်သာရှိသည်။ သို့ဖြစ်လေရာ အီကွေဒေါနိုင်ငံတွင် စက်မှုလုပ်ငန်း အနည်းငယ်သာ ရှိလေသည်။ အီကွေဒေါနိုင်ငံ၏ ထုတ်ကုန်များမှာ ကိုကိုး၊ ကော် ဖီ၊ ဆန်စပါး၊ ငှက်ပျောသီး၊ ပနားမား ဦးထုပ်နှင့် သစ်တော ထွက်ပစ္စည်းများ စသည်တို့ဖြစ်၍ သွင်းကုန်များမှာ စက်ကရိ ယာ၊ မော်တော်ယာဉ်များ၊ အထည်အလိပ်နှင့် စက္ကူတို့ဖြစ်လေ သည်။
အီကွေဒေါနိုင်ငံတွင် အသက် ၆ နှစ်နှင့် ၁၂ နှစ် အကြားရှိသောကလေးများကို မသင်မနေရစနစ်ဖြင့် ပညာကိုအခမဲ့ သင်ကြားပေးရန် ဥပဒေပြဌာန်းထားသည်။ သို့သော် အီကွေဒေါနိုင်ငံ၏လူဦးရေ ထက်ဝက်ခန့်သည် စာရေးစာဖတ်မတတ် ကြချေ။ ကီတိုး၊ ဂွာယာကီး၊ ကွင်ကား နှင့် လိုဂျာမြို့များတွင် တက္ကသိုလ်ကျောင်းများရှိသည်။ အီကွေဒေါနိုင်ငံသားများသည် များသောအားဖြင့် ဗရင်ဂျီ ဂိုဏ်းအယူဝါဒတွင် သက်ဝင်ယုံကြည်ကြသည်။ ယခု အီကွေဒေါနိုင်ငံ တည်ရှိရာ နယ်ပယ်ဒေသတွင် ယဉ်ကျေးမှု အဆင့်အတန်း အတော်အတန်မြင့်မားသော လူမျိုး တစ်မျိုး တိုင်းနိုင်ငံတည်ထောင်ကာ နေထိုင်သွားခဲ့ဖူးသည်။ ထို ရှေးဟောင်းနိုင်ငံကို အင်ကားလူမျိုးတို့သည် ၁၄၇ဝ ပြည့်နှစ်ခန့် ကတိုက်ခိုက်အောင်မြင်ခဲ့ရာ ထိုအချိန်တွင် ထိုနိုင်ငံ၏ သက် တမ်းသည် နှစ်ပေါင်း ၂ဝဝဝ ကျော်ပြီဟု ဆိုလေသည်။
၁၅၃၃ ခုနှစ်တွင် အင်းကားအင်ပိုင်ယာကို ဖရန်စစ္စကို ပီဇာရို ခေါင်းဆောင်သော စပိန်စစ်တပ်က တိုက်ခိုက်သိမ်းယူ လိုက်သောအခါတွင် ထိုနယ်သည် တောင်အမေရိကတိုက်တွင် စပိန်တို့၏ အရေးပါသော ပိုင်နက်နယ်ပယ် ဖြစ်လာလေသည်။ အီကွေဒေါသည် စပိန်တို့၏ လက်အောက်တွင် တိုးတက်ကြီး ပွားခဲ့၏။ အီကွေဒေါရှိ အင်ဒီးယန်းလူမျိုးတို့လည်း ခရစ်ယန် အယူဝါဒီများဖြစ်လာ၍ ဂျုံစိုက်ပျိုးခြင်း၊ ကျွဲနွားဝက်မွေးမြူခြင်း တို့ကိုလည်း တတ်သိနားလည်လာခဲ့ကြ၏။ ၁၈ဝ၉ ခုနှစ်မှ ၁၈၂၂ ခုနှစ်များ အတွင်းတွင် အီကွေဒေါပြည်သားများက စပိန်လူမျိုးတို့၏ အုပ်ချုပ်ခြင်းမှ လွတ်မြောက်ရန်ကြိုးစားခဲ့ကြ လေသည်။ ၁၈၂၂ ခုနှစ်တွင် တောင်အမေရိကတိုက်ကိုကယ် တင်ခဲ့သော ဆိုင်မွန်ဗိုလစ်ဗား၏ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ ဆန်တိုနီဟိုဇေးဆူကရေးက အီကွေဒေါပြည်ကို လွတ်မြောက် အောင် ဆောင်ရွက်ပေးခဲ့၏။
ဦးစွာ၌ အီကွေဒေါသည် ယခုအခါ ဗင်နီဇွဲလားနှင့် ကိုလုံးဗီယာ ဟုတွင်သော တိုင်းပြည်များနှင့် ပူးပေါင်းခဲ့၍ ထို ၁၈၂၂ ခုနှစ်တွင် မဟာကိုလုံးဗီးယားနိုင်ငံ၏ တစ်စိတ်တစ် ဒေသ ဖြစ်လာခဲ့ပြီးလျှင် ၁၈၃ဝ ပြည့်နှစ်တွင် လွတ်လပ်သည့် သမ္မတနိုင်ငံ ဖြစ်လာသည်။ ဗိုလ်ချုပ်မှူး ဟွမ် ဟိုဇေးဖလိုရီးမှာ အီကွေဒေါနိုင်ငံ၏ ပထမဆုံးသော သမ္မတဖြစ်သည်။ ကီတိုးမြို့မှာအီကွေဒေါနိုင်ငံ၏ မြို့တော်ဖြစ်၍ အခြားထင်ရှားသောမြို့များမှာ ကွင်ကား၊ ဂွာယာကီးနှင့် ရီးအိုး ဗန်ဗာမြို့များ ဖြစ်လေသည်။ [၂]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ Ecuador. International Monetary Fund. Retrieved on 2011-04-21။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)