ဝီလီယံ ဟင်နရီ ဟယ်ရီဆန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝီလီယံ ဟင်နရီ ဟယ်ရီဆန်
William Henry Harrison
၁၇၉၂-၁၈၆၂
William Henry Harrison daguerreotype edit.jpg
မွေးနေ့ ၉၊ ဖေဖော်ဝါရီ၊ ၁၇၇၃
မွေးရပ် ဘာခလေ ဗာဂျီးနီးယားပြည်နယ်
ကွယ်လွန်နေ့ ၄၊ ဧပြီ၊ ၁၈၄၁
ကွယ်လွန်ရပ် ဝါရှင်တန် ဒီစီ
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ နဝမမြောက်သမ္မတ
အလုပ်အကိုင် ပြည်နယ်အုပ်ချုပ်ရေးမှုး၊ လွှတ်တော်အမတ်၊ အမေရိကန်သမ္မတ၊
ရာထူးသက်တမ်းကာလ ၄၊မတ်၊ ၁၈၄၁-၄၊ ဧပြီ၊ ၁၈၄၁
ဒုတိယ သမ္မတ ဂျွန် တေလာ
လွှဲအပ်သူ မာတင် ဗန် ဗျူရင်
ဆက်ခံသူ ဂျွန် တေလာ
နိုင်ငံသား USA.png အမေရိကန် နိုင်ငံ

နဝမမြောက် အမေရိကန်သမ္မတ ဝီလီယံ ဟင်နရီ ဟယ်ရီဆန်အား လူသိမများလှပေ။ သို့သော် ထင်ရှားသည့် အချက်သုံးချက်ရှိပေသည်။

  1. ခေတ်သစ် မဲဆွယ်စည်းရုံးပွဲများကို စတင်သူဖြစ်သည်။
  2. ရာထူးလက်ခံပွဲတွင် တစ်နာရီနှင့် ၄၅မိနစ်ကြာသည့် ဝေ့ဝေ့ဝိုက်ဝိုက်မာရသွန် မိန့်ခွန်းရှည်ကြီးကို မြွတ်ကြားခဲ့သည်။
  3. ထိုသို့ မိန့်ခွန်းရှည်ကြီးကို ချမ်းအေးလွန်းသည့် ရာသီဥတုကို အမှုမထားပဲ ပြောခဲ့ရာမှ အဆုတ်ရောင်ရောဂါရကာ တစ်လသာကြာသည့် သမ္မတသက်တမ်းကို အိပ်ရာပေါ်တွင် ဖြတ်သန်းခဲ့ခြင်း- တို့ဖြစ်ကြသည်။

ဘဝအစ [ပြင်​ဆင်​ရန်​]

လူချမ်းသာမိသားစုမှ ဆင်းသက်လာသည့် ဟယ်ရီဆင်သည် ဗာဂျီးနီးယားပြည်နယ်သားဖြစ်သည်။ ၁၇၇၃ တွင် မွေးဖွားခဲ့ပြီး ငယ်ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှုး၊ လွှတ်တော်အမတ် စသည်ဖြင့် တာဝန်များထမ်ဆောင်ကာ ၁၈၃၆တွင် သမ္မတအဖြစ် ဝင်အရွေးခံသော်လည်း ရှုံးနှိမ့်ခဲ့သည်။ သို့ဖြင့် နောက်လေးနှစ်အကြာတွင် တစ်ပြည်လုံးလှည့်လည်ကာ မဲဆွယ်မှုများပြုလုပ်ခဲ့သည်။ ထိုမဲဆွယ်ပွဲများတွင် တစ်ပီကာနူးတိုက်ပွဲတွင် သူ၏တိုက်ပွဲဝင်ခဲ့ခြင်းများကို ချဲ့ချဲ့ကားကား ပြောဆိုသည်။ သံအမတ်အဖြစ် ဘိုလီးဗီးယားသို့ ရောက်ခဲ့စဉ်က သူတင်ပြဖူးသည့် လွတ်လပ်မှုဖြင့် အပြည့်ဝဆုံး အစိုးရသည်သာ အခိုင်မာဆုံးအစိုးရ ဆိုသည့်အဆိုမျိုးကို လူထုအား ဟောပြောသည်။ ဝှစ်ပါတီက သူ့အား သမ္မတလောင်းအဖြစ် သတ်မှတ်လိုက်သည့်နောက်တွင် ဒုသမ္မတနေရာအတွက် ဗာဂျီးနီးယားနယ်သားပင်ဖြစ်သည့် ဂျွန် တေလာအား ခန့်ထားသည်။ ရွေးကောက်ပွဲဝင်ချိန်တွင် အသက် ၆၇နှစ်ရှိပြီဖြစ်၍ ထိုစဉ်က အသက်အကြီးဆုံး သမ္မတလောင်းများထဲတွင် စာရင်းဝင်ခဲ့သေးသည်။

သမ္မတ သက်တမ်း တစ်လတာ [ပြင်​ဆင်​ရန်​]

ရာထူးလက်ခံပွဲတွင် သုခမိန်ကြီးဟု ကျော်ဇောသည့် ဒင်နီယာ ဝက်ဘ်စတာ ရေးသားပေးသည့် မာရသွန်မိန့်ခွန်းရှည်ကြီးကို မိန့်ခွန်းချွေရာမှ အဆုတ်ရောင်ရောဂါဝင်ပြီး တစ်လအကြာ ၄၊ ဧပြီ၊ ၁၈၄၁တွင် အိမ်ဖြူတော်၌ပင် ကွယ်လွန်သည်။ သူကွယ်လွန်သောအခါမှ ပြဿနာစပါသည်။ သမ္မတကွယ်လွန်လှျင် သမ္မတအဖြစ် မည်သူ့ကိုတင်မြောက်ရမည်ဆိုသည့် အချက်မှာ ထိုစဉ်အချိန်ထိ ဖွဲ့စည်းပုံ ဥပဒေတွင် ပြဌာန်းထားရခြင်းမရှိသေးသဖြင့် အငြင်းပွားကြရသည်။ သို့သော် ဒုသမ္မတဖြစ်သူ ဂျွန် တေလာက ပြဿနာများကို ဖြေရှင်းပြီး သမ္မတအဖြစ် ရာထူးလွဲပြောင်းခံယူလိုက်သဖြင့် တာဝန်ထမ်းဆောင်ဆဲ သမ္မတကွယ်လွန်လှျင် ဒုသမ္မတက သမ္မတအဖြစ် ရာထူးဆက်ခံရသည့် အစဉ်လာသစ်တစ်ရပ် စတင်သွားသည်။

ကိုးကား [ပြင်​ဆင်​ရန်​]

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း