ဝေါရင် ဂမားလီယယ်လ် ဟားဒင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝေါရင် ဂမားလီယယ်လ် ဟားဒင်
Warren Gamaliel Harding
Warren G Harding-Harris & Ewing.jpg


မွေးနေ့ ၂၊ နိုဝင်ဘာ၊ ၁၈၆၅
မွေးရပ် ကော်စီကာအိုဟိုင်းယိုးပြည်နယ်
ကွယ်လွန်နေ့ ၂၊ ဩဂုတ်၊ ၁၉၂၃
ကွယ်လွန်ရပ် ဆန်ဖရန်စစ္စကိုမြို့
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၂၉ဦးမြှောက်သမ္မတ
အလုပ်အကိုင် ဥပဒေပညာရှင်၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၉၁၃- ၂၊ ဩဂုတ်၊ ၁၉၂၃
ဒုတိယ သမ္မတ ခယ်လ်ဗင် ခူးလစ်ဂျ်
လွှဲအပ်သူ ဝုဒ်ရိုး ဝီလ်ဆင်
ဆက်ခံသူ ခယ်လ်ဗင် ခူးလစ်ဂျ်
နိုင်ငံသား USA.png အမေရိကန် နိုင်ငံ

ဝေါရင် ဂမားလီယယ်လ် ဟားဒင် (၁၈၆၅-၁၉၂၃) [ပြင်​ဆင်​ရန်​]

အမေရိကန်ပြည်ထောင်စု၏ ၂၉ဦးမြှောက် သမ္မတ ဟားဒင်ကို အိုဟိုင်းယိုးပြည်နယ်၊ ကော်စီကာဒေတွင် ၁၈၆၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂ရက်က ဖွားမြင်သည်။ မိဘများမှာ ဂျော့ချ် ထိုင်ရုန်းနှင့် ဖိဘီ အလစ်ဇဘတ် ဒစ်ဂါဆန် ဟားဒင် တို့ဖြစ်ကြသည်။ အိုဟိုင်းယိုးကောလိပ်တွင် ဥပဒေပညာသင်ယူခဲ့ပြီး ဒေသခံသတင်းစာတစ်စောင်အား ထုတ်ဝေသူအယ်ဒီတာအဖြစ် တည်ထောင်ခဲ့သည်။

နိုင်ငံရေးလောကသို့ ပထမဆုံးခြေလှမ်းအဖြစ် ၁၉၀၁-၁၉၀၄ခုနှစ်အတွင်း ပြည်နယ်လွှတ်တော်အမတ်အဖြစ်လည်းကောင်း၊ ထိုနောက် ၁၉၀၄-၁၉၀၆ခုနှစ်အတွင်း ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှုးအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၉၁၀တွင် ပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ် ဝင်ရောက် ယှဉ်ပြိုင်၍ရွေးချယ်ခံသော်လည်း ရှုံးနှိမ့်ခဲ့သည်။ ၁၉၁၄တွင် အမေရိကန်အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီး သပိတ်မှောက်ဆန့်ကျင်ရေးဥပဒေ၊ အမျိုးသမီးများ မဲပေးခွင့်ရရှိရေးတို့ကိုထောက်ခံခဲ့သည်။ နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ အမေရိကန်ပြည်ထောင်စု ပါဝင်ရေးကို ကန့်ကွက်ခဲ့သည်။

၁၉၂၀ရွေးကောက်ပွဲတွင် ရီပါပလီကန်ပါတီမှ သမ္မလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ သမ္မတဖြစ်လျှင် သွင်းကုန်ခွန်ပြင်ဆင်ခြင်းဥပဒေ၊ ဝင်ငွေခွန်လျော့ချခြင်းဥပဒေတို့ကို ပြဌာန်းနိုင်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီး အဲလ်ဘတ် ဘီဖောလ်မှာ အရှုပ်တော်ပုံတစ်ရပ်တွင်ပါဝင်ပတ်သတ်ခဲ့ပြီး ဟာဒင်း၏အစိုးရမှာလည်း ခြစားမှုများရှိခဲ့သည်ဟု စွပ်စွဲခံရသည်။

သမ္မတဘဝနှင့် အာလာစကားပြည်နယ်သို့ ခရီးလှည့်လည်ပြီး အပြန်တွင် ရုတ်တရက်နာမကျန်းဖြစ်၍ ဆန်ဖရန်စစ္စကိုမြို့သို့အရောက် ၂၊ ဩဂုတ်၊ ၁၉၂၃ခုနှစ်တွင် ကွယ်လွန်သည်။ ဟားဒင် ကွယ်လွန်လျှင် ဒုတိယသမ္မတဖြစ်သည့် ခယ်လ်ဗင် ခူးလစ်ဂျ်မှ သမ္မတအဖြစ် ဆက်ခံခဲ့သည်။