ပါရာဂွေးနိုင်ငံ
| ပါရာဂွေး သမ္မတနိုင်ငံ | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - ငြိမ်းချမ်းရေးနှင့် တရားမျှတရေး | |||||
| နိုင်ငံတော်သီချင်း - "Paraguayans, Republic or Death" | |||||
| ပထဝီ |
|||||
| မြို့တော် | အဆွန်စီယုန်းမြို့ | ||||
| အကြီးဆုံးမြို့ | အဆွန်စီယုန်းမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC PET | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | စပိန်၊ ဂွာရာနီ | ||||
လူဦးရေ
|
|||||
| လူမျိုးများ | Paraguayan | ||||
| နိုင်ငံရေး | |||||
| အမျိုးအစား | စည်းမျဉ်းခံ သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | $၃၃.၃၀၆ ဘီလီယံ [၂] (အဆင့် - ) | ||||
| GDP(PPP) | $၅,၂၀၂[၂] (အဆင့် - ) | ||||
| HDI | ▲၀.၆၄၀ (အမြင့်)[၃] (အဆင့် - ၉၆) | ||||
| ငွေ | ဂွာရာနီ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .py | ||||
| Calling code | +၅၉၅ | ||||
ပါရာဂွေးနိုင်ငံ၏ တရားဝင်အမည်မှာ ပါရာဂွေးသမ္မတနိုင်ငံ ဖြစ်ပြီး တောင်အမေရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် အာဂျင်တီးနားနိုင်ငံ ၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် ဘရာဇီးနိုင်ငံ ၊အနောက်မြောက်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံ တို့က ဝန်းရံထားသည်။ ပါရာဂွေးနိုင်ငံသည် ပါရာဂွေးမြစ်၏ မြစ်ကမ်းနှစ်ဖက်စလုံးတွင် တည်ရှိပြီး ထိုမြစ်မှာ နိုင်ငံ၏ အလယ်ပိုင်းတွင် မြောက်မှတောင်သို့ ဖြတ်သန်း စီးဆင်းလျှက် ရှိသည်။ တောင်အမေရိက၏ အလယ်ပိုင်းတွင် ရှိသောကြောင့် တခါတရံတွင် အမေရိက ၏ နှလုံးသားဟု တင်စားခေါ်ဝေါ်ကြသည်။
၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၆.၃ သန်းခန့် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ အဆွန်စီယုန်းမြို့ ဖြစ်သည်။ ရုံးသုံးဘာသာစကားများမှာ စပိန်ဘာသာ နှင့် ဂွာရာနီ ဘာသာစကားတို့ ဖြစ်ကြပြီး တစ်နိုင်ငံလုံးတွင် ထိုဘာသာနှစ်မျိုးစလုံးကို ကျယ်ပြန့်စွာ သုံးစွဲကြသည်။ လူဦးရေ အများစုမှာ ဥရောပနှင့် တိုင်းရင်းသား သွေးနှောသူများ ဖြစ်ကြသည်။
၁၆ ရာစု ဥရောပသားတို့ မရောက်မီကတည်းကပင် ဂွာရာနီတို့သည် ပါရာဂွေးတွင် နေထိုင်လျှက် ရှိကြပြီး နောက်တွင် ပါရာဂွေးသည် စပိန် ကိုလိုနီအင်ပိုင်ယာ၏ တစိတ်တဒေသ ဖြစ်လာသည်။ ပါရာဂွေးသည် ၁၈၁၁ ခုနှစ်တွင် စပိန်မှ လွတ်လပ်ရေး ရခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12.
- ↑ ၂.၀ ၂.၁ Paraguay. International Monetary Fund. Retrieved on 2011-04-21။
- ↑ Human Development Report 2010. United Nations (2010). Retrieved on 5 November 2010။